မွေးနေ့ အလှူလေး အဖြစ် လူအယောက်(၁၀၀) စာ အတွက် အာဟာရ ဒါန အလှူလေးပြုလုပ်ခဲ့တဲ့ ဆုမြတ်နိုးဦး

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော့ ဒီနေ့ ဇူလိုင်လ (၃၀)ရက်နေ့မှာ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေရက်လေးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဆုမြတ်နိုးဦးကတော့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်လေးမှာ မွေးနေ့သူ တတ်နိုင်သလောက် မွေးနေ့အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

မွေးနေ့အလှူလေးအနေနဲ့ အာဟာရဒါနအလှူလေးအဖြစ် လူဦးရေ (၁၀၀)စာအတွက် ထမင်းဘူး (၁၀၀)ကို ဒီနေ့မွေးနေ့ရက်လေးမှာ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ Happy Birthday ပါ ဆုမြတ်နိုးဦးရေ မွေးနေ့ကနေစ အနုပညာလောကမှာ ပိုမိုအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပြီးပြီး ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုကို ပိုမိုရရှိပါစေ။ နောက်နောင်များ မှာလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ လို့ မွေးနေ့ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်။

CeleZone ပရိသတ်ကြီးတွေထဲက ဆုမြတ်နိုးဦး ရဲ့ ပရိသတ်တွေလည်း ဆုမြတ်နိုးဦး ရဲ့ မွေးနေ့အထိမ်းအမှတ် ပြုလုပ်ခဲ့တဲ့ အာဟာရ ဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ ဆုမြတ်နိုးဦးရဲ့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေလည်း တောင်းပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Source – May Nwe Htun

zawgyi




Source – May Nwe Htun

Leave a Reply

Your email address will not be published. Required fields are marked *