ယခုအချိန် ခွန်အားဖြစ် စေမယ့် ကမ်းလှမ်းလာ တဲ့ လက်တစ်ဖက်စီ တိုင်း ကို လက်မလွှတ်လိုက် ကြဖို့ ပြောလာ ခဲ့ တဲ့ ပိုင်တံခွန်

Posted on

ပိုင်တံခွန်က လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ် ရှားမှုတွေမှာ ပြည်သူ ပြည်သားတွေနဲ့အတူ အားကြိုးမာန်တက် ပူးပေါင်းပါဝင်ပေးတာ တွေ့ရပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မဆုံးရှုံးအောင် တာဝန်သိပြည်သူတစ်ယောက်အနဲ့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင် ပေးခဲ့ပါတယ်။ ဒါ့အပြင် ပိုင်တံခွန် က လမ်းမပေါ်ကို ကိုယ်တိုင် ထွက်ပြီး ပြည်သူ့ပရိသတ်တွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် စားသောက်စရာလေးတွေလည်း လှူဒါန်းပေးခဲ့ပါတယ်။

အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ကိုယ်ရော စိတ်ပါနဲ့ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပိုင်တံခွန် ဟာ ပြည်သူ့ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်မှုတွေကြောင့် ထိန်းသိမ်းမခံရအောင် အဝေးမှာ ခေတ္တရှောင်ရှားနေခဲ့ရပါတယ်။ ယခုမှာတော့ ပိုင်တံခွန်က လတ်တလော အကူအညီပေးလာတဲ့ သူတွေကို လက်မလွှတ်ဖို့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

“အခုချိန်မှာ ကမ်းလာတဲ့ လက်တစ်ဖက်စီတိုင်းက ကျွန်တော် တို့ရဲ့ ခွန်အားကိုဖြစ်စေတဲ့အတွက်Personal တွေ ဘေးဖယ်ပြီး စည်းစည်း လုံးလုံး နဲ့ နိုင်ငံ့အတွက် တကယ်အားဖြစ်စေနိုင်မယ့် လက်တွေကို ညဏ်နဲ့ ယှဉ်ပြီး တွဲထူပေးရမယ့် အချိန်ပါ…ကိုယ့်ဆီရောက်လာတဲ့ ခွန်အားကို ရန်သူ့ရဲ့ အင်အားအဖြစ် မစေလွှတ်လိုက်ပါနဲ့” ဆိုပြီး ရေးသားထား ပါသေးတယ်။ ပိုင်တံခွန် က ယခုလို ပြည်သူတွေ ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို လူမှုကွန်မှာ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ ရင်တွင်းဆန္ဒလေးကို ကူးယူဖော်ပြရင်း မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းအောင် ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

crd

zawgyi

ပိုင္တံခြန္က လတ္တေလာ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ ရွားမႈေတြမွာ ျပည္သူ ျပည္သားေတြနဲ႔အတူ အားႀကိဳးမာန္တက္ ပူးေပါင္းပါဝင္ေပးတာ ေတြ႕ရပါတယ္။ လူငယ္ေတြရဲ႕ အနာဂတ္အိမ္မက္ေတြ မဆုံးရႈံးေအာင္ တာဝန္သိျပည္သူတစ္ေယာက္အနဲ႔ တတ္ႏိုင္တဲ့ဘက္ကေန လုပ္ေဆာင္ ေပးခဲ့ပါတယ္။ ဒါ့အျပင္ ပိုင္တံခြန္ က လမ္းမေပၚကို ကိုယ္တိုင္ ထြက္ၿပီး ျပည္သူ႔ပရိသတ္ေတြနဲ႔အတူ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့အျပင္ စားေသာက္စရာေလးေတြလည္း လႉဒါန္းေပးခဲ့ပါတယ္။

ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ေဘးခ်ိတ္ထားၿပီး ကိုယ္ေရာ စိတ္ပါနဲ႔ တိုင္းျပည္အေရးကို တက္တက္ႂကြႂကြ လႈပ္ရွားခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာ ပိုင္တံခြန္ ဟာ ျပည္သူ႔ပရိသတ္ေတြနဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ ဦးေဆာင္ပါဝင္မႈေတြေၾကာင့္ ထိန္းသိမ္းမခံရေအာင္ အေဝးမွာ ေခတၱေရွာင္ရွားေနခဲ့ရပါတယ္။ ယခုမွာေတာ့ ပိုင္တံခြန္က လတ္တေလာ အကူအညီေပးလာတဲ့ သူေတြကို လက္မလႊတ္ဖို႔အေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

“အခုခ်ိန္မွာ ကမ္းလာတဲ့ လက္တစ္ဖက္စီတိုင္းက ကြၽန္ေတာ္ တို႔ရဲ႕ ခြန္အားကိုျဖစ္ေစတဲ့အတြက္Personal ေတြ ေဘးဖယ္ၿပီး စည္းစည္း လုံးလုံး နဲ႔ ႏိုင္ငံ့အတြက္ တကယ္အားျဖစ္ေစႏိုင္မယ့္ လက္ေတြကို ညဏ္နဲ႔ ယွဥ္ၿပီး တြဲထူေပးရမယ့္ အခ်ိန္ပါ…ကိုယ့္ဆီေရာက္လာတဲ့ ခြန္အားကို ရန္သူ႔ရဲ႕ အင္အားအျဖစ္ မေစလႊတ္လိုက္ပါနဲ႔” ဆိုၿပီး ေရးသားထား ပါေသးတယ္။ ပိုင္တံခြန္ က ယခုလို ျပည္သူေတြ ခြန္အားျဖစ္ေစမယ့္ အေၾကာင္းအရာေလးေတြကို လူမႈကြန္မွာ မၾကာခဏ ေဖာ္ျပေပးတာ ေတြ႕ရပါတယ္။ ကဲ..ပရိသတ္ႀကီးေရ ပိုင္တံခြန္ရဲ႕ ရင္တြင္းဆႏၵေလးကို ကူးယူေဖာ္ျပရင္း ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းေအာင္ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *