မြန်မာပြည်မှာ မရှိပေမယ့် ဘယ်နိုင်ငံ ကိုပဲ ရောက်ရောက် မြန်မာ့အရေး အတွက် အစွမ်းကုန် ကြိုးစားပေးသွားမယ်ဆိုတဲ့ ဟန်နာယူရီ

Posted on

လက်ရှိမှာတော့ကိုရီးယားနိုင်ငံကို အန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိသွား ပြီဖြစ်တဲ့ ဟန်နာယူရီဟာ လတ်တလောသူမရဲ့အတွေ့အကြုံနဲ့ မြန်မာပြည်အပေါ်ထားတဲ့ ခံစားချက်တစ်ချို့ကို ပြောပြလာခဲ့ပါတယ်။ ဘယ်နိုင်ငံကိုပဲရောက်ရောက် ကိုယ့်နိုင်ငံကိုမမေ့ဘဲ နိုင်ငံ့ကောင်းကျိုးအတွက် အစွမ်း ကုန်ကြိုးစားပေးသွား မယ်ဆိုတဲ့ အကြောင်းလည်းပြောခဲ့ပါတယ်။ ကိုရီးယားမှာ (၆) လသာနေရမှာဖြစ်ပါတယ်။ (၆) လ ပြည့်ရင် ထိုင်းနိုင်ငံကိုပြောင်းရွှေ့ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ သူမအတွက် အလုပ်ကိုင်အခွင့်အလမ်း ပိုများတာကြောင့် အခုလိုပြောင်းရွှေ့တာပဲဖြစ်ပါတယ်။ လက်ရှိ ကိုရီးယားမှာရှိနေတဲ့ သူမရဲ့ခင်မင်ရသူတွေ က ကူညီပေးတဲ့အကြောင်း ပရိသတ်တွေစိတ်မပူဖို့ အသိပေးခဲ့ပါတယ်။

ကိုရီးယားမှာကျောင်းတက်ဖို့ အကုန်လုံးပြင်ဆင်ပြီးခါမှ နိုင်ငံရေး မတည်မငြိမ်ဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေကိုထားမသွားချင်တဲ့စိတ်နဲ့ မြန်မာပြည်မှာနေပြီး မြန်မာ့အရေးကိုပဲ အာရုံစိုက်ကာ သတင်းမှန်တွေကမ္ဘာကသိဖို့ ကြိုးစားပေးခဲ့သူပါ။ သူမရဲ့ခံယူချက် ကိုလည်း ” ကျွန်မကနိုင်ငံရေးသမား မဟုတ်ပါဘူးရှင် နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့ပြည်သူတစ်ယောက်ပါ ဖိနှိပ်ခံပြည်သူတစ်ယောက်အနေနဲ့ ကျွန်မတတ်နိုင်တာတွေကူညီလုပ်သွားပါမယ် ဒါကြောင့် ဘယ်ရောက် ရောက် မြန်မာပြည်အဆင်ပြေ အေးချမ်း ကျွန်မချစ်တဲ့မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံတဲ့အထိ အမှန်တရားဖက် ကရပ်တည်နေမှာပါ ” ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

သူမရဲ့လူမှုကွန်ယက်တွေကနေ အလုပ်ကိစ္စနဲ့ အလှပုံတွေ တောင် မတင်တော့ဘဲ နိုင်ငံအရေးကိုပဲ ဦးစားပေးပြီး လူအများသိအောင် ဝေမျှပေးခဲ့ပါတယ်။ မြန်မာပြည်အတွက် သတင်းမှန်တွေကို ကမ္ဘာကသိစေဖို့လည်း ခြေထောက်တွေဒဏ်ရာဖြစ်တဲ့အထိ လမ်းလျှောက်ပြီး ကြိုးစားပန်းစား ပြောပေးခဲ့သူပါ။ သူမရဲ့ရပ်တည်ချက်ကိုလည်း ” ကျွန်မအခု ကိုရီးယားရောက်နေပေမယ့် ဘာမှအခြေတကျမဖြစ် ပြင်ဆင်စရာတွေ ဥပမာ နေဖို့အိမ်၊ ကျောင်းတစ်ဖက်နဲ့အတွက် ပြင်ဆင်စရာတွေရှိနေသေးတာမို့ တစ်ချို့လစ်ဟာတာတွေနည်းနည်းရှိရင် ခွင့်လွှတ်နားလည်ပေးပါ ကျွန်မအနေအထားနဲ့ တတ်နိုင်သလောက် support ပေးသွားပါမယ် Stay safe everyone အရေးတော် ပုံအောင်ရမည် ” ဆိုပြီးပြောပြခဲ့ပါတယ်။ ပြည်သူနဲ့ တစ်သားတည်းရပ်တည်နဲ့ ယိင်းကို ပရိသတ်တွေကလည်းပိုချစ်ပြီး အားပေးလာခဲ့ပါတယ်။

