မြန်မာ့ နှစ်သစ်ကူး အလှူအဖြစ် အိမ်ထောင်စု (၁၀၀) စာအတွက် လိုအပ်တာတွေ ကို မိတ်ဆွေများ နဲ့စုပေါင်း လှူဒါန်း ခဲ့တဲ့ ရေဗက္ကာဝင်း

Posted on

အဆိုတော် ရေဗက္ကာဝင်းကတော့ ဂီတလောက မှာ ဆယ်စုနှစ်ကျော် တိုင်အောင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာတွေကိုလည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမကတော့ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက် ကနေ တစ်သွေးတည်း တစ်သား တည်း ရပ်တည်ပေးနေသူ ဖြစ်ပါတယ်။

လတ်တလောမှာလည်း သူငယ်ချင်းများ နဲ့အတူ အလှူငွေများကောက်ခံပြီး စားဝတ် နေရေး ခက်ခဲနေသူများကို စုပေါင်းလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲဝေမျှပေးနေပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရေဗက္ကာဝင်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မြန်မာ့နှစ်သစ်ကူးအလှူအဖြစ် အိမ်ထောင်စု ၁၀၀ စာအတွက် စားသောက်ကုန်တွေအားမိတ်ဆွေများနဲ့စုပေါင်း လှူဒါန်းပေးဖို့ ပြင်ဆင်နေတဲ့ ပုံတွေ တင်ထားတာ ဖြစ်ပါတယ်။

သူမကလည်း ” မြန််မာနှစ်သစ်ကူး အလှူကောင်းမှု အဖြစ်

အိမ်ထောင်စု ၁၀၀စာအတွက် စားသောက်ကုန်များ ဖြစ်တဲ့

ပေါ်ဆန်းမွှေး ၃ပြည်

နေကြာဆီ ၁လီတာ

ကြက်သွန်နီ ၁ပိဿ

ခေါက်ဆွဲခြောက် ၁ပါကင်

ပဲနီလေး ၁ထုပ်

Maggi စွယ်စုံသုံးဟင်းခပ်မှုန့် ၂ပါကင်

ကြက်အူချောင်း ၂၀သား

ပဲကြာဇံ ၁ပါကင် တို့ကို

စေတနာရှင်များဖြစ်ကြတဲ့

အနုပညာ ပိုးသဘက် Shingni Nbat (မြစ်ကြီးနား)

ပထမမြန်မာနှစ်ခြင်း အသင်းတော် (ဆန်ဖရန်စ္စကို)

မင်မင်( Rebecca Win fanclub admin)

မသီတာ (LA)

မထွေးထွေးစိန် (LA)

Nestle Myanmar

တို့နဲ့အတူ လိုအပ်နေတဲ့ ပြည်သူများထံ ကုသိုလ်ဒါနပြုခဲ့ပါတယ်ရှင် 💜” ဆိုပြီး ရေးသားထား တာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Rebecca Win’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *