ပရိသတ်ကြီးရေ…… ပြည့်တင်းလှပတဲ့ ခန္ဓာကိုယ်အလှတရားကြောင့် ပုရိသတွေအသည်းစွဲဖြစ်နေရတဲ့ မော်ဒယ်လ်နန်းမွေစံကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဆရာ၀န်ဘွဲ့ရတစ်ဦးဖြစ်ပေမယ့် ဆရာ၀န်အလုပ်ကိုစွန့်လွှတ်ကာ ဆက်စီ model တစ်ယောက်အနေ နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ နန်းမွေစံဟာ သူမရဲ့ထိမိလှတဲ့ အမိုက်စားပုံရိပ်တွေကို social networkမှာတင်ပေးလေ့ရှိတာကြောင့်လည်း ပရိသတ်တွေသတိထားမိလာခဲ့ပြီး အားပေး၀န်းရံမှုကိုရရှိခဲ့တာပါ။
ဒါ့ပြင်နန်းမွေ့စံရဲ့ ခပ်မိုက်မိုက် ပုံစံလေး နဲ့ အလန်းစားဖက်ရှင်ဒီဇိုင်းတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေလျက်ရှိတာကိုလည်း တွေ့ရပါတယ်။ နန်းမွေစံဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေကာ သူမရဲ့ရှုတင် ရိုက်ကွင်းပုံရိပ်တွေအပြင် Tik Tokဗီဒီယိုလေးတွေကိုပါ ပရိသတ်တွေအတွက် တင်ပေးလေ့ရှိသူဖြစ်ပါတယ်နော်….။
အခုဆိုရင်လည်းနန်းမွေစံဟာ သဘာ၀ရှုခင်းတွေ နဲ့အပြိုင် မြန်မာဆန်ဆန်၀တ်စုံလေးနဲ့လှနေတဲ့ ဗီဒီယိုလေးတွေကို သူမရဲ့ Tik Tok accလေးမှာတင်ပေးလာခဲ့ပါတယ်။ နန်းမွေစံဟာ မြန်မာ၀တ်စုံလေးနဲ့အတူ သူမရဲ့ကျစ်လျစ်လှပတဲ့ဘော်ဒီအချိုးအစားလေးကလည်း အထင်းသားပေါ်လွင်လှပနေတာပါနော်။ ကဲ…..ပရိသတ်တွေအတွက် နန်းမွေစံရဲ့ဗီဒီယိုလေး ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Nang Mwe San’s Tik tok acc
zawgyi