“မြန်မာ့ အရေး တရုတ်က ဘက်မ လိုက် ဘဲ အားလုံး နဲ့ ထိ တွေ့သွားမယ် လို့ ဆို”

Posted on

အိမ်နီးချင်း မြန်မာနိုင်ငံက အကျပ်အတည်း ကို ဖြေလျော့နိုင်ဖို့ အတွက် တရုတ်အနေနဲ့ ဘယ်ဘက်ကိုမှ မလိုက်ဘဲ အင်အားစုအားလုံးနဲ့ ထိတွေ့ဆက်ဆံ သွားဖို့ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ယီက ဒီကနေ့ပြောလိုက်ပါတယ်။ မြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေတွေဟာ တရုတ်နိုင်ငံက တွေ့မြင်လိုတဲ့ အနေအထား လုံးဝမဟုတ်ဘူးလို့ ဆိုလိုက်ပြီး မြန်မာစစ်တပ်အာဏာသိမ်းတဲ့ အရေးမှာ တရုတ်ရဲ့ပါဝင်မှုရှိနေတယ်ဆိုတဲ့ ကောလဟလတွေကို ပယ်ချလိုက်ပါတယ်။

“တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားတဲ့အပေါ် အခြေခံပြီး ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်သွယ် သွားဖို့ ဆန္ဒရှိပါတယ်။ ဒါ့ကြောင့် တင်းမာမှုတွေ လျော့ကျသွားစေမယ့် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာပါဝင်လိုပါတယ်”လို့ ဘေးဂျင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်ယီက ပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေ အားလုံးက ဖေဖော်ဝါရီ ၁ရက်နေ့အာဏာသိမ်းမှုကို အပြင်းအထန် ရှုတ်ချနေပေမယ့် တရုတ်နိုင်ငံက တည်ငြိမ်မှုကအရေးကြီးတယ် လို့သာ တစ်လျှောက်လုံးပြောနေခဲ့တာဖြစ်ပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို တရုတ်နိုင်ငံက ထားရှိနေပြီး တရုတ်နဲ့မိတ်ဆွေဖြစ်မှုက မြန်မာနိုင်ငံရဲ့ကဏ္ဍအားလုံးရဲ့ သဘောတူညီချက်ဖြစ်ပါတယ်”လို့ ဝမ်ယီက ဆိုပါတယ်။ “မြန်မာပြည်အခြေအနေ တွေ ဘယ်လိုပဲပြောင်းပြောင်း တရုတ်အနေနဲ့ တရုတ်-မြန်မာချစ်ကြည်ရေးကိုသာ ဆက်လက် မြှင့်တင်သွားဖို့ရှိနေပြီး ဒီလမ်းကြောင်းက ပြောင်းလဲသွားမှာမဟုတ်ပါဘူး”လို့ ဝမ်ယီရဲ့ပြောဆိုချက်ကို ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

Kamayut Media

zawgyi

အိမ္နီးခ်င္း ျမန္မာႏိုင္ငံက အက်ပ္အတည္း ကို ေျဖေလ်ာ့ႏိုင္ဖို႔ အတြက္ တ႐ုတ္အေနနဲ႔ ဘယ္ဘက္ကိုမွ မလိုက္ဘဲ အင္အားစုအားလုံးနဲ႔ ထိေတြ႕ဆက္ဆံ သြားဖို႔ဆႏၵရွိတယ္လို႔ တ႐ုတ္ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဝမ္ယီက ဒီကေန႔ေျပာလိုက္ပါတယ္။ ျမန္မာျပည္မွာျဖစ္ေနတဲ့အေျခအေနေတြဟာ တ႐ုတ္ႏိုင္ငံက ေတြ႕ျမင္လိုတဲ့ အေနအထား လုံးဝမဟုတ္ဘူးလို႔ ဆိုလိုက္ၿပီး ျမန္မာစစ္တပ္အာဏာသိမ္းတဲ့ အေရးမွာ တ႐ုတ္ရဲ႕ပါဝင္မႈရွိေနတယ္ဆိုတဲ့ ေကာလဟလေတြကို ပယ္ခ်လိုက္ပါတယ္။

“တ႐ုတ္ျပည္အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ ျမန္မာျပည္သူေတြရဲ႕ဆႏၵကို ေလးစားတဲ့အေပၚ အေျခခံၿပီး ဘက္ေပါင္းစုံနဲ႔ ထိေတြ႕ဆက္သြယ္ သြားဖို႔ ဆႏၵရွိပါတယ္။ ဒါ့ေၾကာင့္ တင္းမာမႈေတြ ေလ်ာ့က်သြားေစမယ့္ အျပဳသေဘာေဆာင္တဲ့ အခန္းက႑မွာပါဝင္လိုပါတယ္”လို႔ ေဘးဂ်င္းမွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဝမ္ယီက ေျပာခဲ့ပါတယ္။

အေနာက္ႏိုင္ငံေတြ အားလုံးက ေဖေဖာ္ဝါရီ ၁ရက္ေန႔အာဏာသိမ္းမႈကို အျပင္းအထန္ ရႈတ္ခ်ေနေပမယ့္ တ႐ုတ္ႏိုင္ငံက တည္ၿငိမ္မႈကအေရးႀကီးတယ္ လို႔သာ တစ္ေလွ်ာက္လုံးေျပာေနခဲ့တာျဖစ္ပါတယ္။ “အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အပါအဝင္ ျမန္မာႏိုင္ငံက အဖြဲ႕အစည္းအားလုံးနဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈကို တ႐ုတ္ႏိုင္ငံက ထားရွိေနၿပီး တ႐ုတ္နဲ႔မိတ္ေဆြျဖစ္မႈက ျမန္မာႏိုင္ငံရဲ႕က႑အားလုံးရဲ႕ သေဘာတူညီခ်က္ျဖစ္ပါတယ္”လို႔ ဝမ္ယီက ဆိုပါတယ္။ “ျမန္မာျပည္အေျခအေန ေတြ ဘယ္လိုပဲေျပာင္းေျပာင္း တ႐ုတ္အေနနဲ႔ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးကိုသာ ဆက္လက္ ျမႇင့္တင္သြားဖို႔ရွိေနၿပီး ဒီလမ္းေၾကာင္းက ေျပာင္းလဲသြားမွာမဟုတ္ပါဘူး”လို႔ ဝမ္ယီရဲ႕ေျပာဆိုခ်က္ကို ႐ိုက္တာသတင္းက ေဖာ္ျပခဲ့ပါတယ္။

Kamayut Media

Leave a Reply

Your email address will not be published. Required fields are marked *