မြန်မာနိုင်ငံက ဘယ်သူမှအားမပေးလည်း ထိုင်းကလူတွေ နဲ့ပဲ အလုပ်လုပ်တော့မယ်ဆိုတဲ့ ကိစ္ စ နဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်တဲ့ ဆယ်လီနေဆန်း

Posted on

နေဆန်းရဲ့ အခုလက်ရှိ ပြန့်သွားတဲ့ SS နဲ့ပတ်သက်ပြီး ပထမဦးစွာ နေဆန်း ဒီစာကိုညိုးငယ်သော စိတ်ဖြင့်ရေးရခြင်း ဖြစ်ပါတယ်။

ပြန့်နေတဲ့ SS နဲ့ပတ်သက်ပြီးနေဆန်း ဘာမှမငြင်းလိုပါဘူး ဟုတ်ပါတယ် နေဆန်းတင်လိုက်မိတာပါ။ ဒါပေမယ့် နေဆန်းဂုဏ်မောက်ဘဝမေ့ပြီး

ရေးလိုက်ရခြင်းမဟုတ်ပါဘူး နေဆန်းသည် ဘယ်လိုနေထိုင်နေတယ် ဘယ်လို လူမျိုးလည်း ဆိုတာချစ်သူခင်သူအားလုံးလည်း သိကြမှာပါ။


ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာပါ အဲဒါကို SS ပြန်ရိုက်ပြီး ထပ်တင်လိုက်လို့နေဆန်းအပေါ်အားလုံးပိုပြီးအထင်လွှဲ သွားကြတာပါ။

ကိုယ်လဲ လူငယ်တစ်ယောက်မို့ကိုယ့်ကိုလာ တိုက်ခိုက်တဲ့သူတစ်ယောက်အတွက် ကျန်တာမစဉ်းစားမိပဲချက်ချင်းတုံ့ပြန်လိုက်မိတာလဲ ဆန်း အမှားတစ်ခုပါ

လူတစ်ယောက်အတွက် နဲ့အများ ပါအထင်လွှဲ ခံခဲ့ရတယ် ဘာပဲဖြစ်ဖြစ် အဆိုးထဲကအကောင်းလို့ပဲမှတ်ပြီး သင်ခန်းစာယူတတ်လာပါတယ်

ရန်ရန်ချင်းမတုံ့ပြန်တတ်ဖို့လဲ နောက်ဆို ဂရုစိုက်မှာပါ

ဒီလိုအချိန် ဒီလိုကာလကြီးမှာ အလုပ်တွေရေလို ဝင်မလား မဝင်ဘူးလားဆိုတာ အားလူံးလည်းသိကြမှာပါ နေဆန်း တမင်ပြောလိုက်တာပါ။

ပုံမှန် အလုပ်ရခြင်း မရခြင်းဆိုတာ နေဆန်းဘယ်တော့မှ တင်လေ့ ကြွားဝါလေ့ မရှိခဲ့ပါဘူး။ အဲဒီ စာအတွက် နေဆန်း မှားပါတယ်။

ရည်ရွယ်ချက်နှင့် ထင်မြင်လွှဲမှားမှူတွေအတွက် နေဆန်း တကယ်တောင်းပန်ပါတယ်။ နောက်ဆိုပိုပြီး နေဆန်း ဆင်ခြင်ပါ့မယ်

အမှားမှန်သမျှ ပြုပြင်ပြောင်းလဲပြီးဘဝကို အမြဲရိုးသားကြိုးစား ရုန်းကန်လေ့ရှိပါတယ် နေဆန်းရဲ့ ဘဝအစနဲ့ ကျေးဇူးရှင်

ထမင်းရှင်တွေ အပေါ်လည်းနေဆန်း ဘယ်တော့မှ ကျေးဇူးကန်းဘဝမေ့ပြီး စော်ကားမှာ မဟုတ်ပါဘူးလို့ နေဆန်းပြောရဲပါတယ်။

နေဆန်း ဘယ်နေရာတွေမှာ ဘယ်လိုပါဝင်ခဲ့လည်း ဆိုတာဟာလည်း တော်တော်များများ သိကြမှာပါထုတ်ပြောပြလို့မရတဲ့ အတွက်လည်း နားလည်ပေးကြနော်။

ရှေ့ဆက်ပြီး နေကောင်း ကျန်းမာအောင်ပိုပြီး ဂရုစိုက်ကြပါနော် ။ ဦးတည်ချက်တစ်ခုတည်း နဲ့သာ ဆက်ပြီးရှင်သန်ကြရအောင်နော်တောင်းပန်ပါတယ်

ကျေးဇူးလည်းတင်ပါတယ်.. နေဆန်းအတွက်ပိုပြီးဘ၀ကို အသိနဲ့ သတိနဲ့ အမြဲလုံး၀ကပ်ပြီးရှေ့ဆက်ချင်လို့ပါ …🙏🙏🙏

Credit

Leave a Reply

Your email address will not be published. Required fields are marked *