သရုပ်ဆောင် ညီနန္ဒကတော့ မနေ့ညက Miss Grand International ပြိုင်ပွဲ မှာ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေကို ကြည့်ရှု့သူ သန်းနဲ့ ချီတဲ့ ကမ္ဘာတစ်ဝန်းက လူထုထံ ချပြနိုင်ခဲ့တဲ့ အလှမယ် ဟန်လေးကို ချီးကျူးစကားဆိုလာခဲ့ပါတယ်။ အလှမယ် ဟန်လေးက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Grand International ပြိုင်ပွဲကြီး မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး Top 20ဝင်ခဲ့ကာ မြန်မာနိုင်ငံအရေးကို Speak outလုပ်ပေးနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။
သူမရဲ့ ကိုယ်ကျိုးကို မငဲ့ပဲ အမှန်တရားအတွက် စင်မြင့်ထက်မှာ ကမ္ဘာတစ်ဝန်းက လူထုထံ ချပြနိုင် ခဲ့တဲ့ အလှမယ် ဟန်လေးကို ညီနန္ဒက ” လေးစားစွာကျေးဇူးတင်ပါတယ် ညီမလေး ကမ္ဘာ့ တတိယ အကြီးအကျယ်အခမ်းနားဆုံးဖြစ်ပြီး စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် ရည်ရွယ် သည့် Miss Grand International ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် မြန်မာ ကိုယ်စားပြု အလှမယ် ဟန်လေးသည် ယနေ့ညတွင် အထူးအခွင့်အရေး တစ်ရပ်ရရှိခဲ့ပါသည်…..
မြန်မာ စစ်ကောင်စီ၏ယုတ်မာမှုများနှင့် ပြည်သူများ သတ်ဖြတ် ခံနေရမှု၊ မတရား အသက် ဆုံးရှုံးနေရသည့် Video Clip များကို စင်မြင့်ထက်မှ တစ်ကမ္ဘာလုံးက သန်းချီသော ကြည့်ရှုသူများကို ပြသကာ ငိုယိုပြီး မြန်မာပြည်သူပြည်သားများအား အမြန်ဆုံးကယ်တင်ရန် အသနားခံ တောင်းဆိုခဲ့သည် အရေးတော်ပုံအောင်ရမည် ” ဆိုပြီး လေးစားဂုဏ်ယူမိကြောင်းပြောလာတဲ့ စာသားလေးကို သူရဲ့ Facebook Account ထက်မှာ ရေးသားမျှဝေလာခဲ့တာပါ။ အခုလို နိုင်ငံအရေးကို စင်မြင့်ထက်မှာ ချပြနိုင်ခဲ့တဲ့ အလှမယ်ဟန်လေးရဲ့ပုံတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
Photo credit – Nyi Nanda’s Facebook Account