မြန်မာ့ ကမ်းလွန် ဘင်္ဂလားပင်လယ်အော် မှာ အမေရိကန် + ဂျပန်+ ဩစတေးလျ+အိန္ဒိယ နှင့် ပြင်သစ် တို့ ပူး ပေါင်းပြီး လုပ်မယ့် ရေတပ် စစ်ရေး လေ့ကျင့်ခန်း”

Posted on

အမေရိကန် Nuclear Reactor ၂ ခု ( 194 MW) စွမ်းအင် သုံးလေယာဉ်တင်စစ်သဘ်ော USS Theodore Roosevelt နှင့် ရေတပ်သဘ်ော အုပ်စုဟာလည်း တောင်တရုတ်ပင်လယ် ပြင်မှနေ၍ အိန္ဒိယသမုဒ္ဒယာ အရှေ့ဘက် ခြမ်း ဆီ သို့ ဦးတည်ခုတ်မောင်းလာနေပါတယ် ။ US Aircraft Carrier USS Theodore Roosevelt (CVN71 )fleetရဲ့တည်နေရာဟာ ၁၅/၃/၂၁ နေ့တွင် ဩစတေးလျှမြောက်ဘက် ပစိဖိတ်သမုဒ္ဒယာ နှင့် အိန္ဒိယသမုဒ္ဒယာအစပ်သို့ ရောက်နေကြောင်းတွေ့ရပါတယ် ။

မကြာမီ ၁ ပတ်၁၀ရက် အတွင်း ဘဂ်လားပင်လယ်အော် ( Bay of Bengal ) သို့ ရောက်မယ်လို့ ခန့်မှန်းပါတယ်။ Quad – Plus Navy Drill ( အာရွေနတိုး Quad မဟာမိတ်လေးနိုင်ငံ အမေရိကန်-ဩစီ-ဂျပန်- အိန္ဒိယ + ပြင်သစ် ရေတပ်များ ပါဝင်သော “ La Perouse “ ဟုနာမည်ပေးထားသော ရေတပ်စစ်ရေးလေ့ကျင့်ပွဲကို မြန်မာ့ ကမ်းလွန် “ ဘဂ်လားပင်လယ်အော်” တွင် ဧပြီလ ၄ – ၇ရက် ( လေးရက်ကြာလုပ်ပါမည်) ဟု THE TIMES OF INDIA 🇮🇳 သတင်းစာက ဒီနေ့ ၁၅/၀၃/၂၀၂၁ ကရေးသားထားပါတယ်။

ပဲ့ထိန်းဒုံးကြည်တင်ဖျက်သဘ်ောများ၊ဖရီးဂိတ် စစ်သဘ်ောများ၊ ရေငုပ်သဘော်များ၊ ကင်းထောက်လေယာဉ်များ ပါဝင်မဲ့အဆင့်မြင့် နည်းပညာများနှင့်နည်းဗျူဟာရှုပ်ထွေးသော ရေတပ်ပူးပေါင်းလေ့ကျင့်ရေးကို ဘဂ်လား ပင်လယ်အော်တွင်ပြုလုပ်မှာပါ။ မြန်မာ့ကမ်းလွန်မှာပါ။

Ref : Times of India

zawgyi




Ref : Times of India

Leave a Reply

Your email address will not be published. Required fields are marked *