ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိပြီး အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆို ဖျော်ဖြေတတ်သလို သွယ်လျတဲ့ သူမရဲ့ခန္ဓာကိုယ် အချိုးအစားလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဖက်ရှင်လေးတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားခဲ့သူလေ းကတော့ ဆိုဖီယာပဲ ဖြစ်ပါတယ်။
သူမဟာ ခုဆိုရင်နေ့စဉ်တိုင်းလိုလို ပြည်သူတွေ နဲ့အတူ လမ်းမထွက်ကာ မမောမပန်းနိုင်ဘဲ ရှေ့ကနေ ဦးဆောင်ကာ တက်တက်ကြွကြွ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေကလည်းလေးစားနေရတာပါ။အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ တတ်နိုင် သလောက်ပါဝင်လှူဒါန်းလေ့ရှိတဲ့ ဆိုဖီယာ ကတော့ လူထူလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကိုလည်း စားသောက်ဖွယ်ရာတွေ မကြာခဏလှူလေ့ရှိတာဖြစ်ပါတယ်။
အခုလည်း ယုံကြည်ချက်တွေနဲ့နေပူထဲ လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ပြည်သူတွေကို အစားအသောက်များစွာ ရက်ရက်ရောရော ကိုယ်တိုင်ဝေငှခဲ့ပြန်ပါတယ်။ ဒါ့အပြင် မနက်ဖန်မှာလည်း ပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်ရန် အားအင်အပြည့်ဖြစ်နေကြောင်းကိုလည်း “မနက်ဖြန် အတွက် အားအင် အပြည့်ပဲဟေး ကိုနိုင်တဲ့ဘက်က စဖို့ ready ပဲ Self-Defense က အရမ်း အရေးကြီးပါတယ် ကာကွယ် ပါ စည်းလုံးပါ မဖြစ်မနေ ထွက်ပါ”စာလေးကိုဝေမျှခဲ့ပါတယ်။ ဆိုဖီယာရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးရင်း ပြည်သူအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်ချက်တွေအမြန်ပြည့်ဝပါစေဆုတောင်းပေးလိုက်ပါတယ်။
Source & Photo Credit : Sophia Everest Facebook Account
zawgyi
ပရိသတ္ႀကီးေရ ဆြဲေဆာင္မႈရွိၿပီး အသံပါဝါေကာင္းေကာင္းနဲ႔ သီခ်င္းေကာင္းေလးေတြကို သီဆို ေဖ်ာ္ေျဖတတ္သလို သြယ္လ်တဲ့ သူမရဲ႕ခႏၶာကိုယ္ အခ်ိဳးအစားေလးနဲ႔ လိုက္ဖက္လြန္းတဲ့ ဖက္ရွင္ေလးေတြေၾကာင့္လည္း ပရိသတ္ေတြၾကား ေရပန္းစားခဲ့သူေလ းကေတာ့ ဆိုဖီယာပဲ ျဖစ္ပါတယ္။
သူမဟာ ခုဆိုရင္ေန႔စဥ္တိုင္းလိုလို ျပည္သူေတြ နဲ႔အတူ လမ္းမထြက္ကာ မေမာမပန္းႏိုင္ဘဲ ေရွ႕ကေန ဦးေဆာင္ကာ တက္တက္ႂကြႂကြ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တာေၾကာင့္ ျပည္သူပရိသတ္ေတြကလည္းေလးစားေနရတာပါ။အလႉအတန္းေတြမွာလည္း လက္မေႏွးဘဲ တတ္ႏိုင္ သေလာက္ပါဝင္လႉဒါန္းေလ့ရွိတဲ့ ဆိုဖီယာ ကေတာ့ လူထူလႈပ္ရွားမႈျပဳလုပ္ေနၾကတဲ့ ျပည္သူေတြကိုလည္း စားေသာက္ဖြယ္ရာေတြ မၾကာခဏလႉေလ့ရွိတာျဖစ္ပါတယ္။
အခုလည္း ယုံၾကည္ခ်က္ေတြနဲ႔ေနပူထဲ လႈပ္ရွားမႈေတြ ျပဳလုပ္ေနတဲ့ျပည္သူေတြကို အစားအေသာက္မ်ားစြာ ရက္ရက္ေရာေရာ ကိုယ္တိုင္ေဝငွခဲ့ျပန္ပါတယ္။ ဒါ့အျပင္ မနက္ဖန္မွာလည္း ျပည္သူေတြနဲ႔အတူလမ္းေပၚထြက္ကာ လႈပ္ရွားမႈျပဳလုပ္ရန္ အားအင္အျပည့္ျဖစ္ေနေၾကာင္းကိုလည္း “မနက္ျဖန္ အတြက္ အားအင္ အျပည့္ပဲေဟး ကိုႏိုင္တဲ့ဘက္က စဖို႔ ready ပဲ Self-Defense က အရမ္း အေရးႀကီးပါတယ္ ကာကြယ္ ပါ စည္းလုံးပါ မျဖစ္မေန ထြက္ပါ”စာေလးကိုေဝမွ်ခဲ့ပါတယ္။ ဆိုဖီယာရဲ႕ပုံေလးေတြကိုျပန္လည္မွ်ေဝေပးရင္း ျပည္သူအားလုံးလည္းေဘးအႏၲရာယ္ကင္းရွင္းၿပီး ယုံၾကည္ခ်က္ေတြအျမန္ျပည့္ဝပါေစဆုေတာင္းေပးလိုက္ပါတယ္။
Source & Photo Credit : Sophia Everest Facebook Account