မြင့်မြတ်ဟာ ဖခင်အရင်း ကို ပစ်ထားတယ် ဆိုတဲ့ ဝေဖန်မှုတွေ အပေါ် ဒဲ့ဖြေရှင်း လာတဲ့ ယုန်လေး

Posted on

ဘယ်သူ ဘာဖြစ်ဖြစ် သူကူညီတယ် .စက်အဖွဲ့ က အရမ်းရင်းတဲ့ လူတွေရော မရင်းတဲ့ လူတွေ ရော ဆေးရုံ တက်တာတို့ .တစ်ခုခု အဆင်မပြေဖြစ်တာတို့ သူကူတယ်။ လူတိုင်း ကို အမြင်မတော်ရင် ကူညီနေတဲ့ မြင့်မြတ် သူအဖေ အမေ အရင်းကို ဘာမှ မလုပ်ပေးဖူးကျေးဇူး မသိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား.သေချာ စဉ်းစား စေချင်ပါတယ် . ဝေဖန်တာ မစောစေချင်ပါဘူး .တစ်လောက လုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ်သိပါတယ် . ချက်ချင်း ဘယ်သူ့မှ ဝင်မပြောကျတာ . မိသားစု ရေးဖြစ်နေလို့ပါ ….။

ကျွန်တော် တိတိကျကျ သိတာ .ကျွန်တော်နဲ့ တွဲပြီး ကူတာတွေ အများကြီးရှိပါတယ် .မပြော တော့ဘူး . အနီးစပ်ဆုံး Covid First waveက ပြောမယ်ဆို PPE သိန်း ၁၃၀ ကျော်ဖိုးလှူတယ် ဆေးရုံးဝန်ထမ်းတွေ အတွက် ၁၀သိန်း ကျွန်တော့်အလှူမှာ ထပ်မတည်တယ် . မရမ်းကုန်းမြို့နယ်မြောက်ဒဂုံမြို့နယ် ဆန် ဆီ ဆား လိုအပ်တာ လှူတယ်….။

ရုပ်ရှင်လောက သားများ အဆင်မပြောဘူးဆိုလည်း သူကူပါတယ် .မြင့်မြတ်က Fb မသုံးဘူး .ပြီးတော့ သူ့အဖေကို ဘယ်အိမ်ဝယ်ပေးလိုက်တယ် .အမေကို ဘယ်ကွန်ဒို ဝယ်ပေးလိုက်တယ် ….။ညီမလေးတွေကို ဘာ ဆိုင်ဖွင့်ပေးလိုက်တယ် …။ သူလူသိအောင် မပြောပြခဲ့ဖူးလေ .အဲ့လိုပြောလို့ အဖေ အမေကို အိမ်ဝယ်ပေးပြီး Fb ပေါ်ပီတိ အဖြစ်နဲ့ တင်တဲ့ သူများကိုလည်းဆော်ကားချင်း မဟုတ်ပါ .ကျွန်တော်တို့ ကိုယ်တိုင်ကြည့်ပြီး အဲ့လိုPost တိုင်းကို ကြည်နူးမိပါတယ် . ..။ Excel မှာ အခန်းဝယ်ပေးတယ် .ရွှေဂုံတိုင်မှာ ကွန်ဒိုဝယ်ပေးတယ် .ဦးအတွက် Crown ဝယ်ပေး တယ် . ညီမလေးတွေ အတွက် လုပ်ချင်တဲ့ အလုပ်လေးတွေသူလုပ်ပေးတယ် . ရင်းနီးပေးတယ် …။လတိုင်း မိသားစုကို ကန်တော့တာ စိတ်ထဲက မှန်းကြည့်ဘယ်လောက်ဖြစ်နိုင်မလဲ .. .မှန်းကြည့်တာ ထက် ၃ ဆလောက်များပါတယ် ….။

လူတိုင်း မှာ အခက်ခဲ နဲ့ ယှဉ်ဆိုင်နေရသလို Covid အချိန်ကာလ မှာ သူလည်း အခက်ခဲပေါင်းများစွာ ရှိပါတယ် . စိတ်ညစ်စရာ များစွာရှိပါတယ် .အဲ့ဒါကြောင့် အရင် Live မလွှင့် Fb မသုံးတဲ့လူ စိတ်ထွက်ပေါက် အနေနဲ့ သူသီချင်းတွေ အော်ဆိုတယ် . ကပြတယ် . အလွတ်ပျော်ပျော်နေတယ်
ပရိတ်သတ်လည်း ပျော်တယ် သူလည်းပျော်တယ် . Live မှာ တွေ့ရတာလည်းဒါသူ ဘဝ ပုံစံပဲ . အထာမရှိဘူး ပေါ့ပါးတယ် . အနုပညာအရည်ချင်း ခမ်းနားတယ် နေတာထိုင်တာ မခမ်းနားဘူး ညပ်ဖိနပ် နဲ့ ဘောင်းဘီတိုပဲ . ဒါပဲလေ …။

သူ့စီမှာလည်း စိတ်ရူပ်စရာတွေ အရမ်းများပါတယ် .သူလူတိုင်းကို မပြောတတ်ဘူး .ကျွန်တော်ပြောလည်း စိတ်ညစ်တာပဲ ရှိမှာပါဆိုပြီး သူပြောနေကျစကား (အချိန်တန်ရင် သူဟာသူဖြစ်သွားလိမ့်မယ်)ပြောပြီး အမြဲတန်း ရီ အဲ့ဒါကြောင့် သူဖုန်းပိတ်ထားတာများပါတယ် . ဘယ်မှလည်း မသွားဘူး . အိမ်မှာပဲ ရှိပါတယ် .ကျွန်တော်တို့ တွေ့ချင် လည်း အိမ်ပဲသွားတာ .အရေးကြီးတဲ့ အချိန် ဆက်မယ်ဆိုလည်းဘယ်သူဆက်ဆက်Manager . နဲ့ သူ့ဘေးနားရှိတဲ့ ညီလေးစီဆက်ရင် မြင့်မြတ်ကိုယ်တိုင် မကိုင်တာမှ မရှိတာ . ဦး Taxi မောင်းတာ လည်း . ကားဝယ်ထဲက နံပတ် အနီဝယ်တာ . အလုပ်မရှိရင် ပျင်းလို့ ဒီတိုင်း မောင်းနေတာ ကျွန်တော့်ကို ဦးကိုယ်တိုင်ပြောဖူးပါတယ် . 🙏

မိသားစု တွေ နားလည်မူ့ ခဏ လွှဲတယ်လို့ပဲမြင်ပါတယ် .သင်ခန်းစာလေး တစ်ခုက တော့ ဘာပဲဖြစ်ဖြစ် Media ကို သွားမဖြေရှင်း ဖို့ပါပဲ .မြင့်မြတ် အဖေ ကို အကူညီတောင်းခံတဲ့လူအသွင် ဖြစ်အောင် . နောက်ခံတီးလုံးတွေ Edit တွေနဲ့Drama ခင်းထားတော့ မြင့်မြတ်ကိုပိုပြီး အထင်ဝိုင်းဆောင်းကျတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ် .(အကူညီတောင်းခံတဲ့ လူတန်းစားများကိုလည်း စော်ကားချင်းမဟုတ်ပါ) 🙏

ထင်ရာတွေ လျောက်ဝေဖန်နေတဲ့ လူများကိုတော့ထင်သလို မဟုတ်ပါဖူး လို့ပဲ အတိကျပြောချင်ပါ တယ်ခင်ဗျ .ကျွန်တော်လည်း ဘယ်ကိစ္စမှ မပါတော့တာကြာပါပြီ.မြင့်မြတ်ကိစ္စကတော့ ဘာဖြစ်နေနေ ကျွန်တော်တို့ သူ့ဘက်က အပြည့်ဝ ရပ်တည်ပြီးသားပါ .တကယ်လည်း ကျွန်တော် ပြောတာတွေ အမှန်တရားတွေကြီးပါပဲ .အားလုံး ကျေးဇူး တင်ပါတယ် 🙏🙏🙏🙏🙏မြင့်မြတ်က နာမည် နဲ့ လိုက်အောင် မြင့်မြတ်ပါတယ် အားလုံး Peace …ဆိုပြီး ယုန်လေး ရဲ့ ဖေ့ဘုတ်စာမျက်နှာ အသေးစိတ်ရေးသားထားတာတွေ့ရပါတယ်။

Source : Yone Lay

Leave a Reply

Your email address will not be published. Required fields are marked *