မြို့မ လူမှု့ကူညီရေး အသင်းနဲ့စု ပေါင်းပြီး စစ်ဘေးရှောင်စခန်း တွေ အတွက် စားနပ်ရိက္ခာများ လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

Posted on

ဆောင်းယွန်းစံကတော့ ပရိသတ်တွေ ရဲ့တစ်ခဲနက် အားပေး ချစ်ခင်မှုတွေ နဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းက ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နား ထားပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ ရရာနေရာကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲ နေကြတဲ့ ပြည်သူအချို့ကိုလည်း မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး လိုအပ်တာတွေ မကြာခဏ လှူဒါန်းလေ့ရှိပါတယ်။ ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေ သူလေးမို့ ပရိသတ်တွေက လေးစား ချစ်ခင်ေ နရတာပါ ။ ဒီနေ့မှာလည်း စစ်ဘေးရှောင်စခန်းတွေအတွက် မြို့မလူမူ့ကူညီရေး အသင်းနဲ့ စုပေါင်းကာ စားနပ်ရိက္ခာ များ လှူဒါန်းခဲ့ပြန်ပါတယ် ။ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မြို့မလူမူ့ ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတိူ့အတွက် အဓိက လိုနေတာ ကတော့ မိုးကာအကျီတွေပါ..

ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပြီး .. မိုးကာအင်္ကျီတွေပဲ လိုအပ်ပါတော့တယ်..မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်.. ၁ဝဝဝပဲဖစ်ဖစ် ၂ဝဝဝပဲဖစ်ဖစ် နိုင်သလောက် လှုဒါန်းပေးပါ..အားလုံးစုပီးရသလောက်ဝယ်ပီးလှူဒါန်းပေးပါမယ်..” ရေးသား ဖော်ပြထားရာ ပရိသတ်ကြီးလည်း အလှူလေးမှာ ပါဝင်နိုင်ရန် ပြန်လည်ဝေမျှပေးလိုက် ပါတယ် ။

Credit – Cele Zone

Photo – Saung Yoon San

zawgyi

ေဆာင္းယြန္းစံကေတာ့ ပရိသတ္ေတြ ရဲ႕တစ္ခဲနက္ အားေပး ခ်စ္ခင္မႈေတြ နဲ႔အတူ အႏုပညာေလာကမွာ ေနရာတစ္ခု အခိုင္အမာရရွိထားကာ ေအာင္ျမင္မႈေတြနဲ႔ေလွ်ာက္လွမ္းေနသူပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းက ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ အေျခအေနေတြေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြကို ရပ္နား ထားၿပီး ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ ရရာေနရာကေန တစ္တပ္တစ္အား ပါဝင္အားျဖည့္ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။

အခုလို အေျခအေနေတြေၾကာင့္ အေနအထိုင္ အစားအေသာက္ ခက္ခဲ ေနၾကတဲ့ ျပည္သူအခ်ိဳ႕ကိုလည္း မိတ္ေဆြေတြနဲ႔ အတူစုေပါင္းၿပီး လိုအပ္တာေတြ မၾကာခဏ လႉဒါန္းေလ့ရွိပါတယ္။ ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေန သူေလးမို႔ ပရိသတ္ေတြက ေလးစား ခ်စ္ခင္ေ နရတာပါ ။ ဒီေန႔မွာလည္း စစ္ေဘးေရွာင္စခန္းေတြအတြက္ ၿမိဳ႕မလူမူ႔ကူညီေရး အသင္းနဲ႔ စုေပါင္းကာ စားနပ္ရိကၡာ မ်ား လႉဒါန္းခဲ့ျပန္ပါတယ္ ။ အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ၿမိဳ႕မလူမူ႔ ကူညီေရးအသင္းနဲ႔ ေပါင္းပီး စစ္ေဘးေရွာင္ စခန္းေတြမွာ မုန႔္ေတြသြားလႈခဲ့ပါတယ္ လက္ရွိမွာသူတိူ႔အတြက္ အဓိက လိုေနတာ ကေတာ့ မိုးကာအက်ီေတြပါ..

ခ်င္းျပည္ကစစ္ေဘးေရွာင္ စခန္းပို႔ဖို႔လဲ ေဆးဝါး အစားအေသာက္ အေႏြးထည္ ေစာင္ အားလုံးစီစဥ္ၿပီး .. မိုးကာအက်ႌေတြပဲ လိုအပ္ပါေတာ့တယ္..မိုးကာအက်ႌေတြ လႉဒါန္းေပးဖို႔ ေတာင္းဆိုပါရေစ.. ေဆာင္းလဲ အမ်ားႀကီးမလႈႏိုင္ေတာ့လို႔ပါ.. အထည္ ၁၀၀၀ ေလာက္လိုအပ္ပါမယ္..တထည္ကို ငါးေထာင္ေလာက္က်ပါမယ္.. ၁ဝဝဝပဲဖစ္ဖစ္ ၂ဝဝဝပဲဖစ္ဖစ္ ႏိုင္သေလာက္ လႈဒါန္းေပးပါ..အားလုံးစုပီးရသေလာက္ဝယ္ပီးလႉဒါန္းေပးပါမယ္..” ေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း အလႉေလးမွာ ပါဝင္ႏိုင္ရန္ ျပန္လည္ေဝမွ်ေပးလိုက္ ပါတယ္ ။

Credit – Cele Zone

Photo – Saung Yoon San

Leave a Reply

Your email address will not be published. Required fields are marked *