ပရိသတ်ကြီးရေ Miss Grand Myanmar 2020 winnerဆုရှင် အလှမယ် ဟန်လေးက လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက အကြောင်းအရာတွေကို ကမ္ဘာတစ်ဝန်းက ကြည့်ရှုသူ သန်းနဲ့ချီတဲ့ လူထုထံ ချပြနိုင်ခဲ့သူတစ်ယောက်ပါ။ ကိုယ်ကျိုးကို မငဲ့ပဲ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် နေတာတွေကို အများ သိဖို့အတွက် Miss Grand International စင်မြင့် ထက်မှာ ရဲဝံ့စွာ ပြောပြခဲ့တဲ့ ဟန်လေးက ယနေ့မှာလည်း ပြည်သူလူထူအတွက် အကူအညီ တစ်ခုပေးလာခဲ့ပါတယ်။
ဒါကတော့ သူလက်ရှိနေထိုင်ရာ ထိုင်းနိုင်ငံက မီဒီယာတွေ နဲ့ ဆွေးနွေးခဲ့ပြီး နေ့စဥ် ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေကို နိုင်ငံတကာက သတင်းမီဒီယာတွေ သိရှိဖို့အတွက် ချပြပေးဖို့ပဲ ဖြစ်ပါတယ်။ ဟန်လေးက မကြာသေးတဲ့ နာရီပိုင်းအချိန် လောက်က သူမရဲ့ Facebook Account ထက်မှာ ” မြန်မာနိုင်ငံရဲ့ နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ ပုံတွေရှိရင် ဟန်လေးကို နေ့စဉ်ပို့ပေးလို့ရပါတယ် ထိုင်း Media တွေကနေတဆင့် နေ့စဉ် မြန်မာအကြောင်း Report လုပ်ဖို့ ဒီနေ့ ဟန်လေးသတင်းဌာနနဲ့ဆွေးနွေးပြီးပါပြီ ” ဆိုတဲ့ စာသားလေးကို ရေးသားခဲ့တာပါ။
အခုလို သတင်းဌာနတွေပိတ်ထားတဲ့အချိန်မှာ ဟန်လေးက နိုင်ငံတကာ ကို နေ့စဉ် သတင်းမရောက်နိုင်မှာစိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပျက်နေတာတွေကို Media ကနေတဆင့် သိခွင့်ရအောင် ဒီနေ့ကစပြီး သတင်းတွေတင်ပေးပါ့မယ်လို့ ပြောလာခဲ့ပါသေးတယ်။ သူမ တတ်နိုင်တဲ့ ဘက်ကနေ ကူညီအားဖြည့်ပေးနေတဲ့ ဟန်လေးက သူမရဲ့ စာသားအဆုံးမှာ “မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့ဆုတောင်းပါတယ် ” ဆိုတဲ့ ဆုတောင်းစကားကိုလည်း ရေးသားလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေး လိုက်ပါတယ်။
Photo credit – Han Lay’s Facebook Account
zawgyi
ပရိသတ္ႀကီးေရ Miss Grand Myanmar 2020 winnerဆုရွင္ အလွမယ္ ဟန္ေလးက လက္ရွိ ျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံက အေၾကာင္းအရာေတြကို ကမာၻတစ္ဝန္းက ၾကည့္ရႈသူ သန္းနဲ႔ခ်ီတဲ့ လူထုထံ ခ်ျပႏိုင္ခဲ့သူတစ္ေယာက္ပါ။ ကိုယ္က်ိဳးကို မငဲ့ပဲ ျမန္မာႏိုင္ငံအတြင္း ျဖစ္ေပၚ ေနတာေတြကို အမ်ား သိဖို႔အတြက္ Miss Grand International စင္ျမင့္ ထက္မွာ ရဲဝံ့စြာ ေျပာျပခဲ့တဲ့ ဟန္ေလးက ယေန႔မွာလည္း ျပည္သူလူထူအတြက္ အကူအညီ တစ္ခုေပးလာခဲ့ပါတယ္။
ဒါကေတာ့ သူလက္ရွိေနထိုင္ရာ ထိုင္းႏိုင္ငံက မီဒီယာေတြ နဲ႔ ေဆြးေႏြးခဲ့ၿပီး ေန႔စဥ္ ျဖစ္ပ်က္ေနတဲ့ ျမန္မာႏိုင္ငံေရး အေျခအေနေတြကို ႏိုင္ငံတကာက သတင္းမီဒီယာေတြ သိရွိဖို႔အတြက္ ခ်ျပေပးဖို႔ပဲ ျဖစ္ပါတယ္။ ဟန္ေလးက မၾကာေသးတဲ့ နာရီပိုင္းအခ်ိန္ ေလာက္က သူမရဲ႕ Facebook Account ထက္မွာ ” ျမန္မာႏိုင္ငံရဲ႕ ေန႔စဥ္ ျဖစ္ပ်က္ေနတဲ့ သတင္းေတြ ပုံေတြရွိရင္ ဟန္ေလးကို ေန႔စဥ္ပို႔ေပးလို႔ရပါတယ္ ထိုင္း Media ေတြကေနတဆင့္ ေန႔စဥ္ ျမန္မာအေၾကာင္း Report လုပ္ဖို႔ ဒီေန႔ ဟန္ေလးသတင္းဌာနနဲ႔ေဆြးေႏြးၿပီးပါၿပီ ” ဆိုတဲ့ စာသားေလးကို ေရးသားခဲ့တာပါ။
အခုလို သတင္းဌာနေတြပိတ္ထားတဲ့အခ်ိန္မွာ ဟန္ေလးက ႏိုင္ငံတကာ ကို ေန႔စဥ္ သတင္းမေရာက္ႏိုင္မွာစိတ္ပူေနၾကတဲ့ ျပည္သူေတြအတြက္ ျမန္မာႏိုင္ငံအတြင္း ေန႔စဥ္ျဖစ္ပ်က္ေနတာေတြကို Media ကေနတဆင့္ သိခြင့္ရေအာင္ ဒီေန႔ကစၿပီး သတင္းေတြတင္ေပးပါ့မယ္လို႔ ေျပာလာခဲ့ပါေသးတယ္။ သူမ တတ္ႏိုင္တဲ့ ဘက္ကေန ကူညီအားျဖည့္ေပးေနတဲ့ ဟန္ေလးက သူမရဲ႕ စာသားအဆုံးမွာ “ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းဖို႔ဆုေတာင္းပါတယ္ ” ဆိုတဲ့ ဆုေတာင္းစကားကိုလည္း ေရးသားလာတာျဖစ္လို႔ ပရိသတ္ေတြထံ ကူးယူေဖာ္ျပေပး လိုက္ပါတယ္။
Photo credit – Han Lay’s Facebook Account