ယုံကြည်ချက် အတွက်တိုက်ပွဲဝင် ကတည်းက အသက် နဲ့ ခန္ဓာကို အဆုံးထိ တွေးပြီး စတေးရဲတဲ့ အကြောင်း ရဲရင့် ပြတ်သားစွာ ပြောလာတဲ့ နန်းဆုရတီစိုး

Posted on

ပရိသတ်ကြီးရေ.. နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ် ကြတဲ့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ထိပ်တန်းကနေ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်နော်..။ နန်းဆုလေးဟာ ယခု လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေ နဲ့အတူ ပူးပေါင်းကာ လူထုလှုပ်ရှားမှုတွေ မှာ အင်တိုက်အားတိုက်ကြိုးစား ပါဝင်နေသူလေးလည်း ဖြစ်ပါတယ်နော်..။

ကိုယ်တိုင် ကိုယ်ကျလမ်းပေါ်ထွက် လှုပ်ရှာ းမှုတွေ ပြုလုပ်နေသလို ပြည်သူတွေအတွက်လည်း အစားအသောက် အအေးဗူးတွေ နဲ့ ရေသန့်ဗူးတွေအပြင် အခြားလိုအပ်တာတွေကိုလည်း ပေးဝေလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်နော်..။ ဒီကနေ့လေးမှာ တော့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေ အသက်ပေး နေရတာတွေကို ယူကြုံးမရစွာနဲ့စိုးရိမ်ပူပန်ပြီး သူမကိုယ်တိုင်ကလည်း ယုံကြည်ချက်အတွက်တိုက်ပွဲဝင်ကတည်းက အသက်နဲ့ခန္ဓာကို အဆုံးထိတွေးပြီးစတေးရဲတဲ့အကြောင်း ရဲရင့်ပြတ်သားစွာ ပြောပြလာပါတယ်နော်..။

“UNက လူဘယ် နှစ်ယောက်သေမှ action ယူမှာလဲ သတ်မှတ်ထားတဲ့လူအရေအတွက်မပြည့်သေးလို့လား အဲ့ဒါဆို မြန်မြန်ပြည့်အောင် ငါ့ကိုလည်းလာသတ်ကြပါ ဒီပွဲကိုစဝင်ကတည်းက အသက်နဲ့ခန္ဓာအဆုံးထိတွေးပြီးသားမလို့ စတေးရဲပါတယ် How_Many_Dead_Bodies_UN_Need_To_Take_Action. .” ဆိုပြီး နန်းဆုလေးက ရေးသားပြောပြထားတာ ဖြစ်ပါတယ်နော်..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ ခိုင်မာပြတ်သားပြီး ရဲရင့်တဲ့ စိတ်ဓာတ်ကို လေးစားသဘောကျနေကြပြီး အားပေးထားကြတာလည်း တွေ့ရ ပါတယ်နော်..။

Photo Credit – Nansu Yati Soe’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *