မြင့်မြတ်လှ တဲ့ တပ်မတော်ကြီး ကို ပြည်သူတွေ အနေဖြင့် မတူရင်သွား မတုပါ နဲ့လို့ သတိပေး လာ တဲ့ မင်းအုပ်စိုး

Posted on

မတူရင် မတုနဲ့ ဆိုတဲ့စကားပုံက ကျွန်တော် တို့ရဲ့မြန်မာပြည်မှာ နှစ်ပေါင်း များစွာရှည်ကြာလာတဲ့အထိ

အခိုင် အမာရှိနေခဲ့တဲ့စကားပုံ တစ်ခုပါ နှစ်ပေါင်း များစွာကြာသည့်တိုင်အောင် အခိုင်အမာ ရှိနေတယ်ဆိုကတည်းက

အဲ့ဒီစကားပုံဟာ ရာခိုင်နှုန်းပြည့်မှန်တဲ့ အတွက်..မြန်မာနိုင်ငံကြီးမှာ မွေးဖွာရှင်သန်လူလားမြောက်လာကြတဲ့လူတွေအားလုံး

လက်ခံယုံကြည်လာခဲ့ကြတာပေါ့မတူရင်မတုနဲ့ဆိုတဲ့စကားက သိပ်အများကြီး စဉ်းစားနေရမယ့်စကားမျိုး

ရှည်ရှည်ဝေးဝေးတွေးနေရမယ့်စကားမျိုး အနက်အဓိပ္ပာယ်ကို ခေါင်းစားခံပြီး.. ကြံဆဖော်ထုတ်ရမယ့်စကားမျိုးမဟုတ်ပါဘူး

မတူရင်မတုနဲ့ဆိုတာ ရိုးရိုးလေးပါဗျာ မတူရင်မတုနဲ့ပေါ့ မတူတာ ကိုသွားတုရင် ဘာဖြစ်တက်သလဲဆိုတာကိုအလွယ်ဆုံးနဲ့

အတိုဆုံးပြောပြရရင် အရာအားလုံး ပျ က် စီး တက်တာ ပေါ့ဗျာ…အင်အားချင်းမတူတာကိုသွားတုရင် အရည်အချင်း ချင်းမတူတာကို

သွားတုရင် ခံနိုင်ရည် ခံနိုင်စွမ်းမတူတာကိုသွားတုရင် တောင့်တင်းကြံ့ခိုင်သန်မာတာခြင်းမတူတာကိုသွားတုရင်

အတွေ့အကြုံခြင်းမတူတာကိုသွားတုရင် တို က် ရ ည် ခို က် ရ ည်မတူတာခြင်းကို..သွားတုရင် သွားတုကြတဲ့သူတွေပဲ

အလုံးစုံပျက် သု ဉ်း ခြင်းဆိုတဲ့ဘူတာရုံအအိုအဟောင်းလေးထဲမှာတန်းစီပြီးတွဲ ထိုးထားကြရမှာပါ။

အခြားသောတိုင်းပြည်တွေရဲ့နိုင်ငံရေးဖြစ်စဉ်ကိုတော့ အသေအချာအတိ အကျမသိတာကြာင့် ကျွန်တော် ရေးမပြတော့ပါဘူး..

ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်အကြောင်းကတော့အတိအကျအသေအချာသိတာကြောင့် ရေး ပြရဲပါတယ် ။

ကျွန်တော်တိုမြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားခဲ့တာ ကျွန်တော်တို့ တိုင်းပြည်ကြီးဒီ မို ကရေစီတိုင်းပြည်တစ်ခုအဖြစ် အသွင်ပြောင်းလဲ..

လာခဲ့တာဟာ ဘယ်ကောင်တွေ ဘယ်ကောင်မတွေမှတို က် ယူပေးခဲ့လို့ရခဲ့တာမဟုတ်ပါဘူး ဗိုလ်ချုပ်ကြီးနေဝင်းပြန်ဖွင့်ပေးလိုက်တဲ့

ဒီမိုကရေစီလမ်းအူကြောင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကစနစ်တကျနဲ့ အချိန်ယူ လမ်း ဖော က်ပေးခဲ့ပြီး ဗိုလ်ချုပ်ကြီးသိန်းစိန်က..

အဲ့ဒီလမ်းကြောင်းပေါ်မှာပထမဦးဆုံးစမောင်းခဲ့ပြီးမှကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဒီမိုကရေစီလမ်း ကြောင်းပေါ်

တည်တည်ငြိမ်ငြိမ်ဖြောင့်ဖြောင့်တန်းတန်းစလျှောက်ခွင့်ရလာတာပါ…ကျွန်တော်တို့ရဲ့မြန်မာ နိုင်ငံတော်ကြီးဒီမိုကရေစီနိုင်ငံတော်အဖြစ်..

