မြန်မာပြည်သူတွေ ခံစားနေရတာ ကို စာလေးတွေ နဲ့ အားပေး စကားပြောပြီး တစ်သားတည်း ရပ်တည် ပေးခဲ့ကြတဲ့ နိုင်ငံခြားသားတချို့

Posted on

လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေကြောင့် နာကျင်ခံစားနေရ တဲ့ မြန်မာပြည်သူ ၊ပြည်သားတွေ အတွက် လည်းနိုင်ငံခြားသားတချို့က ကိုယ်ချင်း စာနာပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း နိုင်ငံတကာမှပြည်သူတချို့က မြန်မာ့အရေးကိစ္စမှာ ပြည်ပရောက် မြန်မာလူမျိုးတွေ နဲ့အတူ ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်းဂျာမနီ၊ဗြိတိန်၊ပီရူး၊ရှရှား၊ပေါ်တူဂီ၊ဖိလစ်ပိုင်၊ပြင်သစ်၊အီတလီ နဲ့ ဂျပန်နိုင်ငံများမှ နိုင်ငံခြားသားတချို့က မြန်မာပြည်သူတွေအတွက် စာလေးတွေ ရေးပြီး အားပေးစကားပြောခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရေးထားတဲ့ စာထဲမှာဆိုရင် “ငြိမ်းချမ်းပါစေ မြန်မာပြည်””မြန်မာ သူရဲကောင်းပြည်သူများကို လေးစားပါတယ်””မြန်မာပြည်သူဘက်မှာ ကျွန်မရပ်တည်ပါတယ်”အားတင်းထားပါ ရွှေမြန်မာ” စတဲ့ မြန်မာစာသားလေးတွေကို ရေးသားထားကြတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ကလည်း အခုလိုမျိုး အားပေးစကားလေးတွေနဲ့တစ်တပ်တစ်အားရပ်တည်ပေးကြလို့ အရမ်း ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ပြည်ပရောက်နေကြတဲ့ မြန်မာလူမျိုးတွေကိုလည်း နိုင်ငံခြားသားတွေက အားပေး နှစ်သိမ့်ပြီး တတ်နိုင် သလောက် ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ဧပြီလကုန်ရင် (၃)လပြည့်တော့မှာ ဖြစ်ပေမယ့် ပြည်သူလူထုက ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ဆက်လက်ချီတက်နေကြဆဲ ဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံခြားသားတွေကပါ အားပေးနေကြတာကြောင့်မြန်မာပြည်သူတွေကလည်း ခွန်အားအပြည့်နဲ့ အကောင်းဆုံး အခြေအနေဖြစ်အောင်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေရင်ဆိုင်နေရတဲ့ အခက်အခဲကို နိုင်ငံခြားသားတွေကပါ အတူတူရပ်တည်ပေးနေကြတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *