စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပြီး အပိုလိုမရှိကွက်တိကျလွန်းတဲ့ သရုပ်ဆောင် မှုတွေကြောင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနေသူ အနုပညာ ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးမ ရှိဘဲ ” အနုပညာ ပျိုးခင်း ” မှ တစ်ဆင့် လူရွေးချယ်ခံကာ ဝင်ရောက်လာသူဖြစ်ပြီး ယနေ့ချိန်မှာတော့ ထိပ်တန်း မင်းသမီးလေး တစ်လက် အဖြစ် ရပ်တည်နေပါပြီနော်။
စူစူဟာ လတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုလေ းတွေ သိပ်မလုပ်သေးဘဲ အနားယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အလွမ်းပြေစေရန်လည်း သူမရဲ့ ပုံရိပ်လေးတွေအမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အားရင် အားသလိုလည်း Tik Tok လေးတွေ ဆော့ကစား လေ့ရှိပြီး သူမရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။
မနေ့ညကလည်း စူစူရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထား တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညီမလေးနဲ့အတူ မြူးမြူးကြွကြွသံစဉ်တွေကြားမှာ ဟန်ချက်ညီညီကနေကြတဲ့ အိချောပိုရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ စူစူဟာ အကကရတာကိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး သူမကတဲ့ ပုံစံလေးဟာလည်း ကြည့်ရှုသူတိုင်း ကို အချစ်ပိုစေမှာ အသေချာဖြစ်တာကြောင့် အိချောပိုရဲ့ Tik Tok Video လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Ei Chaw Po’s Facebook Account
Dw-shweyoe