မြန်မာ တပြည်လုံး “လူထု တော်လှန် ရေးနေ့” ကြေညာ လိုက်ပြီ
Posted on
၂၀၂၁-ခုနှစ် မတ်လ (၂၇) ရက်နေ့ – “မြန်မာ တပြည်လုံး လူထု တော်လှန်ရေးနေ့”၂၀၂၁-ခုနှစ် မတ်လ (၂၇) ရက်နေ့ – “မြန်မာတပြည်လုံး ဖက်စစ်အကြမ်း ဖက်စစ်အုပ်စုကို တော်လှန်သောနေ့”ပြည့်သူ့ သူရဲကောင်း ကိုဝေမိုးနိုင် မှ မတ်လ (၂၇) ရက် နေ့ ကို ဖက်စစ် အကြမ်းဖက်သမား စစ်အုပ်စု ကို တချိန်တည်း တပြိုင်တည်း တညီတည်း တော်လှန်သော “လူထုတော်လှန်ရေးနေ့” အဖြစ်ကြေငြ ာသွားပါပြီ။ သေသေချာချာ ကြိုတင် ပြင်ဆင်ပြီး တချိန်တည်း တပြိုင်တည်း တညီတည်း လူထုတရပ်လုံးက “ဖက်စစ် အကြမ်းဖက်စစ်အုပ်စုကို တော်လှန်သောနေ့” ဖြစ်သည် ဟု ပြတ်ပြတ်သားသား ပြောသွားပါပြိ။မြန်မာတပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် သေသေချာချာ ကြိုတင် ပြင်ဆင်ပြီး တချိန်တည်း တပြိုင်တည်း တညီတည်း မတ်လ (၂၇) ရက် နေ့ တွင် ဖက်စစ် အကြမ်းဖက်သမား စစ်အုပ်စုကို ရရာစွဲကိုင်ပြီး တော်လှန်ကြပါစို့။
မတ်လ ၂၇ ရက်နေ့…ဖက်ဆစ်တော်လှန်ရေးနေ့ မှာ ပြည်လုံးကျွတ် အလှူကြီးပေး ကြပါမယ်။ အအေးတတ်နိုင်သူက အအေး၊ ဒန်ပေါက် တတ်နိုင်သူက ဒန်ပေါက်၊ ကြက်ဆီထမင်းတတ်နိုင်သူက ကြက်ဆီထမင်း၊ မိမိရရ ဝဝလင်လင် ကျွေးကြပါမယ်။ ခုကတည်းက အလှူကြီးကို နိုင်နိုင်နင်းနင်း ပေးကျွေးနိုင်ဖို့ ရိက္ခာများကို ရနိုင်သမျှ များများ စုဆောင်းထားကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား။
အရေးကြီးဆုံး အချက်က မိမိမှာ ရိက္ခာပြည့်စုံပြီ ဆိုရုံ နဲ့ မိမိတစ်ဦးတည်း၊ တစ်လမ်းတည်း မကျွေးမိပါစေနဲ့။ တစ်မြို့နယ်လုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လာစားမဲ့ ဧည့်ပရိတ်သက် ကို စေတနာဗရပျစ် နဲ့ တဝကြီး ကျွေးကြပါစို့ ခင်ဗျာ။ ထပ်ပြောပါရစေ။ မတ်လ ၂၇ ရက်နေ့၊ တစ်နိုင်လုံးအတိုင်းအတာနဲ့ အလှူကြီးပေးမဲ့နေ့၊ မတ်လ ၂၇ ရက်နေ့၊ ဖက်ဆစ်စနစ် အာဏာရှင်များအတွက်လူထုတော်လှန်ရေးနေ့ ။ ညီအစ်ကို မောင်နှမများ ကုသိုလ်တော် ပါဝင်ယူကြဖို့ မေတ္တာရပ်ခံပါတယ်။ ငာတို့တွေ နိုင်ကိုနိုင်ရပါမယ်။ အရေးတော်ပုံအောင်ရမည်
crd
zawgyi
crd
Leave a Reply
Your email address will not be published. Required fields are marked *