မြန်မာ အလှမယ်တွေဖြစ်တဲ့ ဟန်လေး ၊ နှင်းသွေးယုအောင် နဲ့ ခေတ်လင်းလက်ယွန်း တို့ (၃)ဦး ကိုဗစ်ရောဂါပိုးကူးစက် ခံထားရ

Posted on

မြန်မာအလှမယ်တွေ ဖြစ်ကြတဲ့ ဟန်လေး၊ နှင်းသွေးယုအောင် နဲ့ ခေတ်လင် းလက် ယွန်းတို့ ဟာ ကိုဗစ်-၁၉ ရောဂါ ကူ းစက်ခံထားရတ ယ်လို့ သိရပါတယ်။၂၀၁၅ ခုနှစ် မယ်စကြဝဠာမြန်မာအလှ မယ် 1st Runner Up ဆုရှင် ဟန်လေး(ခ) နန်းရွှေ အေ းက တော့ အ ခုလ ၅ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ပရိသတ်တွေ ကို ခုလို အသိပေးမျှဝေထားပါတယ်။

“ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး COVID positive ဖြစ် ပါတယ်။ အခုဆို ၁၀ ရက်ရှိ ပါပြီ။ အနံ့၊ အရသာပျောက်သွားတ ာတော့ ၄ ရက် ရှိပါပြီ။ ဖြစ်ဖြစ်ချင်းတုန်းက အရမ်းလဲ ကြောက်တယ်။ မိသားစုရဲ့အဝေးမှာ တယောက်ထဲ နေတာဆိုတော့ အားလဲ ငယ် တယ်။ စိုးရိ မ်စိတ်တွေလဲ ဖိစီးတာပေါ့နော်။ 😥 ဒါပေမယ့် ကြောက်နေရုံနဲ့ မပြီးဘူးလေ။ အသက် ဆက်ရှင်ဖို့ ကိုယ်တိုင် လုပ်မှ ရမ ယ်ဆိုတဲ့ စိတ် နဲ့ အားတ င် းနေရပါတယ်။ ဆရာဝန်နဲ့ သေ ချာတိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးတွေ သောက်တယ်။ အားရှိအောင် အစားတွေ စားတယ်။

ညကို ပုံမှန်အိပ်တယ်။ အောက်စီဂျင်နဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတယ်။ အနံ့ အရသာ မရတော့ တဲ့ အချိန်မှ ာဆို ဝမ်းနည်းလွန်းလို့ တယောက်ထဲ ငိုရင်းနဲ့ ကြိတ်မှိတ်ပြီး မရမကစားတယ်”နောက်ထပ် အလှမယ်တယောက် ဖြစ် တဲ့ ၂၀၁၈ ခုနှစ် မယ် စကြဝဠာမြ န်မာ အလှ မယ်သရဖူဆုရှင် နှင်းသွေးယုအောင်ဟာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။လတ်တလော မှာတေ ာ့ သူဟာ သရုပ်ဆောင်မင်းသား ဒေါင်းနဲ့အတူ ဇာတ်လမ်းတွဲ တခုရိုက်ကူးဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာပါ။

သူတို့ ၂ ယောက်လုံးဟာ ထိုင်းနိုင်ငံမှာ “From Chaophraya to Ayeyarwaddy”-“ကျောက် ဖ ယားမှ ဧရာဝတီသို့”ဇာတ်လမ် းတွဲ ရိုက် ကူးဖို့ ရောက်ရှိနေတာဖြစ်ကာ ဇာတ် လမ်းထဲမှာတော့ ထိုင်းနဲ့ မြန်မာအနုပညာရှင် တွေ တွဲဖက် သရု ပ်ဆော င်သွားကြမှာ ဖြစ် တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်ခံထားရပေမယ့် သူ့အနေနဲ့ စိတ်ဓာတ်ကျ ခြင်းမရှိဘဲ ခွန်အားအပြည့်နဲ့ကျန်းမာစွာနေ ထိုင်နေတာဖြစ်လို့ ပရိတ်သတ်တွေ စိတ်မပူကြဖို့လည်း ပြောထားပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ် မယ်ကမ္ဘာမြန်မာအလှမယ် သရဖူဆုရှင် ခေတ်လင်းလင်ယွန်း ဟာလည်း အခုလဆန်းပို င်းက ကိုဗစ်-၁၉ ရောဂ ါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

သူဟာ လက်ရှိမှာတော့ ကုသမှုခံယူနေရပြီး သေချာကာကွယ်နေတဲ့ကြားထဲကနေ ကူးစက်ခံရတာကြောင့် အားလုံ းလည်း အထူးဂရုစိုက်ကြဖို့ တိုက်တွန်းစကားဆိုထားပါတယ်။

crd-original

Leave a Reply

Your email address will not be published. Required fields are marked *