ယခု အချိန် မှာ ကမ်းလှမ်း လာ တဲ့ ခွန်အား ဖြစ်စေမယ့် လက်တစ်ဖက် စီတိုင်း ကို လက်မလွှတ်ဖို့ပြောလာတဲ့ ပိုင်တံခွန်

Posted on

ပိုင်တံခွန်က လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှာ းမှုတွေ မှာ ပြည်သူ ပြည်သားတွေနဲ့အတူ အားကြိုးမာန်တက် ပူးပေါင်းပါဝင်ပေးတာ တွေ့ရပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မဆုံးရှုံးအောင် တာဝန်သိပြည်သူတစ်ယောက် အနဲ့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပိုင်တံခွန် က လမ်းမပေါ်ကို ကိုယ်တိုင် ထွက်ပြီး ပြည်သူ့ပရိသတ်တွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် စားသောက်စရာလေးတွေလည်း လှူဒါန်းပေးခဲ့ပါ တယ်။

အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ကိုယ်ရော စိတ်ပါနဲ့ တိုင်းပြည် အရေးကို တက်တက် ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပိုင်တံခွန် ဟာ ပြည်သူ့ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်မှုတွေကြောင့် ထိန်းသိမ်း မခံရအောင် အဝေးမှာခေတ္တရှောင်ရှားနေ ခဲ့ရပါတယ်။ ယခု မှာတော့ ပိုင်တံခွန်က လတ်တလော အကူအညီပေးလာတဲ့ သူတွေကို လက်မလွှတ်ဖို့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

“အခုချိန်မှာ ကမ်းလာတဲ့ လက်တစ်ဖက်စီ တိုင်းက ကျွန်တော်တို့ရဲ့ ခွန်အားကို ဖြစ်စေတဲ့ အတွက် Personal တွေ ဘေးဖယ်ပြီး စည်းစည်းလုံးလုံး နဲ့ နိုင်ငံ့အတွက် တကယ်အားဖြစ်စေနိုင်မယ့် လက်တွေကို ညဏ်နဲ့ ယှဉ်ပြီး တွဲထူပေးရမယ့်အချိန်ပါ…ကိုယ့်ဆီ ရောက်လာတဲ့ ခွန်အားကို ရန်သူ့ရဲ့ အင်အားအဖြစ် မစေလွှတ် လိုက်ပါနဲ့” ဆိုပြီး ရေးသားထား ပါသေးတယ်။ ပိုင်တံခွန် က ယခုလို ပြည်သူတွေ ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို လူမှုကွန်မှာ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ ရင်တွင်းဆန္ဒလေးကို ကူးယူဖော်ပြရင်း မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းအောင် ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

Credit

zawgyi

ပိုင္တံခြန္က လတ္တေလာျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွာ းမႈေတြ မွာ ျပည္သူ ျပည္သားေတြနဲ႔အတူ အားႀကိဳးမာန္တက္ ပူးေပါင္းပါဝင္ေပးတာ ေတြ႕ရပါတယ္။ လူငယ္ေတြရဲ႕ အနာဂတ္အိမ္မက္ေတြ မဆုံးရႈံးေအာင္ တာဝန္သိျပည္သူတစ္ေယာက္ အနဲ႔ တတ္ႏိုင္တဲ့ဘက္ကေန လုပ္ေဆာင္ေပးခဲ့ပါတယ္။ ဒါ့အျပင္ ပိုင္တံခြန္ က လမ္းမေပၚကို ကိုယ္တိုင္ ထြက္ၿပီး ျပည္သူ႔ပရိသတ္ေတြနဲ႔အတူ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့အျပင္ စားေသာက္စရာေလးေတြလည္း လႉဒါန္းေပးခဲ့ပါ တယ္။

ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ေဘးခ်ိတ္ထားၿပီး ကိုယ္ေရာ စိတ္ပါနဲ႔ တိုင္းျပည္ အေရးကို တက္တက္ ႂကြႂကြ လႈပ္ရွားခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာ ပိုင္တံခြန္ ဟာ ျပည္သူ႔ပရိသတ္ေတြနဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ ဦးေဆာင္ပါဝင္မႈေတြေၾကာင့္ ထိန္းသိမ္း မခံရေအာင္ အေဝးမွာေခတၱေရွာင္ရွားေန ခဲ့ရပါတယ္။ ယခု မွာေတာ့ ပိုင္တံခြန္က လတ္တေလာ အကူအညီေပးလာတဲ့ သူေတြကို လက္မလႊတ္ဖို႔အေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

“အခုခ်ိန္မွာ ကမ္းလာတဲ့ လက္တစ္ဖက္စီ တိုင္းက ကြၽန္ေတာ္တို႔ရဲ႕ ခြန္အားကို ျဖစ္ေစတဲ့ အတြက္ Personal ေတြ ေဘးဖယ္ၿပီး စည္းစည္းလုံးလုံး နဲ႔ ႏိုင္ငံ့အတြက္ တကယ္အားျဖစ္ေစႏိုင္မယ့္ လက္ေတြကို ညဏ္နဲ႔ ယွဥ္ၿပီး တြဲထူေပးရမယ့္အခ်ိန္ပါ…ကိုယ့္ဆီ ေရာက္လာတဲ့ ခြန္အားကို ရန္သူ႔ရဲ႕ အင္အားအျဖစ္ မေစလႊတ္ လိုက္ပါနဲ႔” ဆိုၿပီး ေရးသားထား ပါေသးတယ္။ ပိုင္တံခြန္ က ယခုလို ျပည္သူေတြ ခြန္အားျဖစ္ေစမယ့္ အေၾကာင္းအရာေလးေတြကို လူမႈကြန္မွာ မၾကာခဏ ေဖာ္ျပေပးတာ ေတြ႕ရပါတယ္။ ကဲ..ပရိသတ္ႀကီးေရ ပိုင္တံခြန္ရဲ႕ ရင္တြင္းဆႏၵေလးကို ကူးယူေဖာ္ျပရင္း ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းေအာင္ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *