မြန်မာ့ကမ်းလွန် ဘင်္ဂလားပင်လယ်အော် မှာ ပြုလုပ်မယ့် စစ်ရေး လေ့ကျင့်ခန်းမှာ ပါဝင်တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး ARLEIGH BUKE CLASS အကြောင်း တစေ့တစောင်း…

Posted on

အမေရိကန်လေယာဉ်တင် သင်္ဘောကြီး ယူအက်စ်အက်စ် သီရိုဒိုရုစ်စဖဲ့ ဦးဆောင် သည့် Carrier Strike Group (CSG)တွင်

ပဲ့ထိန်းဒုံးတပ်ဖျက် သင်္ဘောကြီး Arleigh Buke class ၃ စီး အတူလိုက် ပါလာသည်ဟု US 7th Fleet Navy မှသတင်းထုတ်ပြန်ထားသည်။

ယခုလိုက်ပါလာသည့် Arleigh Buke class တွင် ယခင်ဖျက်သင်္ဘောကြီးများ နှင့်မတူဘဲ အသံ ထက်လွန်မြန်နှုန်းရှိသည့် ဟိုက်ပါဆောနစ် မစ်ဆိုင်းများကို

ထောက်လှမ်းနိုင်သည့် အလွန်အားကောင်း ၍အဆင့်မြင့်လှသော SPY-6 ရေဒါအား တပ်ဆင်ထားသည် ဟုလည်း သိရှိရသည်။

Arleigh Burke class ပဲ့ထိန်းဒုံးတပ်ဖျက် သင်္ဘောကြီး၏ စွမ်းဆောင်ရည်အနေဖြင့် အောက်ပါအတိုင်းတွေ့ရှိရသည်-

အမေရိကန်ရေတပ်တွင် AEGIS System ဟုခေါ်သော ဒိုင်းကာစနစ်အား တပ်ဆင်ပေးထားသည့် Arleigh Burke Class ဖျက်သင်္ဘောကြီးများကို

၁၉၉၁ မှစတင်အသုံးပြုခဲ့ရာ Versions ၃ မျိုးဖြင့် အစီး ရေ ၆၀ ကျော်အထိ အသုံးပြုလျှက်ရှိသည်။

တန်ချိန် ၈၀၀၀ ကျော်ရှိပြီး တိုက်ပွဲဝင်အလေးချိန် တန် ၉၀၀၀ ကျော် ရှိသည်။

အမြန်ဆုံးတစ်နာရီ ရေမိုင် ၃၀ ကျော်မောင်း နှင်နိုင်သော်လည်း ရေမိုင် ၂၀ ဖြင့် မောင်းနှင်ပါက စစ်ဆင် နိုင်မှုအကွာအဝေးမှာ ကီလိုမီတာ ၈၀၀၀ ကျော်ဖြစ်သည်။

မြင်းကောင်ရေ ၁၀၅၀၀၀ ပေးစွမ်းနိုင်သော General Electric LM2500 gas turbine ၄ လုံးတပ်ဆင်ထား သည်။

အရာရှိ/စစ်သည် ၃၀၀ ကျော်တာဝန်ထမ်းဆောင် ပြီး ရေယာဉ် နောက်ပိုင်းတွင် Sikorsky SH-60 Seahawk ရဟတ်ယာဉ် ၂ စီးဆင်းသက်ရန်

heli deck ပါဝင်သလို သိုလှောင်ရုံ(Hangar)ပါထည့်သွင်းတည်ဆောက်ထားသည်။

၃၆၀ံ အားလှည့်ပတ်ဖမ်းယူနိုင်သော ရေဒါအားတပ်ဆင်ထားပြီး SDY-1D & Mark99 Fire & Control System များမှ ပစ်မှတ်များအား ခြေရာခံခြင်း နှင့်

ပစ်မှတ်အမျိုးအစားအလိုက် ခွဲခြားပေးခြင်းတို့ကို တိကျစွာ ဆောင်ရွက်ပေးသည်ဟု ဆိုသည်။

လက်နက် တပ်ဆင်မှုများအနေဖြင့် Naval Main Gun ဖြစ်သော 127 mm dual-purpose gun ၁ လက်အား တပ်ဆင် ထားသလို

အနီးကပ်ချေမှုန်းရေးလက်နက်(close in-weapon system)ဖြစ်သော 20 mm Phalanx CIWIS အမြန်ပစ်စက်အမြောက် ၂ လက်အား တပ်ဆင်ထားသည်။

နာမည်ကျော် Harpoon Anti-Ship Missile များကို လည်း တပ်ဆင်ထားကာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် ၃၂၄ မမ တော်ပီဒိုများအပြင်

VLS စနစ်ဖြင့် ပစ်လွှတ်သည့် ဒုံးလိမ္မာဟု တင်စား သော Tomahawk Cruise Mssile များပါ အဆိုပါ အတန်းအစားဖျက်သင်္ဘောကြီးများတွင် တပ်ဆင်ပေးထားသည်။

Arleigh Burke Class ဖျက်သင်္ဘောများသည် အမျိုးအစား မတူညီသည့် ပစ်မှတ် ၃ ခုကို တပြိုင်တည်းကြားဖြတ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင် ထားသည့်အပြင်

ဝေဟင်၊ ရေပြင်/မြေပြင်၊ရေအောက်ပစ်မှတ် များကို(anti-air, anti-submarine, anti- surface & land attack opreations)လုပ်ဆောင်နိုင်စွမ်းကြီးမားသည့် ဖျက်သင်္ဘောကြီးများပင်ဖြစ်ပေတော့သည်။

Credit : Sir Ko Ko Lin Oo

Leave a Reply

Your email address will not be published. Required fields are marked *