မြန်မာနိုင်ငံ တွင် အိပ်မက် ဆိုးမက် နေရချိန် ဖြစ် ဟု အောင်လအန်ဆန်း ပြော

Posted on

အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ အိပ်မက် ဆိုးမက် နေရချိ န်ဖြစ်တယ်လို့ MMA ကစားသမား One Championship ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်းက ပြောပါတယ်။ စစ်အာဏာရှင်လက်ထက် မြန်မာပြည်တွင်းမှာ ပြည်သူလူထုတွေ ATM မှာ ငွေထုတ်ဖို့ တန်းစီနေရ၊ အောက်ဆီဂျင်ရဖို့ တန်းစီနေရကြရသလို သေတဲ့အခါ သုသာန်မှာ သင်္ဂြိုဟ်ဖို့တောင် တန်းစီ နေရတဲ့ ပုံတွေနဲ့တကွ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

“ယခုလက်ရှိ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့၊ အခြေအနေတွေ ကြောင့် ကျွန်တော် အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ ကျေးဇူးပြု၍ အားလုံးပဲ မြန်မာနိုင်ငံ အတွက် ဆုတောင်းကူညီပေးကြပါ။ ကျွန်တော်တို့အားလုံးမှာ ကြီးမားတဲ့အိပ်မက်တွေ၊ အနာဂတ်အတွက် အစီအစဉ်တွေ ကိုယ်စီရှိကြပေမယ့်၊ အခုအချိန်ကတော့ အိပ်မက်ဆိုးမက်နေရပါတယ်။”

အောင်လအန်ဆန်းဟာ လာမယ့် ဇူလိုင် ၃၀ ရက်မှာ ကျင်းပမယ့် MMA Battleground ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ဘရာဇီးလ်နိုင်ငံသား လီအန်ုရိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိပါတယ်။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ မှာ ထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာတော့ ပြိုင်ဘက် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့ပြီး ခါးပတ် ကို လွှဲပြောင်းပေးခဲ့ရပါတယ်။

PHOTO CREDIT- AUNG LA NSANG FACEBOOK

zawgyi

အခုအခ်ိန္ဟာ ျမန္မာႏိုင္ငံမွာ ျပည္သူလူထုေတြ အိပ္မက္ ဆိုးမက္ ေနရခ်ိ န္ျဖစ္တယ္လို႔ MMA ကစားသမား One Championship ကမာၻ႔ခ်န္ပီယံေဟာင္း ေအာင္လအန္ဆန္းက ေျပာပါတယ္။ စစ္အာဏာရွင္လက္ထက္ ျမန္မာျပည္တြင္းမွာ ျပည္သူလူထုေတြ ATM မွာ ေငြထုတ္ဖို႔ တန္းစီေနရ၊ ေအာက္ဆီဂ်င္ရဖို႔ တန္းစီေနရၾကရသလို ေသတဲ့အခါ သုသာန္မွာ သၿဂႋဳဟ္ဖို႔ေတာင္ တန္းစီ ေနရတဲ့ ပုံေတြနဲ႔တကြ ေအာင္လအန္ဆန္းက သူ႔ရဲ႕လူမႈကြန္ရက္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

“ယခုလက္ရွိ ျမန္မာႏိုင္ငံႀကဳံေတြ႕ေနရတဲ့၊ အေျခအေနေတြ ေၾကာင့္ ကြၽန္ေတာ္ အရမ္း စိတ္မေကာင္း ျဖစ္ရပါတယ္။ ေက်းဇူးျပဳ၍ အားလုံးပဲ ျမန္မာႏိုင္ငံ အတြက္ ဆုေတာင္းကူညီေပးၾကပါ။ ကြၽန္ေတာ္တို႔အားလုံးမွာ ႀကီးမားတဲ့အိပ္မက္ေတြ၊ အနာဂတ္အတြက္ အစီအစဥ္ေတြ ကိုယ္စီရွိၾကေပမယ့္၊ အခုအခ်ိန္ကေတာ့ အိပ္မက္ဆိုးမက္ေနရပါတယ္။”

ေအာင္လအန္ဆန္းဟာ လာမယ့္ ဇူလိုင္ ၃၀ ရက္မွာ က်င္းပမယ့္ MMA Battleground ၿပိဳင္ပြဲမွာ မစ္ဒယ္ဝိတ္တန္း စိန္ေခၚပြဲအျဖစ္ ဘရာဇီးလ္ႏိုင္ငံသား လီအႏ္ု႐ိုနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ဖို႔ရွိပါတယ္။ ေအာင္လအန္ဆန္ဟာ ၿပီးခဲ့တဲ့ ဧၿပီ ၂၉ ရက္ေန႔ မွာ ထိုးသတ္ခဲ့တဲ့ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံကာကြယ္ပြဲမွာေတာ့ ၿပိဳင္ဘက္ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါကို ရႈံးနိမ့္ခဲ့ၿပီး ခါးပတ္ ကို လႊဲေျပာင္းေပးခဲ့ရပါတယ္။

PHOTO CREDIT- AUNG LA NSANG FACEBOOK

Leave a Reply

Your email address will not be published. Required fields are marked *