ယနေ့မှာ ကွယ်လွန် သွားခဲ့တဲ့ MYANMAR IDOL (SEASON 1)ရဲ့ ပြိုင်ပွဲဝင်ဟောင်း တစ်ဦး ဖြစ်တဲ့ အဆိုတော်ဇော်မင်းဦး

Posted on

ပရိသတ်ရေ Myanmar Idol ပြိုင်ပွဲဝင် ဇော်မင်းဦး ကိုတော့ ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ ဇော်မင်းဦးကတော့ Myanmar Idol Season (1) မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Myanmar Idol ပြိုင်ပွဲကြီးရဲ့( Season 1 ) ပြိုင်ပွဲဝင် ဇော်မင်းဦးက တစ်ယောက် မသေဆုံးခင်ယခင်က မမှတ်မိနိုင်လောက်အောင် ပြောင်းလဲ သွားခဲ့တာကြောင့် ပရိသတ်တွေသို့လောသို့လောဖြစ်နေရပါသေးတယ်နော်။

ဇော်မင်းဦးဟာ Myanmar Idol (season 1)တုန်းက အကောင်းဆုံး ယဉ်ပြိုင် ခဲ့ပြီး ပရိသတ်အားပေးမှုရခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ winner မဖြစ်ခဲ့ပေမယ့် အိမ်ပြန်လမ်းမှာ ပရိသတ်အားပေးမှုကိုတခဲနက်ရရှိခဲ့သူလည်းဖြစ်ပါတယ်။#Myanmar Idol မှ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့ အဆိုတော် ဇော်မင်းဦး ယနေ့ July 29ရက်နေ့တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်းကို တေးသံရှင် စောလားထော်ဝါးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ မှာ ဝမ်းနည်းကြောင်း ယခုလို ရေးသားဖော်ပြခဲ့ပါတယ်။

Myanmar Idol Season 1 ရဲ့ Top 5 ဆုရှင် ဇော်မင်းဦးဟာ ပြိုင်ပွဲပြီး တဲ့ တနှစ်အကြာမှာ “ကိုယ်ကျင့်တရား” လို့ အမည်ပေးထား တဲ့ တကိုယ်တော်အခွေဟာ ထွက်ရှိခဲ့ပါသေးတယ်နော်။Myanmar Idol တွင်လည်း ရော့ခ်ဂီတနဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ ဇော်မင်းဦးဟာ “ကိုယ်ကျင့်တရား”လို့ အမည် ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော်တေးစီးရီးမှာလည်း ရော့ခ်သီချင်းအများစု ပါဝင်ထားခဲ့တယ်လို့ သိရပါတယ်။အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေသီဆိုနိုင်ခဲ့တဲ့ ဇော်မင်းဦးတစ်ယောက်ကောင်းရာဘုံဘဝရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit

zawgyi




Credit

Leave a Reply

Your email address will not be published. Required fields are marked *