ယမန်နေ့ ညမှာ ပဲ ကား ACCIDENT ဖြစ်ကာ ကွယ်လွန်သွား ခဲ့တဲ့ LGBT အလှမယ်လေး မေသစ္စာမောင်

Posted on

Transgender အလှမယ်တစ်ယောက် အနေနဲ့ လူသိများ ထင်ရှားတဲ့ မေသစ္စာမောင်ကို ပရိသတ်ကြီးသိကြမယ်ထင်ပါတယ်။ သူမဟာ ငယ်ရွယ်လှပတဲ့ LGBT အလှမယ်လေး တစ်ဦးဖြစ်တာကြောင့် လူချစ်လူခင်ပေါများတဲ့သူလေး တစ်ယောက်ပါ။ ငယ်ရွယ်နုပျိုမှုတွေနဲ့ အတူ အောင်မြင်မှုတွေပါ ရရှိထားတဲ့ မေသစ္စာမောင်က ယမန်နေ့ ဇွန်လ(၇)ရက်နေ့ညမှာတော့ ကား accidentဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မေသစ္စာမောင်က အပြင်ရောက်နေတုန်းအချိန်လေးမှာ သူမရဲ့ ခွေးလေး မီးဖွားခါနီးဖြစ်နေတယ်လို့ သိရတဲ့အတွက် ရရာ Taxi ငှားကာအိမ်ပြန်လာစဉ် မီးပွိုင့်မိနေတုန်း အချိန်လေးမှာ တစ်ဖက်လမ်းကြောက ကားကနေ ၀င်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် မေသစ္စာမောင် အပါအ၀င် Taxiသမား လင်မယားနှစ်ဦးလည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့တယ်လို့သိရပါတယ်….။

အခုလို ငယ်ရွယ်လှပတဲ့ အချိန်လေးမှာ အကြွေစောသွားခဲ့တဲ့ အတွက် အနုပညာ ရှင် အသိုင်းအဝိုင်းက မိတ်ဆွေတွေလည်း ဖြေမဆည်နိုင်အောင် ၀မ်းနည်းနေကြရတာပါ။ မေသစ္စာမောင် ရဲ့ သူငယ်ချင်းတွေကိုယ်တိုင်လည်း ဒီသတင်းကြောင့် မယုံနိုင်ဖြစ်နေကြပြီး ၀မ်းနည်းနေကြတာလည်း ဖြစ်ပါတယ်။ မေသစ္စာမောင် တစ်ယောက်လည်း ကောင်းရာဘုံဘ၀ရောက်ပါစေလို့ ဆုတောင်းပေးရင်း ပရိသတ်တွေ အတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader

zawgyi

Transgender အလွမယ္တစ္ေယာက္ အေနနဲ႔ လူသိမ်ား ထင္ရွားတဲ့ ေမသစၥာေမာင္ကို ပရိသတ္ႀကီးသိၾကမယ္ထင္ပါတယ္။ သူမဟာ ငယ္႐ြယ္လွပတဲ့ LGBT အလွမယ္ေလး တစ္ဦးျဖစ္တာေၾကာင့္ လူခ်စ္လူခင္ေပါမ်ားတဲ့သူေလး တစ္ေယာက္ပါ။ ငယ္႐ြယ္ႏုပ်ိဳမႈေတြနဲ႔ အတူ ေအာင္ျမင္မႈေတြပါ ရရွိထားတဲ့ ေမသစၥာေမာင္က ယမန္ေန႔ ဇြန္လ(၇)ရက္ေန႔ညမွာေတာ့ ကား accidentျဖစ္ကာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ေမသစၥာေမာင္က အျပင္ေရာက္ေနတုန္းအခ်ိန္ေလးမွာ သူမရဲ႕ ေခြးေလး မီးဖြားခါနီးျဖစ္ေနတယ္လို႔ သိရတဲ့အတြက္ ရရာ Taxi ငွားကာအိမ္ျပန္လာစဥ္ မီးပြိဳင့္မိေနတုန္း အခ်ိန္ေလးမွာ တစ္ဖက္လမ္းေၾကာက ကားကေန ၀င္တိုက္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ယာဥ္တိုက္မႈေၾကာင့္ ေမသစၥာေမာင္ အပါအ၀င္ Taxiသမား လင္မယားႏွစ္ဦးလည္း ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရတဲ့သူေတြလည္း ရွိခဲ့တယ္လို႔သိရပါတယ္….။

အခုလို ငယ္႐ြယ္လွပတဲ့ အခ်ိန္ေလးမွာ အေႂကြေစာသြားခဲ့တဲ့ အတြက္ အႏုပညာ ရွင္ အသိုင္းအဝိုင္းက မိတ္ေဆြေတြလည္း ေျဖမဆည္ႏိုင္ေအာင္ ၀မ္းနည္းေနၾကရတာပါ။ ေမသစၥာေမာင္ ရဲ႕ သူငယ္ခ်င္းေတြကိုယ္တိုင္လည္း ဒီသတင္းေၾကာင့္ မယုံႏိုင္ျဖစ္ေနၾကၿပီး ၀မ္းနည္းေနၾကတာလည္း ျဖစ္ပါတယ္။ ေမသစၥာေမာင္ တစ္ေယာက္လည္း ေကာင္းရာဘုံဘ၀ေရာက္ပါေစလို႔ ဆုေတာင္းေပးရင္း ပရိသတ္ေတြ အတြက္ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Photo credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *