မြန်မာ့ ရိုးရာဓလေ့ အတိုင်း ဝတ်စား ဆင်ယင် ပြီး တစ်နေ့တစ်မျိုး မရိုးရအောင် လူထု လှုပ်ရှားတွေကို နေ့စဉ် ရက်ဆက် ပြုလုပ်နေကြတဲ့ ပြည်သူများ

Posted on

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ပြည်သူလူထုကလည်းစိတ်ဓာတ်ခွန်အားအပြည့်နဲ့ စည်းစည်းလုံးလုံး ရင်ဆိုင်ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။Gen Zတွေကတော့ဇာတိသွေး၊ဇာတိမာန်ပြည့်ဝပြီး အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခံရဲတဲ့ စိတ်လည်း ရှိကြပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ ရဲစွမ်းသတ္တိအပြည့်နဲ့ပါဝင်ဆောင်ရွက်ကြရင်း အသက်ပေးသွား ရပြီဖြစ်တဲ့ သူရဲကောင်းတွေလည်း အယောက်(၅၀၀)ကျော်နေပြီဖြစ်ပါတယ်။

ပြည်သူလူထုကတော့ အများအကျိုး အတွက်ဆောင်ရွက်ရင်း ကြွေလွင့်သွားခဲ့ ရတဲ့သူရဲကောင်းတွေ အသက်ပေးရတာ နဲ့ တန်အောင်လို့ ယနေ့အချိန်ထိတိုင် မမောမပန်း နိုင်ဘဲ တွန်းလှန်နေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်းလူထုလှုပ်ရှားမှုတွေကို နည်းလမ်းမျိုးစုံနဲ့ နေ့စဉ်ရက်ဆက်ပြုလုပ်နေကြဆဲဖြစ်ပါတယ်။ အခုဆိုရင်လည်း လူငယ်တွေက မြန်မာ့ရိုးရာ ဓလေ့အတိုင်း ဝတ်စားဆင်ယင်ကာ “တောဓလေ့သပိတ်စစ်ကြောင်း”ဆိုပြီး အေးချမ်းစွာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မိန်းကလေးတွေက ထဘီနဲ့ရင်ဖုံး၊ရင်စေ့ အင်္ကျီလေးတွေကိုဝတ်ဆင်ကြပြီး ယောကျ်ားလေး တွေ ကလည်း ပုဆိုးနဲ့ရှပ်အင်္ကျီလေးတွေဝတ်ကာ ခမောက်ပါဆောင်းထားကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် အကြံဉာဏ်မျိုးစုံနဲ့ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်နိုင်တဲ့အတွက် လေးစားစရာကောင်းကြပါတယ်။ မြန်မာ့အငွေ့အသက်တွေလွှမ်းခြုံထားပြီး အေးအေးချမ်းချမ်း နဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *