မြန်မာ့အရေး မှာ အင် တိုက် အားတိုက် ပါဝင်ခဲ့ သလို အခုလည်း စိတ်ခွန်အား ဖြစ်စေမယ့် စကားတွေ များစွာ ပြောကြားလာတဲ့ SINON

Posted on

ဖိလစ်ပိုင် Cat Walk မော်ဒယ်လ် Sinon Loresca ကတော့ မြန်မာနိုင်ငံ ကို ချစ်ခင်တွယ်တာပြီး ရိုးသားတဲ့ ပြည်သူတွေကို အချစ်ပိုမိတာကြောင့် မြန်မာနိုင်ငံမှာ အချိန်ကြာမြင့်စွာ နေထိုင်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ Sinonက နိုင်ငံတကာမှာ လည်း အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက် ပါပဲနော်။

စိတ်ထား ဖြူစင်ပြီး ဖော်ရွေတဲ့ အပြောအဆို နဲ့ အလှူသဒ္ဓါတရား ထက် သန်တဲ့ သူ့ကို မြန်မာနိုင်ငံ က ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာပါ ။ သူကိုယ်တိုင် ကြိုးစားရှာဖွေထားတဲ့ အနုပညာငွေကြေးနဲ့ မကြာခဏဆိုသလို အလှူလေးတွေကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း သူတတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကာ speak out တွေလည်း များစွာ လုပ်ပေးခဲ့သူတစ်ယောက်ပါ ။ အကြောင်းအမျိုးမျိုးကြောင့် မွေးရပ်နိုင်ငံကို ပြန်သွားရပေမယ့် ဒီနေ့ထိ မြန်မာလူမျိုးတွေကို သတိရနေမိ ကြောင်း အမြဲဖော်ပြခဲ့ပါတယ်။

အခုလည်း မြန်မာပြည်သူပြည်သားတွေကို အားမလျော့ကြဖို့ အားပေးစကားလေး တွေ ပြောကြား လာပါတယ် ။ ” ကျတော်မြန်မာ ကိုနောက်တစ်ကြိမ်ပြန်လာပီး ကျတော့်ရဲ့အချိန်တွေကို ချစ်စရာ မြန်မာလူမျိုးတွေနဲ့ အရင်လို ‌ပျော်ပျော်ရွှင်ရွှင်နေရဖို့မစောင့်နိုင်တော့ဘူး ကျတော် ဘုရားသခင်ဆီမှာ အမြဲ ဆုတောင်းပေး နေပါတယ် စစ်ပွဲတွေ အဆုံးသတ်ဖို့ ကို ပီးတော့ အရင်လို မေတ္တာတွေအမြန်ဆုံးပြန်မြင်ရချင်နေပါပီဗျာမြန်မာနိုင်ငံက ပြည်သူပြည်သားများ အားတင်းထားပါ ခင်ဗျာ ကျတော်တို့ အချိန် ကျရောက်လာတော့မှာပါ နိုင်ပွဲကို ကျတော်တို့ ဆင်နွဲပီးအောင်ပွဲခံရမယ့်အချိန်နီးပါပီ “ဆိုပြီး သူရဲ့ ရင်ထဲက ခံစားချက်လေးတွေကို ဝေမျှလာရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။

Source & Photo Credit : Sinon Loresca Facebook Page

zawgyi

ဖိလစ္ပိုင္ Cat Walk ေမာ္ဒယ္လ္ Sinon Loresca ကေတာ့ ျမန္မာႏိုင္ငံ ကို ခ်စ္ခင္တြယ္တာၿပီး ႐ိုးသားတဲ့ ျပည္သူေတြကို အခ်စ္ပိုမိတာေၾကာင့္ ျမန္မာႏိုင္ငံမွာ အခ်ိန္ၾကာျမင့္စြာ ေနထိုင္ၿပီး အႏုပညာအလုပ္ေတြကို လုပ္ကိုင္ခဲ့သူပဲ ျဖစ္ပါတယ္။ Sinonက ႏိုင္ငံတကာမွာ လည္း ေအာင္ျမင္မႈေတြရရွိထားၿပီး ပရိသတ္အားေပးမႈကို အခိုင္အမာ ပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ ပါပဲေနာ္။

စိတ္ထား ျဖဴစင္ၿပီး ေဖာ္ေ႐ြတဲ့ အေျပာအဆို နဲ႔ အလႉသဒၶါတရား ထက္ သန္တဲ့ သူ႔ကို ျမန္မာႏိုင္ငံ က ပရိသတ္ေတြကလည္း ခ်စ္ခင္အားေပးၾကတာပါ ။ သူကိုယ္တိုင္ ႀကိဳးစားရွာေဖြထားတဲ့ အႏုပညာေငြေၾကးနဲ႔ မၾကာခဏဆိုသလို အလႉေလးေတြကိုလည္း ျပဳလုပ္ေလ့ရွိပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚခဲ့တဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီးလည္း သူတတ္ႏိုင္တဲ့ ဘက္ကေန ပါဝင္ကာ speak out ေတြလည္း မ်ားစြာ လုပ္ေပးခဲ့သူတစ္ေယာက္ပါ ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေမြးရပ္ႏိုင္ငံကို ျပန္သြားရေပမယ့္ ဒီေန႔ထိ ျမန္မာလူမ်ိဳးေတြကို သတိရေနမိ ေၾကာင္း အၿမဲေဖာ္ျပခဲ့ပါတယ္။

အခုလည္း ျမန္မာျပည္သူျပည္သားေတြကို အားမေလ်ာ့ၾကဖို႔ အားေပးစကားေလး ေတြ ေျပာၾကား လာပါတယ္ ။ ” က်ေတာ္ျမန္မာ ကိုေနာက္တစ္ႀကိမ္ျပန္လာပီး က်ေတာ့္ရဲ႕အခ်ိန္ေတြကို ခ်စ္စရာ ျမန္မာလူမ်ိဳးေတြနဲ႔ အရင္လို ‌ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရဖို႔မေစာင့္ႏိုင္ေတာ့ဘူး က်ေတာ္ ဘုရားသခင္ဆီမွာ အၿမဲ ဆုေတာင္းေပး ေနပါတယ္ စစ္ပြဲေတြ အဆုံးသတ္ဖို႔ ကို ပီးေတာ့ အရင္လို ေမတၱာေတြအျမန္ဆုံးျပန္ျမင္ရခ်င္ေနပါပီဗ်ာျမန္မာႏိုင္ငံက ျပည္သူျပည္သားမ်ား အားတင္းထားပါ ခင္ဗ်ာ က်ေတာ္တို႔ အခ်ိန္ က်ေရာက္လာေတာ့မွာပါ ႏိုင္ပြဲကို က်ေတာ္တို႔ ဆင္ႏြဲပီးေအာင္ပြဲခံရမယ့္အခ်ိန္နီးပါပီ “ဆိုၿပီး သူရဲ႕ ရင္ထဲက ခံစားခ်က္ေလးေတြကို ေဝမွ်လာရာ ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။

Source & Photo Credit : Sinon Loresca Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *