မြန်မာ့နွေဦး သင်္ကြန် အကြိုနေ့ အမှီ ပြည်သူတွေ အတွက် စားသောက်ကုန် တွေ ပေးဝေ လှူဒါန်းခဲ့တဲ့ ပိုးကြာဖြူခင်

Posted on

ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်အချစ်တွေ အခိုင်အမာရရှိကာ တစ်ခဲနက်အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော ပိုးကြာဖြူခင်ကတော့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး လှူဒါန်းမှုတွေကိုလည်း အများအပြားပြုလုပ်ကာ အားလုံး နဲ့ တစ်သားတည်း ပါဝင် နေသူလည်း ဖြစ်ပါတယ်..။

ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင် အားဖြည့်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီးပိုးကြာဖြူခင်ကတော့ ဒီကနေ့မှာလည်း ပြည်သူတွေ အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပြီး နှစ်သစ်ကူး အချိန်အခါကို စတင်ဖြတ်သန်းကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။ မြန်မာ့နွေဦး သင်္ကြန်အကြိုနေ့အမှီ အလှူအဖြစ် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို ပြည်သူတွေ အတွက်လှူဒါန်းကာ မွန်မွန်မြတ်မြတ် ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်တွေကိုလည်း ပိုးကြာဖြူခင်က ပရိသတ်တွေကိုလည်း အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။

“မြန်မာ့နွေဦးသင်္ကြန်အကြိုနေ့အမှီ မွန်မြတ်သော အလှူဒါန အတွက် ဝမ်းသာပီတိဖြစ်မိပါသည်.. ပါဝင်လှူဒါန်းပေးပါသော မိတ်ဆွေ ရောင်းရင်းများ,အနယ်နယ်အရပ်ရပ်မှ စာအုပ်ချစ်သူပရိတ်သတ်များနှင့် Poe Kyar Phyu Khin fans များ အားလုံး အထူးကျေးဇူးတင်ရှိပါသည်.🙏🙏🙏..” ဆိုကာ အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။ အင်္ကြန်အကြိုနေ့မှာပဲ ပြည်သူတွေနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ဖြတ်သန်းနေကြတဲ့ ပိုးကြာဖြူခင်တို့မိသားစုရဲ့ အလှူပုံရိပ်တွေကိုလည်း အားလုံးက သာဓုခေါ်ကာ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Poe Kyar Phyu Khin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *