ယုံကြည်ချက်တွေ အတွက် လှုပ်ရှား ပါဝင်ရင်း ကြွေလွင့် သွားတဲ့ သူရဲ ကောင်းတွေ ကို အလှူ ငွေများ လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

Posted on

မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေအများစုပါဝင်လှုပ်ရှားနေတဲ့ လူထု လှုပ်ရှားမှုကြီး ဟာဆိုရင် အချိန်ကာလအားဖြင့် တစ်လကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ အစပိုင်းမှာတော့ ပြည်သူအားလုံးက ရင်ထဲကဆန္ဒတွေကို ညီညီညာညာဟစ်ကြွေရင်း ငြိမ်းချမ်းစွာရှိနေခဲ့ပေမယ့် ခုချိန်မှာတော့ အပစ်အခတ်တွေ ဖြိုခွင်းမှုတွေ ဖမ်းဆီး ထိန်းသိမ်းခံရမှုတွေကို ပြည်သူတွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

အခုဆိုလည်း မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံအပြားမှာ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် သေဆုံး သူတွေများပြားခဲ့ရာ ဒဏ်ရာရရှိသူတွေလည်း ရှိနေခဲ့ပါတယ်။သေဆုံးသူတွေရဲ့ သတင်းတွေတက်လာတိုင်း ပြည်သူအားလုံးက သွေးသားမတော်စပ်ပေမယ့်လည်း မိသားစုနဲ့ထပ်တူ မျက်ရည်ကျကာ ကြေကွဲဝမ်းနည်းခဲ့ကြတာအမှန်ပါပဲနော်။ ကမ္ဘာတစ်ဝှမ်းကလည်း ဆိုးဝါးလွန်းတဲ့ ခုအခြေအနေတွေကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်အနုပညာရှင်တွေကလည်း တိုက်ပွဲမှာ အသက် ဆုံးရှုံး သွားတဲ့ သူရဲကောင်းတွေ ဒဏ်ရာရရှိသူတွေရဲ့မိသားစုတွေဆီကိုသွားရောက်ကာ အလှူငွေတွေလှူဒါန်းကာ ကူညီဖေးမခဲ့ကြတာလည်းလေးစားစွာတွေ့မြင်ရပါတယ်။အခုလည်းရွှေပိုးတစ်ယောက် မိတ်ဆွေတွေနဲ့စုပေါင်းကာ ကြွေလွင့်သွားတဲ့ အာဇာနည် သူရဲကောင်းတွေ ကို အလှူငွေများ လှူဒါန်းခဲ့ပြန်ပါတယ်။အလှူပုံလေးတွေနဲ့အတူ” ရွှေပိုးနှင့် မိတ်ဆွေများရဲ့ ကူငွေနှင့်ကိုအာကာဟိန်း ကူငွေများစုပေါင်းပြီး ကိုအာကာဟိန်းမှ အားလုံးကိုယ်စား သူရဲကောင်းမောင်လေးချစ်မင်းသူ အိမ်ကို သွားကူပေးခဲ့ပါတယ် မောင်လေး ကောင်းရာ သုဂတိလားပါစေ”ဆိုတဲ့စာလေးကိုဝေမျှထားရာပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Shwe Poe Eain Facebook Account

zawgyi

ျမန္မာႏိုင္ငံရဲ႕ မ်ိဳးဆက္သစ္လူငယ္ေတြအမ်ားစုပါဝင္လႈပ္ရွားေနတဲ့ လူထု လႈပ္ရွားမႈႀကီး ဟာဆိုရင္ အခ်ိန္ကာလအားျဖင့္ တစ္လေက်ာ္ၾကာခဲ့ၿပီျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ ျပည္သူအားလုံးက ရင္ထဲကဆႏၵေတြကို ညီညီညာညာဟစ္ေႂကြရင္း ၿငိမ္းခ်မ္းစြာရွိေနခဲ့ေပမယ့္ ခုခ်ိန္မွာေတာ့ အပစ္အခတ္ေတြ ၿဖိဳခြင္းမႈေတြ ဖမ္းဆီး ထိန္းသိမ္းခံရမႈေတြကို ျပည္သူေတြအေနနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

အခုဆိုလည္း ျမန္မာႏိုင္ငံရဲ႕ ေနရာေဒသအႏွံအျပားမွာ ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ ေသဆုံး သူေတြမ်ားျပားခဲ့ရာ ဒဏ္ရာရရွိသူေတြလည္း ရွိေနခဲ့ပါတယ္။ေသဆုံးသူေတြရဲ႕ သတင္းေတြတက္လာတိုင္း ျပည္သူအားလုံးက ေသြးသားမေတာ္စပ္ေပမယ့္လည္း မိသားစုနဲ႔ထပ္တူ မ်က္ရည္က်ကာ ေၾကကြဲဝမ္းနည္းခဲ့ၾကတာအမွန္ပါပဲေနာ္။ ကမာၻတစ္ဝွမ္းကလည္း ဆိုးဝါးလြန္းတဲ့ ခုအေျခအေနေတြကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနခဲ့တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္အႏုပညာရွင္ေတြကလည္း တိုက္ပြဲမွာ အသက္ ဆုံးရႈံး သြားတဲ့ သူရဲေကာင္းေတြ ဒဏ္ရာရရွိသူေတြရဲ႕မိသားစုေတြဆီကိုသြားေရာက္ကာ အလႉေငြေတြလႉဒါန္းကာ ကူညီေဖးမခဲ့ၾကတာလည္းေလးစားစြာေတြ႕ျမင္ရပါတယ္။အခုလည္းေ႐ႊပိုးတစ္ေယာက္ မိတ္ေဆြေတြနဲ႔စုေပါင္းကာ ေႂကြလြင့္သြားတဲ့ အာဇာနည္ သူရဲေကာင္းေတြ ကို အလႉေငြမ်ား လႉဒါန္းခဲ့ျပန္ပါတယ္။အလႉပုံေလးေတြနဲ႔အတူ” ေ႐ႊပိုးႏွင့္ မိတ္ေဆြမ်ားရဲ႕ ကူေငြႏွင့္ကိုအာကာဟိန္း ကူေငြမ်ားစုေပါင္းၿပီး ကိုအာကာဟိန္းမွ အားလုံးကိုယ္စား သူရဲေကာင္းေမာင္ေလးခ်စ္မင္းသူ အိမ္ကို သြားကူေပးခဲ့ပါတယ္ ေမာင္ေလး ေကာင္းရာ သုဂတိလားပါေစ”ဆိုတဲ့စာေလးကိုေဝမွ်ထားရာျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit : Shwe Poe Eain Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *