ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အား သုံးခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းများနှင့် ဖိနှိပ်မှုမျိုးစုံလုပ်ဆောင်နေမှုများကို ကျွန်ုပ်တို့ တွေ့မြင်နေရပါသည်။
ပြည်သူလူထု၏ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်များကို ကန့်သတ်ချုပ်ချယ်မှုများ၊ အရပ်ဘက် ပြည်သူ များအား တိုက်ခိုက်မှုများ၊ ရိုဟင်ဂျာလူမျိုးစုများအား မျိုးတုန်းသတ်ဖြတ်မှုဟု အမှန်အကန်ခေါ်ဆိုခဲ့သည်ချိုးဖောက်မှုအပါအဝင်
လူနည်းစုများအား တာဝန်ခံမှုမရှိ ပြင်းထန်သည့် ချိုးဖောက်မှုများ စသည့် ကျူးလွန် ချိုးဖောက်မှု များစွာ ဆက်လက်ရှိနေပါသည်။ ဖရိုဖရဲကသောင်းကနင်းအခြေအနေသို့ ဦးတည်နေ ပါသည်။
မြန်မာစစ်တပ်ဖိနှိပ်မှုများကို ချက်ချင်း ရပ်တန့်ရန် ကျွန်ုပ် ယနေ့ တောင်းဆိုပါသည်။ ဖမ်းဆီး ထိန်းသိမ်းထား သူများအား လွှတ်ပေးပါ။ အကြမ်းဖက်မှုများကို အဆုံးသတ်ပေးပါ။
လူ့အခွင့်အရေး များနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သည့် ပြည်သူတို့၏ ဆန္ဒကို လေးစားပါ။ ကျွန်ုပ်တို့ ခေတ်မီ တိုးတက်သည့်ကမ္ဘာတွင် အာဏာသိမ်းမှုများအတွက် နေရာမရှိပါ။
လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို ကျွနုပ်ကြိုဆိုပါသည်။ သင်တို့၏ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် ကတိပြုပါသည်။
ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြသော
မြန်မာနိုင်ငံ ပြည်သူပြည်သားများအား ကျွန်ုပ် အပြည့်အဝ ထောက်ခံအားပေးပါသည်။
crd
zawgyi
crd