မြင်နေကြ ပုံစံလေး နဲ့ မတူပဲ ရိုးရှင်း တဲ့ မြန်မာဝတ်စုံလေး နဲ့ ကျက်သရေရှိရှိ လိုက်ဖက်လှပနေတဲ့ အိချောပို

Posted on

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပုရိသပရိသတ်တွေကြား ရေပန်းစား အောင်မြင်မှုတွေတစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ အိချောပိုက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ မှာ ပါဝင် ရိုက်ကူးနေရတဲ့ သူမက အခုလက်ရှိမှာလည်း ရှုတင်တွေ များစွာရှိနေခဲ့တာ ဖြစ်ပါတယ်။ ကာရိုက်တာ ပေါင်းစုံကို ပီပီပြင်ပြင် ရိုက်ကူးနိုင်တဲ့ သူမရဲ့ ဇာတ်ကားတွေကို ပရိသတ်တွေက အကြိုက်တွေ့နေတာ လည်း ဖြစ်ပါတယ်။

အိချောပိုက တောင့်တင်း ကျစ်လစ်တဲ့ ကိုယ်ခန္ဓာ ကောက်ကြောင် းအလှကို ပိုင်ဆိုင်ထားတာဖြစ်ပြီး လှပတဲ့ မျက်နှာလေးနဲ့ လိုက်ဖက်တဲ့ ဆံပင်အရှည်ကိုလည်း ထားရှိတာကြောင့် နန်းဆန်ဆန်လှသူလေးပါနော်။ ခေတ်ပေါ်ဖက်ရှင်လေးတွေအပြင် မြန်မာဝတ်စုံလေးတွေကို မကြာခဏ ဆိုသလို ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ အိချောပိုရဲ့ အလှကတော့ တကယ်ကို ရင်သပ်ရှုမောဖွယ်ဖြစ်ပါတယ်။

အိချောပိုက ပရိသတ်တွေအချစ်ပိုစေ လောက်တဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် ထက်မှယ တင်ပေးလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။ ဒါကတော့ မြင်သူတိုင်းရင်ကို အေးစေလောက်တဲ့ မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်ညီညီ လှပနေခဲ့တဲ့ ပုံလေးတွေ ပဲ ဖြစ်ပါတယ်။ ရင်သပ်ရှုမောစရာ အလှတွေပေါ်လွင်နေတဲ့ အိချောပို ရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….။

Source – Ei Chaw Po’s FB account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *