မြန်မာ ပြည်သူတွေ ရဲ့ နှလုံးသား ကို သိမ်းပိုက် သွားတဲ့ (CNN) သတင်း ထောက် CLARISSA WARD အကြောင်း တစေ့ တစောင်း

Posted on

Clarissa Ward (CNN)အသက် ၄၁ နှစ်ဟာ လန်ဒန်မြို့ မှာမွေးပြီး နယူးယောက်တွင် နေထိုင်ခဲ့ကာ ယူကေကျောင်းကနေ အမေရိကန်ရှိ ယေးလ်တက္ကသိုလ်သို့တက်ရောက်ခဲ့တယ်။ သူဟာ ၁နှစ်နဲ့ ၃နှစ်အရွယ်

ကလေး ၂ ယောက်ရဲ့ မိခင်ဖြစ်ပီး ဘာသာ စကားအနေ နဲ့ ပြင်သစ်၊ အီတလီ ရှရှား၊ အာရတ်ဗီးယား၊ စပိန်နဲ့ တရု.တ်ဘာသာစကား (Mandarin)ကို အခြေခံပြောနိုင်တဲ့သူတယောက်ဖြစ်ပါတယ်။ ၂၀၀၃မှာ Fox News တွင်

အလုပ်စဝင်ခဲ့ပီး ABC News, CBS News နဲ့ ခုနောက် ဆုံး လန်ဒန် အခြေစိုက်အပြည်ပြည်ဆိုင်ရာ သတင်းထောက်အဖြစ် CNNမှာ ၅နှစ်ကျော်မှ ယခုအထိ အလုပ်လုပ်ကိုင်နေပါတယ်။ သူက ဆီးရီးယားအရေးတုန်းက

နိုင်ငံတွင်းမှ အကြိမ်ပေါင်းများစွာ သတင်းပို့ခဲ့ပြီး ေ.သန.တ်များနှင့်ဗ.ုံးများ၊ ထ.ိုးန.ှက်ချက်များကြားက ဂ.ျီဟတ်ဝ.ါဒ.ီတစ်ဦးအား ကာကွယ်ပေးဖူးခဲ့တယ်တဲ့။ သူမဟာ ယီမင်၊ အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ အဖြစ် အပျက်များ

အကြောင်းကိုလည်း ဖော်ပြနိုင်ခဲ့ပါတယ်။ ယူကရိန်း တော်လှန်ရေး၊ ဂျော်ဂျီယာကို ရုရှားကကျူ.းေ.က.ျာ်ခြင်း၊ ၂၀၁၁ခုနှစ် ဂျပန်ငလျင်နှင့်ဆူနာမီ စတာတွေကိုလည်း ဖော်ပြပေးခဲ့ပါတယ်။ သူမသည် အရှေ့အလယ်ပိုင်း၊

ရုရှားနှင့် တရု.တ်နိုင်ငံတို့တွင် နေထိုင် အလုပ်လုပ်ခဲ့ပြီး ဆီးရီးယားလူထုအ.ုံကြ.ွမှုအတွင်း ဆီးရီးယားနိုင်ငံအတွင်းမှ သတင်းထောက်လှမ်းပေးမှုများကြောင့် ၂၀၁၂တွင် George Foster Peabodyဆု၊ ၂၀၁၅တွင်

အပြည်ပြည်ဆိုင်ရာ အစီအရင်ခံခြင်းအတွက် 2015 Murrow Awardနဲ့ Columbia Silver Batonဆု ၇ခုနှင့် ရေဒီယိုနှင့်ရုပ်မြင်သံကြား သတင်းထောက်များအသင်းမှ ဂုဏ်ပြုဆုများလည်းရခဲ့ပါတယ်။ တချို့တွေလည်း

သူ့ကို မယုံကြပဲ ထင်ရာပြောနေကြတာလေးတွေ အရင်ရက်ပိုင်းကတွေ့လို့ သူက ဘယ်သူ၊ဘယ်လိုရပ်တည်ခဲ့တာ ဘာတွေလုပ်နိုင်ခဲ့လဲသိရတဲ့အခါ စိတ်သိပ်မပူရစေချင်လို့ sharing လေးလုပ်ပေးတာပါ သတင်းအမှန် ရသလောက်

သယ်ပီး သယ်နိုင်သလောက် သူကမ္ဘာကိုချပြပါတယ်။ ဒါသူ့ အလုပ်ပါ။ သူ့နာမည်နဲ့သိက္ခာ သူချစ်တဲ့အလုပ်အပေါ် သစ္စာရှိပြီး ကျမတို့အတွက်လည်း အမှန်တရားဘက်က ရပ်တည်ပေးတယ့်သူပါ။ လေးစားစွာဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *