မြောက်ဥက္ကလာ ရဲ့ GENERATION Z ဝိညာဉ် တို့ နိုးထ လာ လေပြီလား

Posted on

မြောက်ဥက္ကလာအဝိုင်းတွင် မကျွတ်မလွတ်သော ဝိညဉ်များကြောင့် ညတိုင်းချောက်လှန့်ခြင်းခံ7ရနေရတဲ့ရဲတစ်ဖွဲ့ဝင်များအကြမ်းဖက်ဖြိုခွင်းခံရပီးအသက်ပေါင်းများစွာပေးဆပ်လိုက်ရတဲ့ မြောက်ဥက္ကလာအဝိုင်းနားမှာ လူသေမှုတွေ မြောက်များစွာဖြစ်ပေါ်ခဲ့ပါတယ်။ ညဘက်၃နာရီလောက်ဆိုဆိုရင် လူစုလူဝေးနဲ့ အသံကြား လို့ တပ်ဖွဲ့တွေ သွားကြည့်တာပါ ဘာမှတော့မတွေ့ခဲ့ပါဖူး၊ အော်ဟစ်သံများလို ကြားရပီး သွားကြည့်ရင်ဘယ်သူမှမရှိဘဲဖြစ်နေခြင်း စစ်ကားတန်းလာနေတဲ့အချိန်ကားမီးအရှေ့အရိပ်လိုလိုများဖြတ်ဖြတ်သွားကြောင်း၊ ကယ်ကြပါ၊ယူကြပါအသံများ ညစဉ်ညတိုင်း ကြားနေရကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ဝင်ခံလာပါတယ်။

အသံတွေကလည်းနီးနီးလေးကဘဲအော်နေသလိုလို အရိပ်တွေ ကတော့ အနားကဘဲ ဖြတ်သွားတာသွားကြည့်ရင်မရှိတော့ဖူး၊ ပီးတော့မှောင်ထဲကြည့်လိုက်ရေအိုင်နေသလိုမျိုးအကွက် တွေတွေ့နေတာအမှတ်တမဲ့ဆိုသွေးကွက်နေဖြစ်နေသလိုမျိုး၊မီးထိုးကြည့်ရင် ဘာမှမရှိဖူး၊တစ်ဖွဲ့ဝင်တွေကတောထဲက သားရဲကောင်တွေသာ မကြောက်တာဗျာ၊ မမြင်ရတော့အားလုံးကြောက်နေကြတယ်၊ တစ်နေ့က တပ်ကတပ်သားတစ်ယောက်တစ်ညတုန်းကဝင်ပူးခံရတယ် ပီးတော့ ကယောင်ကတန်းတွေပြောနေတာ၊ အစကဖျားနေတာဘဲထင်ကြတာ နောက်တော့မှဗိုလ်ကြီးက ရိပ်မိသွားပီး ဖတ်ရွတ်၊ ပရိတ်ရေတိုက်တာတို့ ဖျန်းတာ တို့လုပ်လိုက်မှ ထွက်သွားတာ၊ နောက်ဆုံးမှာ အမျှမဝေနဲ့ဆိုတာပီပီသသကြီးပြောသွားသေးတယ်၊အာ့လိုမျိုးတွေကတစ်ယောက်နှစ်ယောက်ကြုံရတာမဟုတ်ဖူးလေ၊ည ဂျူတီကျတဲ့တစ်ဖွဲ့လုံးကြုံနေရတာ ဆိုတော့လည်းပြောရခက်တယ်ပေါ့၊ တချို့တပ်သားပေါက်စလေးတွေဆိုလန့်ပီးကြောက်ဖျားဖျားနေကြတယ်၊

ညနက်ပိုင်းတွေဆို ပြဿနာဖြစ်တာတွေ များလာတယ်၊ရဲဘော်၂ယောက်ရန်ဖြစ်ပီး အချင်းချင်းပစ်မယ်ခတ်မယ်တွေဖြစ်လို့ ဗိုလ်ကြီး ဒဏ်ပေးထားရတယ်၊ အထက်ကိုတော့ မင်းမိန့်နဲ့နှင်ခိုင်းဖို့တော့ တင်ပြထားပါတယ်လို့ ပြောပြလာပါတယ်၊ မကောင်းမှု့ကနောင်ဘဝမကူးပါဘူး အခုပဲလက်တွေခံစားနေရပီ ကျဆုံးသွားတဲ့ အာဇာနည်တွေက သေဆုံးတာတောင် အနားမယူကြသေးဘဲ ဆက်တိုက်ပွဲဝင်နေကြတာ ပြည်သူတစ်ယောက်အနေနဲ့အရမ်း ဝမ်းနည်းခံစားရပါတယ်။ အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာ ပျော်ရွှင်သောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *