မြန်မာနိုင်ငံ ကြီး ငြိမ်းချမ်းစေ ဖို့ နဲ့ ပြည်သူ ပြည်သားတွေ ဘေးကင်းဖို့ အတွက် ဘုရားမှာ ဝတ်ပြု ဆုတောင်းပေးနေတဲ့ ပိုပို

Posted on

အဆိုတော်မလေး ပိုပိုကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲ ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့ထပ်တူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်​ယောက်ပါ။ လမ်းပေါ်ထွက်ပြီး ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်ကြတဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ပြည်သူတွေနဲ့အတူ သွားရောက် ဝန်းရံခဲ့တာဖြစ်ပါတယ်။ ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးဟာဆိုရင် ရက်ပေါင်း ၄၃ရက်ရှိခဲ့ပြီဖြစ်ပြီး ပိုပို ကတော့ သွေးမအေးသွားပဲ ဆက်လက်ရပ်တည်နေဆဲပါ။

သူမ တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံ အတွက် တစ်တပ်တစ်အား အနေနဲ့ ပါဝင်အားဖြည့်နေတဲ့ ပိုပိုက ယနေ့မှာလည်း မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့နဲ့ ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဘုရားမှာ ဝတ်ပြု ဆုတောင်းပေး နေခဲ့တာပါ။ ပိုပိုက သူမရဲ့ Facebook Account ထက်မှာ ” မြန်မာနိုင်ငံကြီး အမြန် နေကောင်းဖို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဘေးကင်းဖို့ ဆုတောင်းပေးနေပါတယ် ပြုပြုခဲ့သမျှ ဒါန သီလ ဘာဝနာ တို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိတ်ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ အသက်ဘေး ထိခိုက်ခြင်းမှ ကင်းဝေးကြပါစေ ” ဆိုပြီး ရေးသား လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘုရားမှာ တရားထိုင်ကာ အေးချမ်းမှု ကို ရှာဖွေနေ တဲ့ သူမရဲ့ ပုံတွေကိုလည်း မျှဝေခဲ့ပါသေးတယ်။ အခုလို တစ်နိုင်ငံလုံး အပြောင်းအလဲတွေဖြစ်နေချိန်မှာ ပြည်သူတွေနဲ့အတူ ဝန်းရံရပ်တည်ခဲ့တဲ့အပြင် မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့နဲ့ ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဘုရားမှာ ဝတ်ပြုဆုတောင်းပေးနေတဲ့ အဆိုတော်မလေး ပိုပိုရဲ့ စာသားတွေနဲ့ ပုံတွေကို ပြန်လည်ကူးယူပြီး ပရိသတ်တွေထံ ဝေမျှပေး လိုက်ပါတယ်။

Photo credit – ပိုပို’s FB page

zawgyi

အဆိုေတာ္မေလး ပိုပိုကေတာ့ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကတည္းက ေျပာင္းလဲ ခဲ့တဲ့ ႏိုင္ငံေရးအေျခအေနေတြမွာ ျပည္သူေတြနဲ႔ထပ္တူ ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္​ေယာက္ပါ။ လမ္းေပၚထြက္ၿပီး ရင္ထဲက ဆႏၵအမွန္ကို ေဖာ္ထုတ္ၾကတဲ့ လူထုလႈပ္ရွားမႈႀကီးမွာလည္း ျပည္သူေတြနဲ႔အတူ သြားေရာက္ ဝန္းရံခဲ့တာျဖစ္ပါတယ္။ ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေရးဟာဆိုရင္ ရက္ေပါင္း ၄၃ရက္ရွိခဲ့ၿပီျဖစ္ၿပီး ပိုပို ကေတာ့ ေသြးမေအးသြားပဲ ဆက္လက္ရပ္တည္ေနဆဲပါ။

သူမ တတ္ႏိုင္တဲ့ဘက္ကေန ႏိုင္ငံ အတြက္ တစ္တပ္တစ္အား အေနနဲ႔ ပါဝင္အားျဖည့္ေနတဲ့ ပိုပိုက ယေန႔မွာလည္း ျမန္မာႏိုင္ငံႀကီး ၿငိမ္းခ်မ္းဖို႔နဲ႔ ျပည္သူေတြ ေဘးကင္းေစဖို႔အတြက္ ဘုရားမွာ ဝတ္ျပဳ ဆုေတာင္းေပး ေနခဲ့တာပါ။ ပိုပိုက သူမရဲ႕ Facebook Account ထက္မွာ ” ျမန္မာႏိုင္ငံႀကီး အျမန္ ေနေကာင္းဖို႔ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြ ေဘးကင္းဖို႔ ဆုေတာင္းေပးေနပါတယ္ ျပဳျပဳခဲ့သမွ် ဒါန သီလ ဘာဝနာ တို႔ေၾကာင့္ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြ စိတ္ဆင္းရဲျခင္းမွ ကင္းေဝးၾကပါေစ အသက္ေဘး ထိခိုက္ျခင္းမွ ကင္းေဝးၾကပါေစ ” ဆိုၿပီး ေရးသား လာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဘုရားမွာ တရားထိုင္ကာ ေအးခ်မ္းမႈ ကို ရွာေဖြေန တဲ့ သူမရဲ႕ ပုံေတြကိုလည္း မွ်ေဝခဲ့ပါေသးတယ္။ အခုလို တစ္ႏိုင္ငံလုံး အေျပာင္းအလဲေတြျဖစ္ေနခ်ိန္မွာ ျပည္သူေတြနဲ႔အတူ ဝန္းရံရပ္တည္ခဲ့တဲ့အျပင္ ျမန္မာႏိုင္ငံႀကီး ၿငိမ္းခ်မ္းဖို႔နဲ႔ ျပည္သူေတြ ေဘးကင္းေစဖို႔အတြက္ ဘုရားမွာ ဝတ္ျပဳဆုေတာင္းေပးေနတဲ့ အဆိုေတာ္မေလး ပိုပိုရဲ႕ စာသားေတြနဲ႔ ပုံေတြကို ျပန္လည္ကူးယူၿပီး ပရိသတ္ေတြထံ ေဝမွ်ေပး လိုက္ပါတယ္။

Photo credit – ပိုပို’s FB page

Leave a Reply

Your email address will not be published. Required fields are marked *