မြန်မာ ဆန်ဆန် အမြဲ ဝတ်ပြီး ဆန္ဒ မပြ နိုင်တာကို နားလည် ပေးဖို့ “မြနှင်းရည်လွင်” ဆို

Posted on

ပြီးခဲ့တဲ့ ရက်ပိုင်းက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ မှာ ဆန္ဒပြတဲ့ ထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင် ရဲ့ မြန်မာဝတ်စုံ နဲ့ ပုံဟာ ဆိုရှယ်မီဒီယာပေါ် မှာ လူ ပြောများပြီး သဘောကျ နှစ်သက်ခဲ့ကြပါတယ်။

“ကျမ ကိုယ်တိုင် လည်း ငယ်ငယ် ကတည်းက အမေစုကို လေးစား အားကျခဲ့သူပါ။ အမြဲ အမေ့လို မြန်မာဆန်ဆန် ဝတ်ချင်တာပေါ့။ ဒါပေမဲ့ အခုလို ဆန္ဒတွေ ဖော်ထုတ်နေတဲ့အချိန် အခြေအနေ အရ ဝတ်သင့်တဲ့အချိန် ကျမ ဝတ်တယ်။ တခြားအချိန်တွေလည်း ရာသီဥတု အပူနဲ့ အပြင်မှာ အ ကြာကြီး ဟိုသွားဒီသွား၊ ဟိုပြေးရဒီပြေးရ၊ ဟိုလမ်းကူး ဒီလမ်းကူး လုပ်နေရတဲ့ အတွက် ကျမအ တွက် ပေါ့ပါးတာကို ဝတ်ရပါတယ်။ အဲဒီအတွက် နားလည်ပေးပါ။ အမေစုလို ပုံစံပြင်ဆင်ပြီး မြန် မာဆန်ဆန် အမြဲ မဝတ်ထားနိုင်တာကို ခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်ရှင်” လို့ မြနှင်းရည် လွင်က ပြောပါတယ်။

အဆိုပါ ဆန္ဒပြမှုကိုတော့ MRTV-4 မှ သရုပ်ဆောင်များက စုစည်းကာ မြန်မာ အင်္ကျီများ ဝတ် ဆ င် ၍ ဖမ်းဆီးခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အမြဲတ မ်း ပန်းပန်နေနိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက် နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

“နှိုင်းယှဉ်လို့ ဘယ်လိုမှ မရတဲ့ အမေစု ကို ကျမ အတု မခိုးသလို ဆံပင်ပုံ၊ အဝတ်အစားကြောင့် ဆင်သွားတာမျိုးပဲ ရှိပါတယ်။ ဒါကြောင့်လည်း အခုလို ထူးခြားအောင် ဝတ်ဆင်တာပါ။ အဲ့တော့ ထိရောက်တဲ့နည်းတွေ စဉ်းစားပြီး ကျမတို့တွေ ဆန္ဒဖော် ထုတ်နေရတဲ့အတွက် အမှားပါခဲ့ရင် လ ည်း သည်းခံခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ ကျေးဇူး တင်ပါတယ်ရှင့်” လို့ မြနှင်းရည် လွင် က ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေ အနေနဲ့လည်း ဆန္ဒ ထုတ်ဖော်မှုများ စတင်စဉ်ကတည်း က လမ်းပေါ်မှာ ပဋ္ဌာန်းရွတ်ဖတ်ခြင်းများ၊ တရားထိုင်ခြင်း၊ အမျှဝေခြင်းစတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထု တ် ဖော်ခြင်းများကို ဘယ်သူ့ကိုမှ ထိခိုက်ခြင်း မရှိဘဲ လုပ်နေတာ ဖြစ်ပါတယ်။

အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ကိုတော့ နေ့စဉ် ရက်ဆက်လိုလို ပြုလုပ်နေ ကြပြီး အနုပညာရှင်များကလည်း ပြည်သူထဲက ပြည်သူ ဖြစ်တဲ့အတွက် ပါဝင်နေကြတာဖြစ်တယ် လို့ သိရပါတယ်။

Source:Irrwady

Leave a Reply

Your email address will not be published. Required fields are marked *