မြင့်မြတ် ကိုပေါက် တို့နဲ့ အတူ ခေတ်စားနေ တဲ့ သီချင်းလေး ကို အမိုက်စား ကကွက်တွေ ပေါင်းစပ်ကာအပီအပြင် ဒွန့်ပြလိုက်တဲ့ အေးသောင်း

Posted on

မင်းသမီးချောမအေး​သောင်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာတွေထဲ မှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက်ရှိနေပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံး နဲ့ အပီပြင်ဆုံး သရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့သူလေးပါ ။

မအေးသောင်းက အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့်လည်း အရမ်းနု ပျိုပြီး လှချင်တိုင်းလှနေဆဲ ဖြစ်ပါတယ် ။ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေထိုင်လေ့ရှိတဲ့ မအေးသောင်းက ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်လို့တောင် အထင်မှား နိုင်စရာပါ ။ ဒါ့အပြင် မအေးသောင်း က Tik Tok ကစားရတာကို ကြိုက်နှစ်သက်ပြီး သူများတွေနဲ့မတူတဲ့ပုံစံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ဖန်တီးလေ့ရှိတာလည်းတွေ့ရပါတယ် ။

အခုလည်း ရိုက်ကွင်းမှာ မြင့်မြတ် ကိုပေါက်တို့နဲ့အတူ ဆုံတုန်းလေးခေတ်စားနေတဲ့ သီချင်းလေး ကို အခွီကကွက်တွေကကာ မျက်နှာပြောင်ထားတဲ့ tik tok ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ သုံးယောက်လုံး ကနေတာ အရမ်းရယ်နေရသလို ချစ်စရာ ကောင်းလွန်းတာကြောင့် အခါခါပြန်ကြည့်တိုင်း မရိုးရအောင်ပါပဲနော် ။ ပရိသတ်ကြီးလည်း သူတို့သုံးယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone

zawgyi




Yuan – Cele Zone

Leave a Reply

Your email address will not be published. Required fields are marked *