မြန်မာ့ နှစ်သစ်ကူး အခါသမယ မှာ ဌက်ကလေးတွေ ကို ဘေးမဲ့ လွှတ်ပေးရင်း ကုသိုလ် ယူနေတဲ့ စံရတီမိုးမြင့် ရဲ့ဗီဒီယိုဖိုင်

Posted on

မင်းသမီး စံရတီမိုးမြင့်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ် ကားပေါင်းများစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိပြီး ပရိသတ်တွေ အပေါ်မှာလည်း တလေး တစား ဆက်ဆံတတ်သူ ဖြစ်တာကြောင့် အားလုံးက လေးစား သဘောကျနေကြတာပါ။ သူမကတော့ ဘာသာတရားလည်း ကိုင်းရှိုင်းလွန်းပြီး မကြာခဏဆိုသလို တရားစခန်း ဝင်လေ့ရှိသူ ဖြစ်ပါတယ်။

ဒါ့အပြင် အလှူရေစက်လက်နဲ့မကွာဆိုသလို လိုအပ်တဲ့ နေရာတိုင်းကို သွား ရောက် လှူဒါန်းလေ့ရှိတဲ့ မင်းသမီးချောလေးပါပဲနော်။ မနေ့ကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့မှာတော့ လူတိုင်းလိုလို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ကြည်နူးစရာကောင်းတဲ့ အချိန်တွေ ဖြတ်သန်း ကုန်ဆုံးခဲ့ကြတာပါ။

မနေ့ကလည်း စံရတီမိုးမြင့်ရဲ့Instagram Story တွင် ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဌက်ကလေးတွေကို ဘေးမဲ့လွှတ်ပေးရင်း ကုသိုလ်ယူနေတဲ့ စံရတီမိုးမြင့်ရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမနေအိမ်တွင် သံဃာတော် များပင့်ဖိတ်ကာ ပရိတ်တရားတော်နာ ယူခဲ့တာကိုလည်းဗီဒီယိုရိုက်ကူးကာ မှတ်တမ်းတင် ထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-San Yati Moe Myint’s IG Account

Leave a Reply

Your email address will not be published. Required fields are marked *