မြန်မာပြည် ရဲ့ အမှန်တရား အတွက် ရဲ့ရဲ့ ဝံ့ဝံ့ ရပ်တည် ပေးနေတဲ့ MISS MYANMAR မလေး (ရုပ်သံ)

Posted on

တစ်ချို့တွေ နေနိုင်လွန်းချိန် ဒီ miss လေးကိုတော့ တစ်ကယ် လေးစား တယ် ….

နှင်းသွေးယုအောင် နိုင်ငံတစ်ကာ Media ရှေ့မှာ ထွက်ပီး speak.out လုပ် ရဲတယ်…❤️❤️❤️

Thai-BPS Interview မေးဖြေ အကျဉ်းချုပ်

မေး-ဒီအချိန်မှာ ဘာကို အစိုးရိမ်ဆုံးလဲ

ဖြေ-ဒီချိန်မှာ ကျွန်မ အစိုးရိမ်ဆုံး အရာကတော့ ဒီတိုက်ပွဲကိုရှုံးမှာ အစိုးရိမ် ဆုံးပါ

ဘာလို့လဲဆိုတော့ ကျွန်မတို့ဒါကို ရှုံးလို့ကိုမဖြစ်လို့ပါ ဒီနေ့ Feb 22 ရက်နေ့မှာ ပြည်လုံးကျွတ်သပိတ်အတွက်လည်း အရမ်းဝမ်းသာရပါတယ်

ကွန်မတို့ဒါကြီးကို လွန်ခဲ့တဲ့ နှစ်၅၀ ကျော်ကတည်းက ခံစားခဲ့ရလို့ ဒါကိုထပ်ပြီးလက်မခံနိုင်တော့လို့ဒီလိုတွေ အားကြိုးမာန်တက်လုပ်နေကြရတာပါ

မေး- သင်သာခုချိန်မြန်မာနိုင်ငံမှာ ဆိုရင် ဒီသပိတ်မှာ ပါဝင်နေမှာပေါ့

ဖြေ- အသေအချာပါပဲ

မေး – ဒီတိုက်ပွဲကိုနိုင်ဖို့ အဓိကသော့ချက်ကဘာဖြစ်မလဲ

ဖြေ- ကျွန်မတို့ လိုချင်တာ မရမချင်း သည်းခံရမယ်စောင့်ရမယ် ပြီးတော့ ဒီပွဲကို အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာအောင်နိုင်ဖို့

အထိရောက်ဆုံးလုပ်နိုင်တာကတော့ CDM ပါပဲ

မေး- စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားချက်တွေကို ယုံကြည်ပါသလား

ဖြေ- မယုံပါဘူးရှင့် ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘာကို vote ခဲ့တယ်ဆိုတာ ကျွန်မတို့သိလို့ပါ

မေး- Miss Universe Myanmar တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအကြောင်းဘာပြောချင်သလဲ

ဖြေ- ကျွန်မတို့နိုင်ငံကြီးက ခုဆိုရင် အန္တရာယ် ကျရောက်နေတာပါ ကျွန်မတို့ပြည်သူတွေ အပြစ်မဲ့စွာ သေနတ်နဲ့အပစ်ခံနေရပါတယ်

တစ်ချို့ဆိုပုန်းနေရင်း အပစ်ခံရတယ် , တစ်ချို့ဆို ဆန္ဒထုတ် ပွဲချိန်အပစ်ခံရတဲ့သူကို ကယ်ရင်းအပစ်ခံရတယ်,

တစ်ချို့ဆို ညဖက်ကင်းစောင့်ရင်းအပစ်ခံရတယ် စတာတွေက ကျွန်မတို့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့အကြောင်းအရာတွေပါ

မေး- သင့်အနေနဲ့ ဒီအကြောင်းအရာတွေကို တစ်ကမ္ဘာလုံးကိုသိစေနိုင်မယ်လို့ထင်ပါသလား

ဖြေ- ကျွန်မအနေနဲ့ တစ်ကမ္ဘာလုံးစီရောက်ဖို့လွှမ်းမိုးမှု မရှိပေမယ့် ကျွန်မတတ်နိုင်သလောက်လုပ်နေတာပါ

ဒါကြောင့်လည်း မီဒီယာတွေ တီဗီ channel တွေနဲ့ ဆက်သွယ်ခဲ့တာပါ

မေး- အနုပညာလောကထဲကသူတွေဘာကြောင့် ဒီလိုမျိုး မိမိအသံကိုအသုံးပြုပြီး အားကြိုးမာန်တက်

ဆန္ဒထုတ်ဖော်နေကြတယ်လို့ သင့်အနေနဲ့မြင်ပါသလဲ

ဖြေ – ကျွန်မရဲ့တစ်ဦးတစ်ယောက်တည်းအမြင်နဲ့ပြောရမယ် ဆိုရင် ကျွန်မတို့ပြည်သူတွေအားလုံးက

ဒါကို လက်ကိုမခံနိုင်တာပါ ပြည်သူတွေက human right နဲ့ democracy ကိုသာပြန်လိုချင်တာပါ

ဒါကြောင့်လည်း ဒီလိုအားကြိုးမာန်တက် တိုက်ပွဲဝင်နေကြတာပါ

မေး- ထိုင်းလူမျိုးတွေရဲ့ မြန်မာလူမျိုးတွေ အပေါ် အားပေးထောက်ခံမှုကိုရော ဘာပြောချင်သေးလဲ

ဖြေ- ကျွန်မတို့ပြည်သူတွေအတွက် ထိုင်းအပါအဝင် နိုင်ငံတကာက မိတ်ဆွေတွေရဲ့

အမြင်လေးတစ်ခု ,post လေးတစ်ခု ကတောင် ခွန်အား ဖြစ်စေပါတယ်

မေး- ထိုင်းလိုလေးပြောပေးနိုင်မလား

ဖြေ – ဟုတ်ကဲ့ မြန်မာပြညါသူတွေကို အားပေးထောက်ခံပေးကြတဲ့ထိုင်းသူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

celeupdatenews

Leave a Reply

Your email address will not be published.