ယာဉ်တိုက် မှု တစ်ခု ကြောင့် ကွယ်လွန် သွားခဲ့ရတဲ့ မေသစ္စာမောင် ရဲ့ ရင့်နင့် စရာ နောက်ဆုံး ခရီးပုံရိပ်များ

Posted on

မေသစ္စာမောင် ကတော့ ဇွန်လ (၇) ရက် နေ့ ညပိုင်းမှာ ရန်ကုန်မြို့ အင်းယားလမ်း မီးပွိုင့် မှာ ကား accident ဖြစ်ကာ ရုတ်တရက် ကွယ် လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမ အပြင်ရောက်နေစဉ် အိမ်က ခွေးလေး ကလေးမွေးနေပြီဖြစ်တဲ့ အတွက် ရရာ taxi ကို ဌားပြီး အိမ်ပြန် အလာ လမ်းမှာ မီးပွိုင့် မိနေစဉ် တစ်ဖက် ယာဉ်ကြောမှ လာတဲ့ လမ်းကနေ သူ့ဘက် အခြမ်းကို ဖြတ်တိုက်ခဲ့တာကြောင့် ဒဏ်ရာ အပြင်းအ ထန်ရကာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သူမ ကွယ်လွန်သွားတဲ့ အတွက် ပရိသတ် တွေ သာမကဘဲ အနုပညာရှင်များကပါ ဝမ်းနည်းကြေကွဲနေကြတာ ပါ။ အားလုံးကလည်း စိတ်မ ကောင်း ဖြစ်မိကြောင်း သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေထက်မှာ ဖော်ပြကြတာလည်းတွေ့ရပါတယ်။ ငယ်ရွယ်လှပပြီး အရည်အချင်း ရှိသူလေး မို့ အားလုံးက နှမျောတသ ဖြစ်နေကြတာပါ။

ယနေ့ ဇွန်လ (၉) ရက်နေ့ မှာတော့ သူမရဲ့ နောက်ဆုံး ခရီးလေးကို ချစ်ခင်ရတဲ့ မိသားစု အပေါင်းအသင်းမိတ်ဆွေတွေ ၊ ပရိသတ်တွေ လိုက် ပါပို့ဆောင်ကြတာတွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် မေသစ္စာမောင်ရဲ့ နောက်ဆုံး ခရီးပုံရိပ်တွေကို ဝေမျှပေးရင်း ကောင်းရာ သုဂတိ လား ပါစေ ဆုတောင်းပေး လိုက်ပါတယ်။

Credit – Cele Zone

Photo – Make Up Jewel Hlaing

zawgyi

ေမသစၥာေမာင္ ကေတာ့ ဇြန္လ (၇) ရက္ ေန႔ ညပိုင္းမွာ ရန္ကုန္ၿမိဳ႕ အင္းယားလမ္း မီးပြိဳင့္ မွာ ကား accident ျဖစ္ကာ ႐ုတ္တရက္ ကြယ္ လြန္သြားခဲ့တာျဖစ္ပါတယ္။ သူမ အျပင္ေရာက္ေနစဥ္ အိမ္က ေခြးေလး ကေလးေမြးေနၿပီျဖစ္တဲ့ အတြက္ ရရာ taxi ကို ဌားၿပီး အိမ္ျပန္ အလာ လမ္းမွာ မီးပြိဳင့္ မိေနစဥ္ တစ္ဖက္ ယာဥ္ေၾကာမွ လာတဲ့ လမ္းကေန သူ႔ဘက္ အျခမ္းကို ျဖတ္တိုက္ခဲ့တာေၾကာင့္ ဒဏ္ရာ အျပင္းအ ထန္ရကာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

သူမ ကြယ္လြန္သြားတဲ့ အတြက္ ပရိသတ္ ေတြ သာမကဘဲ အႏုပညာရွင္မ်ားကပါ ဝမ္းနည္းေၾကကြဲေနၾကတာ ပါ။ အားလုံးကလည္း စိတ္မ ေကာင္း ျဖစ္မိေၾကာင္း သူတို႔ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာေတြထက္မွာ ေဖာ္ျပၾကတာလည္းေတြ႕ရပါတယ္။ ငယ္႐ြယ္လွပၿပီး အရည္အခ်င္း ရွိသူေလး မို႔ အားလုံးက ႏွေမ်ာတသ ျဖစ္ေနၾကတာပါ။

ယေန႔ ဇြန္လ (၉) ရက္ေန႔ မွာေတာ့ သူမရဲ႕ ေနာက္ဆုံး ခရီးေလးကို ခ်စ္ခင္ရတဲ့ မိသားစု အေပါင္းအသင္းမိတ္ေဆြေတြ ၊ ပရိသတ္ေတြ လိုက္ ပါပို႔ေဆာင္ၾကတာေတြ႕ရပါတယ္ ။ ပရိသတ္ႀကီးအတြက္ ေမသစၥာေမာင္ရဲ႕ ေနာက္ဆုံး ခရီးပုံရိပ္ေတြကို ေဝမွ်ေပးရင္း ေကာင္းရာ သုဂတိ လား ပါေစ ဆုေတာင္းေပး လိုက္ပါတယ္။

Credit – Cele Zone

Photo – Make Up Jewel Hlaing

Leave a Reply

Your email address will not be published. Required fields are marked *