ရှင်သန် ပေါ က်ဖွားခွင့်ရလာတာဟာဒေါ်အောင်ဆန်းစုကြည်ကြောင့်မဟုတ်သလိုတခြားသော လ က် န က်ကိုင်

အဖွဲ့အစည်းတွေကြောင့်လည်းမဟုတ်ပါဘူးမြန်မာ နိုင်ငံကြီး ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်ရလဲတည်ရှိခွင့်ရလာတဲ့နေရာမှာ အဓိကကျတဲ့ ပဲ့ကိုင်ရှင်တွေကို..

ပြောပါဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မြန့်မာတပ်မတော်ပါပဲ အဲ့ဒီစကားကိုမယုံ ကြည်ဘူးလက်မခံဘူးဆိုရင်လည်း

နေပြည်တော်အပါ အဝင်တိုင်းနဲ့ပြည်နဲ့အားလုံးမှာရှိနေကြတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ပတ်သတ်တဲ့အဆောက်အဦးတွေကို..

ဘယ်သူတွေက တည်ဆောက်ပေးခဲ့သွားသလဲဆိုတာလေ့လာကြည့်ရင်သိနိုင်ပါတယ် ဒါကဥပမာတစ်ချက်ပဲပေးပြတာပါ

စာသိပ်ရှည်နေမဆိုးလို့လိုရင်းကိုပဲတန်းပြောလိုက်ပါတော့မယ် မြန်မာနိုင်ငံတော်ကြီးရဲ့ဖြစ်တ ည်မှုမှာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းကြောင်းမှာ…

မြန်မာ့တပ်မတော်ကြီးရဲ့ ကူညီထောက်ပံ့ဝန်းရံပေးမှုတွေက ထုထည်ကြီးကြီး နဲ့ကိုတည်ရှိခဲ့တာပါ…အခုလက်ရှိအခြေနေမှာတပ်မတော်ကြီးကို

မို က် မို က်ရိုင်းရိုင်း ဆဲရမှ အသက်ခြောက်ဆယ်ကျော်နေတဲ့ကာကွယ် ရေးဦးစီးချုပ်ကြီးကိုမိုက် မိုက် ရိုင်းရိုင်းပြောလိုက်ရမှ..

ရဲရဲနီတဲ့နိုင်ငံရေးသမားလို့ ရူး ကြော င် ကြော င်နဲ့ သဘော ပေါ က်နေကြတဲ့ လူမျိုးတွေအတော့်ကိုများပါတယ်

တပ်မတော်ကြီးကို ပြိုကွဲ ပျ က်စီး သွားအောင်လည်းနည်းမျိုး စုံနဲ့လုပ်ဆောင်နေကြပါတယ်… ဟုတ် ကဲ့ ကျွန်တော်ပြောချင်တဲ့အချက်လာပါပြီ…

မြန်မာတပ်မတော်ကြီးရဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုခင်ဗျားတို့အနေနဲ့ မုန်းတီး ရွံ ရှာလွန်းလို့ဝိုင်း ဆဲ့တာကြောင့်

အဆဲ ဒဏ်ပိပြီး တပ်ချုပ်ကြီး သေသွား ခဲ့ရင်တောင်မြန်မာ့ တပ်မတော်ကြီးကဘာတစ်ခုမှ ယိမ်းယိုင်ပျက် စီးသွားမှာ..မဟုတ်ပါဘူး

တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် သာအသက်ကြီးလာတာကြောင့်လူကြီး ရော ဂါ နဲ့ေ သဆုံးသွားခဲ့မယ်ဆိုရင်

NLDပါတီဆိုတာဟာ လမ်းမပေါ် ပြုတ်ကျတဲ့ ကြက် ဥထုပ် ကို ကွန်တိန်နာကတက် အကြိပ်ခံ ရတဲ့ဘဝမျိုး တစ်ပတ်အတွင်း..

ရောက်သွား လိမ့်မယ်ဆိုတာသေချာပါတယ်ဗျာ…အဲ့ဒါကြောင့်မို့တပ်ချုပ်ကြီး နဲ့တပ်မတော်ပေါ်မှာအဆဲပေါင်းစုံ

မိုက်ရို င်းနည်းပေါင်းစုံနဲ့ကမ်းကုန်နေကြတဲ့ခင်ဗျားတို့တစ်တွေကိုပြောချင်တာက

မတူတဲ့အဖွဲ့အစည်းနှစ်ခုကိုတူနေသရောင်ရောင်စိတ်ကြီးဝင်ပြီးမတုကြပါနဲ့လား..မတူရင် မတုကြပါနဲ့လားဗျာ…. ။ ။..

Leave a Reply

Your email address will not be published. Required fields are marked *