ယခု စာသင်နှစ် ကျောင်းမတတ် သည့် ကလေးများအား ပညာ သင်ကြားခွင့် ( ၅ )နှစ် ပိတ်ပင် မည်ဟု ပြောကြား

Posted on

ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တချို့တွင် ကျောင်းဖွင့် ရက် မတိုင် မီစစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကကျောင်းသားမိဘများကို ခေါ်ယူအစည်းအဝေး ပြုလုပ်ပြီး

ယခုကျောင်းဖွင့်ချိန် ကျောင်းမအပ်ပါက ကျောင်းသား ကျောင်း သူများ ကို ၅ နှစ်အထိ ကျောင်းတက်ခွင့် ပိတ်ပင်မည်ဟု ချိန်းခြောက်ခဲ့ကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောသည်။

တောင်ဒဂုံမြို့နယ်၊ ကျည်စုရွာ ဒေသခံတဦးကပထမ ကျနော်တို့ သိတာက ကိုယ့် သားသမီးကို ကျောင်းအပ်ချင်အပ်၊မအပ်ချင်နေပေါ့။ ဒါပေမယ့် ကျနော်တို့ကို အုပ်ချုပ်ရေးမှူး ခေါ်ပြောတာက ကျောင်းမအပ်ပါက ၅ နှစ်အထိပေးမတက်ဘူးဆိုတော့ အပ်လိုက်ရတယ်။ ကျောင်းအဲ့လောက် အချိန်ထိ နောက်ကျတာမျိုးတော့ အဆင်မပြေဘူး ဟု ပြောသည်။

ထို့အပြင်တချို့မြို့နယ်များရှိ စာသင်ကျောင်းများတွင်ဗုံးမကြာခဏ ပေါက်ကွဲနေခြင်း အပေါ် စာသင်ကျောင်းများတွင် စစ်တပ်နှင့်ရဲများ လုံခြုံရေးလာစောင့်နေခြင်းက ဗုံးပေါက်ကွဲမှုကို ပိုမိုဖြစ်စေကြောင်း သို့ရာတွင် ကျောင်းများ မျဖစ္မေန တက်ရန်

နည်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းကြောင့် မိမိတို့ကလေးများကို ကျောင်း သို့ စေလွှတ် ရသော်လည်း ရင်တမမနှင့် နေကြရကြောင်း အဆိုပါ ကျည်စုရွာရှိ အလယ်တန်းကျောင်းသားမိဘ တဦးကလည်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား မိဘများ၊ ရပ်ကွက်အတွင်းရှိ ကျူးကျော်မြေများတွင် နေထိုင်ကြရသူများကို တအိမ်လျှင် တယောက် နှုန်းဖြင့် ကျောင်းလုံခြုံရေးဟုဆိုကာ အ ဓမ္မ လုပ်အားပေး စေခိုင်းနေခြင်းက မဖြစ်သင့် ကြောင်း ဒဂုံအရှေ့မြို့နယ်ရှိ ဒေသခံတဦးက ဝေဖန်လိုက်သည်။

ထိုသို့ ကျောင်းသားမိဘများ၊ရွာသူရွာသားများကိုကျောင်းလုံခြုံရေးဟုဆိုကာ အ ဓမ္မလုပ်အားပေး စေခိုင်းနေမှုများကရန်ကုန်တွင်မက တိုင်းနှင့်ပြည်နယ် တချို့ရှိ ကျေးရွာများတွင်ပါကြားသိနေရသည်။

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ရှိဒေသခံတဦးကကျနော်အလှည့်ကျနေ့ မစောင့်နိုင်ရင် လူငှား ကိုယ့်ဘာသာကိုယ်ရှာ၊ကိုယ့်ပိုက်ဆံ ကိုယ်ပေးပြီး ငှားစောင့်ပဲ။

စောင့်ပြန်တော့လဲ စစ်ကောင်စီကိုဆန့်ကျင်တဲ့သူက ဒလံလို့ ယူဆမယ်။ ဗုံးပေါက်လို့ထိရင်လဲ ကိုယ့်ဘာသာ ခံရမယ်။အဲ့ဒီကျောင်းက ဆရာမတွေ ကေရာ ကိုယ့်ကလေး တခုခု မဖြစ်အောင် တာဝန်ယူပေးနိုင်တာလဲမဟုတ်ဘူး။ မထားပြန် လည်း ဆန့်ကျင်သူလို့ဆိုပြီး အုပ်ချုပ်ရေးတွေ၊ဒလံတွေက အမြင်ကပ်မှုနဲ့ တစုံတခု လုပ်မလားစိတ်နဲ့ မလုံခြုံပြန်ဘူး ဟု ဆိုသည်။ Credit – Ayeyarwaddy Times (news)

Leave a Reply

Your email address will not be published. Required fields are marked *