ယနေ့တွင် ယခင်နေ့တွေထက် တနိုင်ငံ လုံး အနှံ့အပြား
စစ်အားဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေ ကြသော လူများ
သိန်းနှင့်ချီ အဆမတန် များပြားစွာ စုစည်းလျှက် ရှိပြီး
သပိတ်လမ်းကြောင်းကြီးအတိုင်း ချီတက်လျှက် ရှိကြပါသည်။
အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းအများစုသည် CDM
လှုပ်ရှားမှုတွင် ပိုမို ပါဝင်လှုပ်ရှားကြပြီး
ဝန်ထမ်းများ မလာသဖြင့် ဘဏ်လုပ်ငန်းများမှာလည်း မလည်ပတ်နိုင်ကြောင်း သိရှိရပါသည်။
လူထုလှုပ်ရှားမှုတွေနဲ့ အတူ တိုင်းရင်းသား
လက်နက်ကိုင် TLNA ကလည်း အတူရပ်တည်ကြောင်း သူတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာက ထုတ်ဖော် လာပါသည်။
ထို့ပြင် ငြိမ်းချမ်းစွာ ဆန္ဒပြသော မြန်မာနိုင်ငံ သည်
နိုင်ငံပေါင်းစုံက ဆန္ဒပြပွဲတွေနဲ့ ယှဉ်ရင်
အများကြီး ပိုစည်းကမ်းရှိကြသည်ကို တွေ့ရှိ ရပါသည်။
ဘယ်ရဲကိုမှ ရန်မလုပ်ဘူး၊
ဘယ်ကားကိုမှ မီးမရှို့ဘူး။
ဘယ်အဆောက်အဦ ကိုမှ မဖျက် ဆီးဘူး။
တကယ့်ကို ဂုဏ်ယူ ဖွယ်ရာ အေးချမ်စွာ
ဆန္ဒပြသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် နောက်ဆုံး ဆန္ဒပြပွဲ အပြီး အမှိုက်သိမ်း သွားသည်ကအစ Generation Z တို့၏ ပညာရှိမှု၊
စည်းစနစ်ရှိမှုကို မြင်တွေ့ခဲ့ကြရပါသည်။
zawgyi