မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ရာထူးမှ ကျန်းမာရေး အခြေအနေ ကြောင့် နှုတ်ထွက် လိုက်တဲ့ ဦးညီညီထွန်းလွင်

Posted on

ပရိတ်သတ်ကြီးရေ…ဒါရိုက်တာညီညီထွန်းလွင် ဟာဆိုရင် ၂၀၁၉ ခုနှစ်မှစတင်ပြီးမြန်မာနိုင်ငံရဲ့ရုပ်ရှင် အစည်းအရုံးမှာဥက္ကထတစ်ယောက်အနေနဲ့တာဝန်ယူဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်နော်..။ဦးညီညီထွန်းလွင်က အခလြက်ရှိမှာဆိုရင်ကျန်းမာရေး မကောင်းတာ ကြောင့်ဥက္ကထရာထူးမှ နှုတ်ထွက်ရန် အတွက် တောင်းဆိုခွင့်ပြုခဲ့တာပဲဖြစိပါတယ်.။ဒါရိုက်တာ တစ်ယောက်အနေနဲ့အောင်မြင်စွာရပ်တည်ခဲ့တဲ့ ဦးညီညီထွန်းလွင်ကဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ရုပ်ရှင် အစည်းအရုံးရဲ့ဥက္ကထကောင်း တစ်ယောက်အနေနဲ့လည်း တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ…။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(Myanmar Motion Picture Organization)တွင် ဥက္ကဌများအဖြစ် ၂၀၀၅ ခုနှစ်မှ၂ဝဝရခုနှစ်အထိ ဦးကြည်စိုးထွန်း၊ ၂ဝဝရခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ဦးမြင့်သိန်းဖေ၊ ၂၀၁၂ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ဦးဇင်ဝိုင်း၊၂၀၁၃ခုနှစ်မှ ၂၀၁ရခုနှစ် အထိ ဦးလူမင်း၊ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဦးညီညီထွန်းလွင် တို့က အသီးသီးတာဝန်ယူခဲ့ကြပြီးရုပ်ရှင်လောကတိုးတက်ရေးအတွက် အင်တိုက်အားတိုက်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

ဦးညီညီထွန်းလွင်က အသက်(၆၈)နှစ်ခန့်ရှိနေပြီဖြစ်ပြီး ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများကိုလည်း ခံစားနေရတဲ့သူလည်းဖြစ်ပါတယ်နော်။မကြာသေးမီကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (Myanmar Motion Picture Organisation)ရဲ့ Facebookpageကနေ ဦးညီညီထွန်းလွင်ရဲ့ ကျန်းမာရေးချို့ယွင်းမှုကြောင့်နှုတ်ထွက်စာတစ်စောင် ကို “၁၁.၅.၂၀၂၁ နေ့တွင်ပြုလုပ်သော အထူးအစည်းအဝေးအမှတ် ၃/၂၀၂၁ မှ လက်ခံအတည်ပြုပါသည်…..” ဆိုပြီးရေး သားကာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်…။

Credit

zawgyi




Credit

Leave a Reply

Your email address will not be published. Required fields are marked *