သရုပ်ဆောင် မေတိုးခိုင်ကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် ပြည်သူများနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလော လမ်းပေါ်ထွက်ဖို့ ခက်ခဲနေပေမယ့်လည်း မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ကိုတော့ လူမှုကွန်ယက် စာမျက်နှာတွင် ဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းများ အတွက်လည်း ယူကြုံးမရဝမ်းနည်းနေပြီး သူတို့တွေရဲ့ မိသားစုဝင်များအတွက် လိုအပ်အကူအညီတွေအား အနုပညာရှင်များနဲ့ စုပေါင်းကာ ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။
လူထုလှုပ်ရှားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ပြင်းထန် လာပြီး လူအထိအခိုက်များစွာ ရှိလာတဲ့ အတွက် အားလုံးက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုချင်တဲ့ပန်းတိုင်ကို ရရှိရန်အတွက် တစ်နိုင်ငံလုံးက ပြည်သူတော်တော်များများက မိမိအသက်ဆုံးရှုံးမှာကိုပင် ပဓာနမထားဘဲ ပါဝင်နေကြတာကိုလည်း အားတက်ဖွယ် မြင်တွေ့ကြရမှာပါ။
ဒီလိုပါဝင်နေပေမယ့်လည်း တစ်ဖက်က အခြေအနေ တော်တော် များများအား သိရှိနေတဲ့အတွက် မြို့နယ်အလိုက် လူထုလှုပ်ရှားမှုများ ဆောင်ရွက်ကြမယ့်အစီအစဉ်တွေအား လူမှုကွန်ယက်ပေါ်တွင် မတင်ကြဖို့ မေတိုးခိုင်တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း ဘယ်မြို့နယ်က ဘယ်လိုစနစ်တကျညီတာမျိုးတွေ Facebook ပေါ်သို့ မတင်သင့်ကြောင်းနှင့် အခုလိုမျိုးတွေ တင်လိုက်တဲ့ အကျိုးဆက်ကြောင့် ထိုမြို့နယ်များဟာ ညဘက်တွင် ပိုပြီးအဖိခံနေရတာပကို မျက်ဝါးထင်ထင် မြင်တွေ့နေကြရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစီအစဉ်မှန်သမျှ လူမှုကွန်ယက်တွင် မတင်ကြခြင်း ဖြင့် တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြပါဦးနော်။
Source and Photo Crd- May Toe Khine’s Facebook Page
zawgyi
သ႐ုပ္ေဆာင္ ေမတိုးခိုင္ကေတာ့ လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈမ်ားတြင္ ျပည္သူမ်ားနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ လတ္တေလာ လမ္းေပၚထြက္ဖို႔ ခက္ခဲေနေပမယ့္လည္း မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြ ကိုေတာ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေဝမွ်ေပးေနသူလည္း ျဖစ္ပါတယ္။ က်ဆုံးသြားတဲ့ သူရဲေကာင္းမ်ား အတြက္လည္း ယူႀကဳံးမရဝမ္းနည္းေနၿပီး သူတို႔ေတြရဲ႕ မိသားစုဝင္မ်ားအတြက္ လိုအပ္အကူအညီေတြအား အႏုပညာရွင္မ်ားနဲ႔ စုေပါင္းကာ ေထာက္ပံ့ေပးေနၾကတာ ျဖစ္ပါတယ္။
လူထုလႈပ္ရွားမႈေတြဟာ တစ္ေန႔ထက္တစ္ေန႔ ပိုမို ျပင္းထန္ လာၿပီး လူအထိအခိုက္မ်ားစြာ ရွိလာတဲ့ အတြက္ အားလုံးက စိုးရိမ္ေနၾကတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လိုခ်င္တဲ့ပန္းတိုင္ကို ရရွိရန္အတြက္ တစ္ႏိုင္ငံလုံးက ျပည္သူေတာ္ေတာ္မ်ားမ်ားက မိမိအသက္ဆုံးရႈံးမွာကိုပင္ ပဓာနမထားဘဲ ပါဝင္ေနၾကတာကိုလည္း အားတက္ဖြယ္ ျမင္ေတြ႕ၾကရမွာပါ။
ဒီလိုပါဝင္ေနေပမယ့္လည္း တစ္ဖက္က အေျခအေန ေတာ္ေတာ္ မ်ားမ်ားအား သိရွိေနတဲ့အတြက္ ၿမိဳ႕နယ္အလိုက္ လူထုလႈပ္ရွားမႈမ်ား ေဆာင္႐ြက္ၾကမယ့္အစီအစဥ္ေတြအား လူမႈကြန္ယက္ေပၚတြင္ မတင္ၾကဖို႔ ေမတိုးခိုင္ေတာင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။ သူမကလည္း ဘယ္ၿမိဳ႕နယ္က ဘယ္လိုစနစ္တက်ညီတာမ်ိဳးေတြ Facebook ေပၚသို႔ မတင္သင့္ေၾကာင္းႏွင့္ အခုလိုမ်ိဳးေတြ တင္လိုက္တဲ့ အက်ိဳးဆက္ေၾကာင့္ ထိုၿမိဳ႕နယ္မ်ားဟာ ညဘက္တြင္ ပိုၿပီးအဖိခံေနရတာပကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေနၾကရတာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အစီအစဥ္မွန္သမွ် လူမႈကြန္ယက္တြင္ မတင္ၾကျခင္း ျဖင့္ တစ္ဖက္တစ္လမ္းကေန ကူညီေပးၾကပါဦးေနာ္။
Source and Photo Crd- May Toe Khine’s Facebook Page