မွေးနေ့ အလှူ အနေ နဲ့ မှန်ကင်း ပရဟိတကျောင်းမှာ ကိုယ်တိုင် သွားရောက်ကုသိုလ်ပြု လှူဒါန်းခဲ့တဲ့ နန်းမွေစံ

Posted on

ဖေဖော်ဝါရီလ အစပိုင်းတည်းက ပြည်သူပရိသတ်တွေ နဲ့အတူလုထုလှုပ်ရှားမှုတွေမှာ ပါ၀င်ခဲ့တဲ့ မော်ဒယ်လ်နန်းမွေစံကို ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမဟာအရေးတော်ပုံကြီးစတင်ခဲ့တဲ့ အချိန်ကာလတွေ မှာ တတ်နိုင်သရွေ့ လူမှုကွန်ယက် စာမျက်နှာတွေကနေ Speak out လုပ်ခဲ့သူတစ်ဦးလည်းဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေး၀န်းရံမှုရရှိထားတဲ့သူတစ်ဦးဖြစ်ပါတယ်……။

နန်းမွေစံကလက်ရှိမှာတော့ သူမ ရဲ့အနုပညာအလုပ်တစ်ချို့ ကိုဆက်လက်လုပ်ကိုင်နေပြီး လှုပ်ရှားမှုပုံရိပ်အချို့ကိုမျှဝေပေးလျက်ရှိတာတွေ့ရပါတယ်။ နန်းမွေစံရဲ့ ခပ်မိုက်မိုက်ပုံတွေနဲ့ ဗီဒီယိုတွေက ပရိသတ်တွေကြားမှာရေပန်းစားကျော်ကြားတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံ့အရေးနဲ့ပက်သက်ပြီး လှုပ်ရှားမှုသိပ်မတွေ့ရတဲ့အတွက် ပရိသတ် အချို့ရဲ့ဝေဖန်မှုတွေရရှိနေတာလည်းတွေ့ရပါတယ်…..။

နန်းမွေစံက မကြာသေးမီကတော့သူမရဲ့ Facebook စာမျက်နှာ ကနေတစ်ဆင့် မွေးနေ့အလှူပုံရိပ်တွေကိုတင်ပေးလာခဲ့ပါတယ်။ ယမန်နေ့ ဇွန်လ၂၃ရက်နေ့က နန်းမွေစံရဲ့မွေးနေ့လေးဖြစ်ပြီး ဒီကနေ့မှာတော့ သူမက “၂၃ ရက်နေ့ မှန်ကင်းပရဟိတ ကျောင်းသို့ မွေးနေ့အလှူ 😘🥳🥳….” ဆိုပြီးရေးသားကာ ပရိသတ်တွေအတွက် မျှဝေပေးလာတာဖြစ်ပါတယ်။ ကဲ……ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Nang Mwe San’s Facebook acc

zawgyi

ေဖေဖာ္ဝါရီလ အစပိုင္းတည္းက ျပည္သူပရိသတ္ေတြ နဲ႔အတူလုထုလႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့တဲ့ ေမာ္ဒယ္လ္နန္းေမြစံကို ပရိသတ္ေတြရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ သူမဟာအေရးေတာ္ပုံႀကီးစတင္ခဲ့တဲ့ အခ်ိန္ကာလေတြ မွာ တတ္ႏိုင္သေ႐ြ႕ လူမႈကြန္ယက္ စာမ်က္ႏွာေတြကေန Speak out လုပ္ခဲ့သူတစ္ဦးလည္းျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပး၀န္းရံမႈရရွိထားတဲ့သူတစ္ဦးျဖစ္ပါတယ္……။

နန္းေမြစံကလက္ရွိမွာေတာ့ သူမ ရဲ႕အႏုပညာအလုပ္တစ္ခ်ိဳ႕ ကိုဆက္လက္လုပ္ကိုင္ေနၿပီး လႈပ္ရွားမႈပုံရိပ္အခ်ိဳ႕ကိုမွ်ေဝေပးလ်က္ရွိတာေတြ႕ရပါတယ္။ နန္းေမြစံရဲ႕ ခပ္မိုက္မိုက္ပုံေတြနဲ႔ ဗီဒီယိုေတြက ပရိသတ္ေတြၾကားမွာေရပန္းစားေက်ာ္ၾကားတာ ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ႏိုင္ငံ့အေရးနဲ႔ပက္သက္ၿပီး လႈပ္ရွားမႈသိပ္မေတြ႕ရတဲ့အတြက္ ပရိသတ္ အခ်ိဳ႕ရဲ႕ေဝဖန္မႈေတြရရွိေနတာလည္းေတြ႕ရပါတယ္…..။

နန္းေမြစံက မၾကာေသးမီကေတာ့သူမရဲ႕ Facebook စာမ်က္ႏွာ ကေနတစ္ဆင့္ ေမြးေန႔အလႉပုံရိပ္ေတြကိုတင္ေပးလာခဲ့ပါတယ္။ ယမန္ေန႔ ဇြန္လ၂၃ရက္ေန႔က နန္းေမြစံရဲ႕ေမြးေန႔ေလးျဖစ္ၿပီး ဒီကေန႔မွာေတာ့ သူမက “၂၃ ရက္ေန႔ မွန္ကင္းပရဟိတ ေက်ာင္းသို႔ ေမြးေန႔အလႉ 😘🥳🥳….” ဆိုၿပီးေရးသားကာ ပရိသတ္ေတြအတြက္ မွ်ေဝေပးလာတာျဖစ္ပါတယ္။ ကဲ……ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Photo credit-​ Nang Mwe San’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *