ယနေ့ ဧပြီလ (၆) ရက် နေ့ မနက် အစောပိုင်း မှာ ဖမ်းဆီးခံ လိုက်ရတဲ့ ဟာသ လူရွှင်တော် ဦးဇာဂနာ

Posted on

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားတဲ့ အနုပညာရှင် စာရင်း ထဲ မှာ ဟာသ သရုပ်ဆောင် ဇာဂနာ တစ်ယောက် ပါဝင်ခြင်း မရှိပေမယ့် ဖမ်းဆီးခံလိုက် ရပြီလို့ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်အစောပိုင်းမှာ သရုပ်ဆောင် ဇာဂနာကို စစ်ကောင်စီက ဖမ်းဆီး သွားခဲ့ပါတယ်။

သရုပ်ဆောင် ဇာနာရဲ့ နေအိမ် ဖြစ်တဲ့ ၁၆၆ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ကို စစ်ကား ၂ စီးဖြင့် ရောက် ရှိ လာပြီး ခေါ်ဆောင် သွားခဲ့တာပါ။

ဟာသသရုပ်ဆောင် ငှက်ပြောကြော် က သူ့ ရဲ့ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ “ဇာဂနာပါသွားပီ…..” လို့ ရေးသား အသိပေးထား ပါသေးတယ်။

Credit ; Shwe Yaung Myanmar

zawgyi






Leave a Reply

Your email address will not be published. Required fields are marked *