ယနေ့၊ နေ့လယ်(၁၂)နာရီ တွင် အောက်ဆီဂျင် ရှူနေရင်း သားလေးရဲ့လက်ပေါ်မှာတင် ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်၊ လူရွှင်တော်ဦးမေတ္တာ

Posted on

လူရွှင်တော်၊သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာ ကတော့ ပရိသတ်တွေ ကို သူ့ရဲ့အနုပညာ စွမ်းရည်တွေနဲ့ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။ဦးမေတ္တာက ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အငြိမ့်တွေမှာလည်း ပြက်လုံးများစွာနဲ့ ပရိသတ်တွေကို ရယ်မောစေခဲ့တာဖြစ်ပါတယ်။ ဦးမေတ္တာရဲ့ မိသားစုဘဝလေးကလည်း ပျော်ရွှင်စရာအပြည့်နဲ့တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

ဦးမေတ္တာရဲ့ သား မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ရဲ့အနုပညာအမွေကို ဆက်ခံပြီး အနုပညာအလုပ်များစွာကို လုပ်ကိုင်နေသူဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် မေတ္တာမြင့်မြတ်ဟိန်းက ပရဟိတအလုပ်တွေမှာလည်းစွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ ပြည်သူတွေကိုလည်း ကူညီပေးရင်း နေမကောင်းဖြစ်နေတဲ့ဖခင်ကိုလည်း ကြိုးကြိုးစားစား ပြုစုစောင့်ရှောက်ပေးတာဖြစ်ပါတယ်။ဒီနေ့ ဩဂုတ်လ (၂)ရက်နေ့၊နေ့လယ်(၁၂)နာရီမှာတော့ ဦးမေတ္တာကွယ်လွန်သွားတဲ့သတင်းကို စိတ်မကောင်းစွာကြားသိခဲ့ရပါတယ်။

ဦးမေတ္တာကတော့ အောက်ဆီဂျင်ရှူနေရင်းနဲ့ပဲ သားလေးရဲ့ လက်ပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ ဦးမေတ္တာကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း အရမ်းဝမ်းနည်းနေကြသလို အနုပညာအသိုင်းအဝိုင်းနဲ့မိတ်ဆွေတွေကလည်း စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ အနုပညာရှင်တွေထဲက တစ်ယောက်ပြီးတစ်ယောက်ကြွေလွင့်နေရတဲ့သတင်းတွေကို ကြားသိနေရပြီး ဒီနေ့မှာကွယ်လွန်သွားတဲ့ ဦးမေတ္တာအတွက်လည်း အရမ်းဝမ်းနည်းမိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Myittar Myint Myat Hein’s Fb acc

Leave a Reply

Your email address will not be published. Required fields are marked *