Photo Credit – Hannayuri ‘s FB Acc

zawgyi

လက္ရွိမွာေတာ့ကိုရီးယားႏိုင္ငံကို အႏၲရာယ္ကင္းကင္းနဲ႔ ေရာက္ရွိသြား ၿပီျဖစ္တဲ့ ဟန္နာယူရီဟာ လတ္တေလာသူမရဲ႕အေတြ႕အႀကဳံနဲ႔ ျမန္မာျပည္အေပၚထားတဲ့ ခံစားခ်က္တစ္ခ်ိဳ႕ကို ေျပာျပလာခဲ့ပါတယ္။ ဘယ္ႏိုင္ငံကိုပဲေရာက္ေရာက္ ကိုယ့္ႏိုင္ငံကိုမေမ့ဘဲ ႏိုင္ငံ့ေကာင္းက်ိဳးအတြက္ အစြမ္း ကုန္ႀကိဳးစားေပးသြား မယ္ဆိုတဲ့ အေၾကာင္းလည္းေျပာခဲ့ပါတယ္။ ကိုရီးယားမွာ (၆) လသာေနရမွာျဖစ္ပါတယ္။ (၆) လ ျပည့္ရင္ ထိုင္းႏိုင္ငံကိုေျပာင္းေ႐ႊ႕ျဖစ္ဖို႔မ်ားတယ္လို႔ ဆိုပါတယ္။ ထိုင္းႏိုင္ငံမွာ သူမအတြက္ အလုပ္ကိုင္အခြင့္အလမ္း ပိုမ်ားတာေၾကာင့္ အခုလိုေျပာင္းေ႐ႊ႕တာပဲျဖစ္ပါတယ္။ လက္ရွိ ကိုရီးယားမွာရွိေနတဲ့ သူမရဲ႕ခင္မင္ရသူေတြ က ကူညီေပးတဲ့အေၾကာင္း ပရိသတ္ေတြစိတ္မပူဖို႔ အသိေပးခဲ့ပါတယ္။

ကိုရီးယားမွာေက်ာင္းတက္ဖို႔ အကုန္လုံးျပင္ဆင္ၿပီးခါမွ ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္တာေၾကာင့္ သူမရဲ႕ ပရိသတ္ေတြကိုထားမသြားခ်င္တဲ့စိတ္နဲ႔ ျမန္မာျပည္မွာေနၿပီး ျမန္မာ့အေရးကိုပဲ အာ႐ုံစိုက္ကာ သတင္းမွန္ေတြကမာၻကသိဖို႔ ႀကိဳးစားေပးခဲ့သူပါ။ သူမရဲ႕ခံယူခ်က္ ကိုလည္း ” ကြၽန္မကႏိုင္ငံေရးသမား မဟုတ္ပါဘူးရွင္ ႏိုင္ငံနဲ႔လူမ်ိဳးကို ခ်စ္ျမတ္ႏိုးတဲ့ျပည္သူတစ္ေယာက္ပါ ဖိႏွိပ္ခံျပည္သူတစ္ေယာက္အေနနဲ႔ ကြၽန္မတတ္ႏိုင္တာေတြကူညီလုပ္သြားပါမယ္ ဒါေၾကာင့္ ဘယ္ေရာက္ ေရာက္ ျမန္မာျပည္အဆင္ေျပ ေအးခ်မ္း ကြၽန္မခ်စ္တဲ့ျမန္မာျပည္သူေတြ ေဘးကင္းလုံၿခဳံတဲ့အထိ အမွန္တရားဖက္ ကရပ္တည္ေနမွာပါ ” ဆိုၿပီး ရင္ဖြင့္ေျပာျပလာခဲ့ပါတယ္။

သူမရဲ႕လူမႈကြန္ယက္ေတြကေန အလုပ္ကိစၥနဲ႔ အလွပုံေတြ ေတာင္ မတင္ေတာ့ဘဲ ႏိုင္ငံအေရးကိုပဲ ဦးစားေပးၿပီး လူအမ်ားသိေအာင္ ေဝမွ်ေပးခဲ့ပါတယ္။ ျမန္မာျပည္အတြက္ သတင္းမွန္ေတြကို ကမာၻကသိေစဖို႔လည္း ေျခေထာက္ေတြဒဏ္ရာျဖစ္တဲ့အထိ လမ္းေလွ်ာက္ၿပီး ႀကိဳးစားပန္းစား ေျပာေပးခဲ့သူပါ။ သူမရဲ႕ရပ္တည္ခ်က္ကိုလည္း ” ကြၽန္မအခု ကိုရီးယားေရာက္ေနေပမယ့္ ဘာမွအေျခတက်မျဖစ္ ျပင္ဆင္စရာေတြ ဥပမာ ေနဖို႔အိမ္၊ ေက်ာင္းတစ္ဖက္နဲ႔အတြက္ ျပင္ဆင္စရာေတြရွိေနေသးတာမို႔ တစ္ခ်ိဳ႕လစ္ဟာတာေတြနည္းနည္းရွိရင္ ခြင့္လႊတ္နားလည္ေပးပါ ကြၽန္မအေနအထားနဲ႔ တတ္ႏိုင္သေလာက္ support ေပးသြားပါမယ္ Stay safe everyone အေရးေတာ္ ပုံေအာင္ရမည္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္။ ျပည္သူနဲ႔ တစ္သားတည္းရပ္တည္နဲ႔ ယိင္းကို ပရိသတ္ေတြကလည္းပိုခ်စ္ၿပီး အားေပးလာခဲ့ပါတယ္။

Photo Credit – Hannayuri ‘s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *