မော်ဒယ်လ် စူးရှထက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေမှာ သွေးအေးမသွားပဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကူညီနေတဲ့ သူတစ်ယောက်ပါ။ နိုင်ငံရေးအပြောင်းအလဲဟာဆိုရင် ယနေ့အပါအဝင် ရက်ပေါင်း ၄၇ တိုင်ရှိခဲ့ပြီဖြစ်ပြီး စူးရှထက်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လဲ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှား မှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ် တဲ့နေရာတွေမှာလည်း သွားရောက်လှူဒါန်းတာကို တွေ့ရပါတယ်။
အလှူအတန်းတွေဆို လက်မနှေးတတ်တဲ့ စူးရှထက်က လူထု လှုပ်ရှားမှု မှာ အသက်ပေးကာ သေဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေ ရဲ့ မိသားစုတွေထံလည်း အလှူငွေပေးအပ်ခဲ့တာပါ။ ဒါ့အပြင်လည်း သူမရဲ့ နေအိမ်မှာ စားသောက်ဖွယ်ရာတွေနဲ့ နေ့စဥ်ဆက်တိုက် ဆိုသလို ကျွေးမွေးတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ချွေးနည်းစာထဲကနေ အလှူ ပြုနေခဲ့တဲ့ စူးရှထက်က မတ်လ ၂၁ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် ကြိုတင် ပြင်ဆင်မှုတွေရှိနေပါတယ်။
ဒါကတော့ သူမရဲ့ မွေးနေ့မှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေ ကို အလှူ ပြုချင်တာကြောင့် လက်ဆောင် ရရှိထားတဲ့ ၉သိန်းဝန်းကျင်တန် ပုလဲဆွဲကြိုးလေးကို လေလံတင်ရောင်းချနေခဲ့တာပါ။ စူးရှထက်က သူမရဲ့ Facebook Account ထက်မှာ ” အခုလာမဲ့ ၂၁ရက်နေ့ စူးမွေးနေ့ကို အခုကာလမှာအမှန်တကယ်လိုအပ်တဲ့နေရာလေးတွေကို ရောင်းရတဲ့ငွေလေး နဲ့ခွဲလှူပေးမယ် ” ဆိုပြီး Postတင်ကာ ပုလဲဆွဲကြိုးကို လေလံတင်ရောင်းချနေတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit – Zar Chi’s Facebook Account
zawgyi
ေမာ္ဒယ္လ္ စူးရွထက္ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး အေျခအေနေတြမွာ ေသြးေအးမသြားပဲ တတ္ႏိုင္တဲ့ဘက္ကေန ပါဝင္အားျဖည့္ကူညီေနတဲ့ သူတစ္ေယာက္ပါ။ ႏိုင္ငံေရးအေျပာင္းအလဲဟာဆိုရင္ ယေန႔အပါအဝင္ ရက္ေပါင္း ၄၇ တိုင္ရွိခဲ့ၿပီျဖစ္ၿပီး စူးရွထက္ကေတာ့ ျပည္သူေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေနတာျဖစ္ပါတယ္။ သူမကိုယ္တိုင္လဲ လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွား မႈႀကီးမွာ ပါဝင္ခဲ့သလို လိုအပ္ တဲ့ေနရာေတြမွာလည္း သြားေရာက္လႉဒါန္းတာကို ေတြ႕ရပါတယ္။
အလႉအတန္းေတြဆို လက္မေႏွးတတ္တဲ့ စူးရွထက္က လူထု လႈပ္ရွားမႈ မွာ အသက္ေပးကာ ေသဆုံးခဲ့ရတဲ့ ျပည္သူ႔ သူရဲေကာင္းေတြ ရဲ႕ မိသားစုေတြထံလည္း အလႉေငြေပးအပ္ခဲ့တာပါ။ ဒါ့အျပင္လည္း သူမရဲ႕ ေနအိမ္မွာ စားေသာက္ဖြယ္ရာေတြနဲ႔ ေန႔စဥ္ဆက္တိုက္ ဆိုသလို ေကြၽးေမြးတာလည္း ျဖစ္ပါတယ္။ သူမရဲ႕ ေခြၽးနည္းစာထဲကေန အလႉ ျပဳေနခဲ့တဲ့ စူးရွထက္က မတ္လ ၂၁ရက္ေန႔မွာ က်ေရာက္မယ့္ ေမြးေန႔အတြက္ ႀကိဳတင္ ျပင္ဆင္မႈေတြရွိေနပါတယ္။
ဒါကေတာ့ သူမရဲ႕ ေမြးေန႔မွာ အမွန္တကယ္လိုအပ္ေနတဲ့ ေနရာေတြ ကို အလႉ ျပဳခ်င္တာေၾကာင့္ လက္ေဆာင္ ရရွိထားတဲ့ ၉သိန္းဝန္းက်င္တန္ ပုလဲဆြဲႀကိဳးေလးကို ေလလံတင္ေရာင္းခ်ေနခဲ့တာပါ။ စူးရွထက္က သူမရဲ႕ Facebook Account ထက္မွာ ” အခုလာမဲ့ ၂၁ရက္ေန႔ စူးေမြးေန႔ကို အခုကာလမွာအမွန္တကယ္လိုအပ္တဲ့ေနရာေလးေတြကို ေရာင္းရတဲ့ေငြေလး နဲ႔ခြဲလႉေပးမယ္ ” ဆိုၿပီး Postတင္ကာ ပုလဲဆြဲႀကိဳးကို ေလလံတင္ေရာင္းခ်ေနတာျဖစ္လို႔ ပရိသတ္ေတြထံ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
Photo Credit – Zar Chi’s Facebook Account