မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ် ကြီး များ ၏ ကြေညာချက်

Posted on

မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နှင့် အခြားသောဒေသ များတွင် လက်နက်မဲ့ အရပ်သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူ၍ ရက်စက်စွာအကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ် နှင့် မလျော်ညီသည့်အပြင် ကာကွယ်ရန်အလွန်ခက်ခဲပါသည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ် အားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူ အားလုံးပြန်လွှတ်ပေးရန်၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသည်ကို ရုတ်သိမ် းပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများပယ်ဖျက်‌ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာစစ်တပ်ကို မိမိတို့တောင် းဆိုပါသည်။

မြန်မာနိုင်ငံသားများ၏အခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်နှင့် သတင်းအချက် အလက်လွတ်လပ်စွာရယူနိုင်ခွင့်ကို မိမိတို့ထောက်ခံအားပေးပါသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကိုနှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်၏ စက်ဆုပ်ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ပါ။

ဤကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ – ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံ တို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd to Myanmar Now

zawgyi

ျမန္မာႏိုင္ငံအတြင္း လႈိင္သာယာၿမိဳ႕နယ္ႏွင့္ အျခားေသာေဒသ မ်ားတြင္ လက္နက္မဲ့ အရပ္သားမ်ားအေပၚ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ မၾကာခဏဆိုသလို အေမွာင္ထုကို အခြင့္ေကာင္းယူ၍ ရက္စက္စြာအၾကမ္းဖက္ျခင္းသည္ သူရဲေဘာေၾကာင္ၿပီး လူ႔က်င့္ဝတ္ ႏွင့္ မေလ်ာ္ညီသည့္အျပင္ ကာကြယ္ရန္အလြန္ခက္ခဲပါသည္။

ျမန္မာျပည္သူမ်ားအေပၚ အၾကမ္းဖက္လုပ္ရပ္ အားလုံးရပ္တန္႔ရန္၊ ဖမ္းဆီးထားသူ အားလုံးျပန္လႊတ္ေပးရန္၊ စစ္အုပ္ခ်ဳပ္ေရးအမိန္႔ႏွင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ ႏိုင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာထားသည္ကို ႐ုတ္သိမ္ းေပးရန္၊ ဆက္သြယ္ေရးကန္႔သတ္ထားမႈမ်ားပယ္ဖ်က္‌ေပးရန္ႏွင့္ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ တင္ေျမႇာက္ထားေသာအစိုးရကို အာဏာျပန္လည္ေပးအပ္ရန္ ျမန္မာစစ္တပ္ကို မိမိတို႔ေတာင္ းဆိုပါသည္။

ျမန္မာႏိုင္ငံသားမ်ား၏အခြင့္အေရးျဖစ္ေသာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခြင့္ႏွင့္ သတင္းအခ်က္ အလက္လြတ္လပ္စြာရယူႏိုင္ခြင့္ကို မိမိတို႔ေထာက္ခံအားေပးပါသည္။ အင္တာနက္ျဖတ္ေတာက္ထားျခင္းႏွင့္ မီဒီယာကိုႏွိပ္ကြပ္ထားျခင္းျဖင့္ စစ္တပ္၏ စက္ဆုပ္ဖြယ္ရာလုပ္ရပ္တို႔ကို ဖုံးကြယ္ထားႏိုင္မည္မဟုတ္ပါ။

ဤေၾကညာခ်က္ကို ျမန္မာႏိုင္ငံဆိုင္ရာဥေရာပသမဂၢသံ႐ုံးႏွင့္ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သံ႐ုံးမ်ားျဖစ္ၾကေသာ – ဒိန္းမတ္၊ ခ်က္သမၼတႏိုင္ငံ၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္၊ စပိန္ႏွင့္ ဆြီဒင္ႏိုင္ငံ – ယူႏိုက္တက္ကင္းဒမ္းႏွင့္ အေမရိကန္ႏိုင္ငံ တို႔မွ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးမ်ားက ပူးေပါင္းလက္မွတ္ေရးထိုးထုတ္ျပန္ပါသည္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd to Myanmar Now

Leave a Reply

Your email address will not be published. Required fields are marked *