မြန်မာ နိုင်ငံကြီး ငြိမ်းချမ်းဖို့ အတွက် သိကျွမ်းတဲ့ မိတ်ဆွေတွေ နဲ့ အတူ စုပေါင်းပြီး ပရိတ် ရွတ်ပွဲ ပြုလုပ် ခဲ့တဲ့ သင်ဇာဝင့်ကျော်

Posted on

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အနုပညာ အလုပ်တွေကို ဆယ်စုနှစ်ကျော်လောက်အထိ ကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်ပြီး နေရာတစ်ခုကိုလည်း အခိုင်အမာစိုက်ထူထားနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာက ဗီဒီယိုဇာတ်ကားတွေကတစ်ဆင့် အနုပညာ လမ်းကြောင်းထက်ကို စတင် လျှောက်လှမ်းလာခဲ့တာဖြစ်ပြီး ယခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တစ်ယောက် ဖြစ်လို့နေပါတယ်။

သင်ဇာက ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်ရိုက်ကူးနေရတဲ့ အပြင် Photo shooting တွေကိုလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ သင်ဇာက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့ အတူ ပူးပေါင်း ရပ်တည်နေတာကို တွေ့ရပါတယ်။ သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာ အကောင့် မှာလည်း လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှလေ့ ရှိတာပါနော်။

ဒီကနေ့မှာလည်း သင်ဇာက သိကျွမ်းတဲ့ မိတ်ဆွေတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံ ကြီး ငြိမ်းချမ်းဖို့ အတွက် ပရိတ်ရွတ်ပွဲ ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် ” ယနေ့ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှူ တို့ကြောင့် မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ သမ္မတကြီးနဲ့ အမေစုလဲ အမြန်ဆုံးပြန်လည် လွှတ်မြောက်ပါစေ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာ ဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit – Thin Zar Wint Kyaw’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *