မြန်မာ့ ဒီမိုကရေစီ ကို အင်အားသုံး ပြောင်းလဲ မှုမှန် သမျှ ပြင်းပြင်း ထန်ထန် ဆန့်ကျင် ရန် အမေရိကန်၊ ဂျပန်၊ အိန္ဒိယ နှင့် သြစတြေးလျ တို့ကြား သဘောတူ

Posted on

လေးနိုင်ငံ အုပ်စုဟုခေါ်သော အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ နိုင်ငံ တို့မှ နိုင်ငံခြားရေး ဝန်ကြီးများ က မြန်မာနိုင်ငံ၌ဒီမိုကရေစီစနစ် ဆီသို့ အလျင်အမြန်ပြန်သွားရ မည်ဟုပြောကြားပြီး မူလအခြေ အနေကို အင်အားသုံး၍ပြောင်းလဲ ရန်ကြိုးပမ်းမှုများအား ပြင်းပြင်း ထန်ထန်ဆန့်ကျင်ရန် သဘောတူ ညီခဲ့ကြကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတဂျိုးဘိုင်ဒန် လက် ထက်တွင် ပထမဆုံးအကြိမ်အ ဖြစ် အမေရိကန် နိုင်ငံခြားရေးဝန် ကြီး အန်တိုနီယိုဘလင်ကန်နှင့် အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများအွန် လိုင်းမှတွေ့ဆုံကာ မြန်မာနိုင်ငံ အရေး၊ COVID-19 ကမ္ဘာ့ကပ် ရောဂါ၊ အင်ဒို-ပစိဖိတ်နယ်နိ မိတ်ဆိုင်ရာနှင့် ရေကြောင်းသွား လာမှုဆိုင်ရာ ပြဿနာများကို ဆွေးနွေးခဲ့ကြကြောင်း အမေရိ ကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တစ်ရပ်က ဖော်ပြ သည်။

မြန်မာနိုင်ငံတွင်ဒီမိုကရေစီ စနစ် အလျင်အမြန်ပြန်လည်ကျင့် သုံးရန်နှင့် မူလ အခြေအနေကို အင်အား သုံး၍ ပြောင်းလဲရန်တစ် ဖက်သတ် ကြိုးပမ်းမှုများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရန် မိမိတို့အားလုံး သဘောတူခဲ့ကြ ကြောင်းဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီ မစ်ဆုမိုတီဂီက သတင်းထောက် များအား ပြောကြားသည်။

ဘလင်ကန်နှင့် လေးနိုင်ငံ အုပ်စုမှ အခြားသောနိုင်ငံခြားရေး ဝန်ကြီးများသည် အကြမ်း ဖက်မှု တိုက်ဖျက်ရေး၊ သတင်းအမှား များတိုက်ဖျက်ရေး၊ ရေပြင်လုံခြုံ ရေးနှင့် မြန်မာနိုင်ငံ၌ရွေးကောက် ခံဒီမိုကရေစီအစိုးရအား ပြန်လည် ခန့်အပ်ရန်အရေးတကြီး လိုအပ် နေကြောင်း စသောအချက်များ ကို ဆွေးနွေးခဲ့သည်ဟု အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။ ပိုကျယ်ပြန့်သောယင်းဒေသ တွင် ဒီမိုကရေစီအင်အားကောင်း လာစေရေး ဦးစားပေးဆောင်ရွက် ရန် လည်း လေးနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ယင်းနိုင်ငံခြားရေး ဝန်ကြီးများက ဝန်ကြီးများအဆင့် နှစ်စဉ်တွေ့ဆုံဆွေးနွေ းရန်၊ အ ကြီးတန်း အရာရှိများ အဆင့်ပုံမှန် တွေ့ဆုံကာ ဆက်ဆံရေးအား ကောင်းအောင်ဆောင်ရွက်ရေး၊ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ် ပွင့်လင်းမှု အားကောင်း လာစေ ရေး၊ လွတ်လပ်စွာရေကြောင်း သွားလာရေ းနှင့် နယ်နိမိတ်ဆိုင် ရာ ဂုဏ်သိက္ခာကိုထောက်ခံကူညီ ရေးတို့အတွက်လည်း ဆွေးနွေးခဲ့ ကြသည်။

7day News

—Ref: Reuters

zawgyi

ေလးႏိုင္ငံ အုပ္စုဟုေခၚေသာ အေမရိကန္၊ ဂ်ပန္၊ အိႏၵိယႏွင့္ ၾသစေၾတးလ် ႏိုင္ငံ တို႔မွ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား က ျမန္မာႏိုင္ငံ၌ဒီမိုကေရစီစနစ္ ဆီသို႔ အလ်င္အျမန္ျပန္သြားရ မည္ဟုေျပာၾကားၿပီး မူလအေျခ အေနကို အင္အားသုံး၍ေျပာင္းလဲ ရန္ႀကိဳးပမ္းမႈမ်ားအား ျပင္းျပင္း ထန္ထန္ဆန႔္က်င္ရန္ သေဘာတူ ညီခဲ့ၾကေၾကာင္း ဂ်ပန္ႏိုင္ငံျခား ေရးဝန္ႀကီးက ေဖေဖာ္ဝါရီ ၁၈ ရက္တြင္ ေျပာၾကားလိုက္သည္။

သမၼတဂ်ိဳးဘိုင္ဒန္ လက္ ထက္တြင္ ပထမဆုံးအႀကိမ္အ ျဖစ္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ ႀကီး အန္တိုနီယိုဘလင္ကန္ႏွင့္ အိႏၵိယ၊ ဂ်ပန္၊ ၾသစေၾတးလ်ႏိုင္ငံ တို႔မွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအြန္ လိုင္းမွေတြ႕ဆုံကာ ျမန္မာႏိုင္ငံ အေရး၊ COVID-19 ကမာၻ႔ကပ္ ေရာဂါ၊ အင္ဒို-ပစိဖိတ္နယ္နိ မိတ္ဆိုင္ရာႏွင့္ ေရေၾကာင္းသြား လာမႈဆိုင္ရာ ျပႆနာမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း အေမရိ ကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ ေၾကညာခ်က္တစ္ရပ္က ေဖာ္ျပ သည္။

ျမန္မာႏိုင္ငံတြင္ဒီမိုကေရစီ စနစ္ အလ်င္အျမန္ျပန္လည္က်င့္ သုံးရန္ႏွင့္ မူလ အေျခအေနကို အင္အား သုံး၍ ေျပာင္းလဲရန္တစ္ ဖက္သတ္ ႀကိဳးပမ္းမႈမ်ားအား ျပင္းျပင္းထန္ထန္ ဆန႔္က်င္ရန္ မိမိတို႔အားလုံး သေဘာတူခဲ့ၾက ေၾကာင္းဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး တိုရွီ မစ္ဆုမိုတီဂီက သတင္းေထာက္ မ်ားအား ေျပာၾကားသည္။

ဘလင္ကန္ႏွင့္ ေလးႏိုင္ငံ အုပ္စုမွ အျခားေသာႏိုင္ငံျခားေရး ဝန္ႀကီးမ်ားသည္ အၾကမ္း ဖက္မႈ တိုက္ဖ်က္ေရး၊ သတင္းအမွား မ်ားတိုက္ဖ်က္ေရး၊ ေရျပင္လုံၿခဳံ ေရးႏွင့္ ျမန္မာႏိုင္ငံ၌ေ႐ြးေကာက္ ခံဒီမိုကေရစီအစိုးရအား ျပန္လည္ ခန႔္အပ္ရန္အေရးတႀကီး လိုအပ္ ေနေၾကာင္း စေသာအခ်က္မ်ား ကို ေဆြးေႏြးခဲ့သည္ဟု အေမရိ ကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာၾကားသည္။ ပိုက်ယ္ျပန႔္ေသာယင္းေဒသ တြင္ ဒီမိုကေရစီအင္အားေကာင္း လာေစေရး ဦးစားေပးေဆာင္႐ြက္ ရန္ လည္း ေလးႏိုင္ငံႏိုင္ငံျခားေရး ဝန္ႀကီးမ်ား ေဆြးေႏြးခဲ့ၾကသည္။

ထို႔အျပင္ ယင္းႏိုင္ငံျခားေရး ဝန္ႀကီးမ်ားက ဝန္ႀကီးမ်ားအဆင့္ ႏွစ္စဥ္ေတြ႕ဆုံေဆြးေႏြ းရန္၊ အ ႀကီးတန္း အရာရွိမ်ား အဆင့္ပုံမွန္ ေတြ႕ဆုံကာ ဆက္ဆံေရးအား ေကာင္းေအာင္ေဆာင္႐ြက္ေရး၊ အင္ဒို-ပစိဖိတ္ေဒသ လြတ္လပ္ ပြင့္လင္းမႈ အားေကာင္း လာေစ ေရး၊ လြတ္လပ္စြာေရေၾကာင္း သြားလာေရ းႏွင့္ နယ္နိမိတ္ဆိုင္ ရာ ဂုဏ္သိကၡာကိုေထာက္ခံကူညီ ေရးတို႔အတြက္လည္း ေဆြးေႏြးခဲ့ ၾကသည္။

7day News

—Ref: Reuters

Leave a Reply

Your email address will not be published. Required fields are marked *