မြန်မာ့အရေး အာဆီယံ ဘုံသဘော တူညီချက် ထုတ် ပြန် လိုက်ပြီ

Posted on

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မှာ ဧပြီ ၂၄ ရက် ဒီကနေ့ ပြုလုပ်တဲ့ အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ရဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးကနေ ဘုံသဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

၁။ မြန်မာနိုင်ငံ မှာ အကြမ်း ဖက်မှုတွေ ချက်ချင်း ရပ်ပြီး သက်ဆိုင်သူ အားလုံး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့၊

၂။ ပြည်သူတွေ ရဲ့ အကျိုးစီးပွား အတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူ အားလုံး အပြုသဘော ဆွေးနွေးကြဖို့၊

၃။ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီ နဲ့ ဆွေးနွေးရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင် ညှိနှိုင်းပေးဖို့၊

၄။ အာဆီယံအသင်း ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာနက တဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊

၅။ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့… စတဲ့ အချက်ငါးချက်ကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းမှု၊ ဖမ်းဆီးထားသူတွေ အရေး စတာတွေနဲ့ ပတ်သက်လို့တော့ အာဆီယံ ရဲ့ ဘုံသဘောတူညီချက် ထဲမှာ ထည့်သွင်းထားတာ မတွေ့ရပါဘူး။

ဒီနေ့ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ပြုလုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo ကတော့… အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်နဲ့ တပ်ဖွဲ့ဝင်တွေက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ဖို့ တိုက်တွန်း သွားပါတယ်။

crd

zawgyi

အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ မွာ ဧၿပီ ၂၄ ရက္ ဒီကေန႔ ျပဳလုပ္တဲ့ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ား အသင္း (အာဆီယံ) ရဲ႕ ျမန္မာ့အေရး အေရးေပၚ အစည္းအေဝးကေန ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ထုတ္ျပန္လိုက္ပါတယ္။

၁။ ျမန္မာႏိုင္ငံ မွာ အၾကမ္း ဖက္မႈေတြ ခ်က္ခ်င္း ရပ္ၿပီး သက္ဆိုင္သူ အားလုံး ထိန္းထိန္း သိမ္းသိမ္း ေဆာင္႐ြက္ၾကဖို႔၊

၂။ ျပည္သူေတြ ရဲ႕ အက်ိဳးစီးပြား အတြက္ ၿငိမ္းခ်မ္းတဲ့အေျဖတစ္ခု ရေအာင္ သက္ဆိုင္သူ အားလုံး အျပဳသေဘာ ေဆြးေႏြးၾကဖို႔၊

၃။ အာဆီယံ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အကူအညီ နဲ႔ ေဆြးေႏြးေရး လုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ အာဆီယံဥကၠ႒ ရဲ႕ အထူးကိုယ္စားလွယ္တစ္ေယာက္က ၾကားဝင္ ညႇိႏႈိင္းေပးဖို႔၊

၄။ အာဆီယံအသင္း ရဲ႕ လူသားခ်င္းစာနာမႈ အကူအညီေပးေရး ဌာနက တဆင့္ ျမန္မာႏိုင္ငံကို အကူအညီေတြေပးဖို႔၊

၅။ သက္ဆိုင္သူ အားလုံးနဲ႔ ေတြ႕ဆုံဖို႔ အာဆီယံ အထူးကိုယ္စားလွယ္နဲ႔အဖြဲ႕ ျမန္မာႏိုင္ငံကို ေစလႊတ္ဖို႔… စတဲ့ အခ်က္ငါးခ်က္ကို သေဘာတူညီခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ စစ္တပ္က အာဏာသိမ္းမႈ၊ ဖမ္းဆီးထားသူေတြ အေရး စတာေတြနဲ႔ ပတ္သက္လို႔ေတာ့ အာဆီယံ ရဲ႕ ဘုံသေဘာတူညီခ်က္ ထဲမွာ ထည့္သြင္းထားတာ မေတြ႕ရပါဘူး။

ဒီေန႔ အစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံ ျပဳလုပ္တဲ့ အင္ဒိုနီးရွားႏိုင္ငံသမၼတ Joko Widodo ကေတာ့… အာဏာသိမ္း စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္နဲ႔ တပ္ဖြဲ႕ဝင္ေတြက ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ ဖို႔နဲ႔ ႏိုင္ငံေရး အက်ဥ္းသားေတြအားလုံးကို ခ်က္ခ်င္းျပန္လႊတ္ဖို႔ တိုက္တြန္း သြားပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *